ဒုစစ်ခေါင်းဆောင်ကို ဦးတည်သည့် ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိဟုဆို

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်ရန် ရောက်ရှိနေသည့် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းအား ဦးတည်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုဖြစ်သည့် Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်) ညပိုင်း ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဗိုလ်ကြီးကောင်းဖော် DSA (၆၇ ) အပါအဝင် စစ်သား ၆ ဦး ပွဲခြင်းပြီးသေဆုံးပြီး၊ တပ်ကြပ်ကြီး အပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒုစစ်ခေါင်းဆောင် စိုးဝင်း လာမယ်သတင်းရလို့ စီစဉ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှု များတယ်လိုတော့ ကနဦးသိထားရပါတယ်။ ပြည်နယ်ခန်းမ ကို ၅ လုံး၊ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လွိုင်ကော်) ကို ၂ လုံး။ စစ်ကောင်စီဘက်ကလည်း ချက်ချင်း ၁၂၀ မမ နဲ့ တန်ပြန်ပစ်ပြီး ညဘက်လေယာဉ်နဲ့လည်း ကြဲပါတယ်” ဟု Brave Warriors for Myanmar (BWM)အဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

လွိုင်ကော်မြို့ ကယားပြည်နယ် ခန်းမ၌ ပြုလုပ်သည့် ဒုစစ်ခေါင်းဆောင်စိုးဝင်း တက်ရောက်သည့် ညစာစားပွဲ ခန်းမကို ဦးတည်၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး၊ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-လွိုင်ကော်) အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်ခဲ့သည့် အနက် ၆ လုံးအောင်မြင်စွာပစ်ခတ် နိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးမှု မြေပြင် အခြေအနေကိုမူ သျှမ်းသံတော်ဆင့်က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ ညက လွိုင်ကော်မြို့တွင် နှစ်ဖက်ပစ်ခတ်သံများ ကြားရပြီး ယနေ့ (ဇန်နဝါရီ ၁၅) ရက် နံနက်ပိုင်း အထိ စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကလည်း တညလုံးပစ်တယ်၊ နှစ်ဖက် အပြိုင်ပစ်ခတ်မှုတွေ ဖြစ်နေတာ။ ပြီးတော့ ဒီနေ့ မနက် ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က ပြန်စ ပစ်တယ်။ နံနက် ၇ နာရီခွဲဝန်းကျင်လောက်မှာတော့ ပြန်ငြိမ်သွားတာပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိ ကယားပြည်နယ် တခုလုံး စစ်‌ဘေး ကြုံတွေ့နေရပြီး လူသားစာနာမှု နှင့် အကူအညီများလိုအပ်နေစဉ်စစ်ကောင်စီက (၇၃) နှစ်မြောက် ကယားပြည်နယ် နေ့ အခမ်းအနား ကျင်းပနေစဉ် ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မုံရွာမြို့ အခြေစိုက် နမခ စစ်ဌာနချုပ်သို့ ရောက်ရှိစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

အလားတူ မော်လမြိုင်မြို့ ရောက်ရှိစဉ်ကလည်း ဒရုန်းဖြင့် တိုက်ခိုက် ခံရ၍ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သေးသည်။

ယခု တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...