ရွှေနှင့် ဒေါ်လာ ဈေးတက်၍ လူ ၂၆ ဦး ဖမ်းဆီးခံရ၊ ဈေးနှုန်းဖော်ပြသည့် Facebook အကောင့် ၂၆ ခု အရေးယူမည်ဆို

ရွှေနှင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ရောင်းဝယ်သည် ဆိုသည့် သံသယဖြင့် လူ ၂၆ ဦးကို ဖမ်းဆီး စစ်ဆေးနေရာ လူ ၉ ဦးကို အမှုဖွင့် အရေးယူထားပြီး ၆ ဦးကို တရားစွဲဆိုထားကာ Facebook အကောင့်နှင့် ဂရု ၂၇ ခုကို အရေးယူမည်ဟု စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်) တွင် ထုတ်ပြန်သည်။

လအတန်ကြာ ငြိမ်နေသည့် ပြည်တွင်း ရွှေနှင့် ဒေါ်လာစျေး ပြီးခဲ့သည့် သီတင်းပတ်မှ စတင်၍ တဖြေးဖြေး ပြန်လည်မြင့်တက်လာရာ ယမန်နေ့ တစ်ဒေါ်လာ ၄၄၀၀ ဝန်းကျင်မှ ၄၆၀၀ ဝန်းကျင်၊ အခေါက်ရွှေ ဈေးနှုန်း ကျပ်သိန်း ၆၀ ကျော်မှ ကျပ် ၆၅ သိန်း ၂ သောင်းအထိ အထိ မြင့်တက်လပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးသည့် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“နိုင်ငံတကာ ရွှေဈေးကလည်း တက်နေတယ်။ တိုင်းပြည် စစ်ဖြစ်နေတာက ပိုဆိုးလာတယ်။ အဲတော့ ရွှေပြန်ကိုင်ကြတဲ့ သဘောပါပဲ။ ခုရက်ပိုင်း လက်ငင်းဝယ်တာ များလာတယ်။ အရင်လို ဈေးထိုးတက်တာမျိုးတော့ ဖြစ်မယ်မထင်ဘူး။ တဖြည်းဖြည်း ဆက်တက်မယ်ထင်တာပဲ။ သင်္ကြန်ကာလ မတိုင်ခင်အထိ ဆွဲတက်သွားမယ် ထင်တယ်” ဟု ရန်ကုန် အခြေစိုက် ဝါရင့် ရွှေကုန်သည် တဦးက ပြောသည်။

ယခင်ကာလများကလည်း ရွှေနှင့် ဒေါ်လာဈေးတက်တိုင်း ကုန်သည်နှင့် လူမှုကွန်ရက် အသုံးပြု ရောင်းဝယ်သူများကို ဖမ်းဆီးလေ့ရှိသည့် စစ်ကောင်စီသည် ယခုအခါ Facebook ဂရု ၁၂ ခု၊ Facebook ပေ့ ၅ ခုနှင့် လူပုဂ္ဂိုလ် အကောင့် ၁၀ ခုတို့ကို အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် လိုင်စင်ရ ငွေလဲ ကောင်တာများကို စစ်ဆေးမည်ဖြစ်ပြီး တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်သည်ဟု ကျော်ဇောသူများနှင့် လုပ်ကိုင်သူများကို ဖမ်းဆီး စစ်ဆေး အရေးယူမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) နံနက်ပိုင်း ပြင်ပ စျေးကွက်၌ အခေါက်ရွှေဈေး တစ်ကျပ်သား ၆၅ သိန်းကျော် ရှိခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၄,၆၀၀ ကျော် ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က ပြင်ပ အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ်သိန်း ၆၀ ကျော်ဝန်းကျင်နှင့် တစ်ဒေါ်လာ ကျပ် ၄,၄၄၀ ဝန်းကျင်သာ ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက တစ်ဒေါ်လာ ကျပ် ၇,၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပြီးနောက် အရောင်းအဝယ် သမားများကို ဖမ်းဆီးခံရပြီး ငွေလဲကောင်တာ ၁၉၄ ခု လုပ်ငန်း လိုင်စင် ပိတ်သိမ်းခံခဲ့ရသည်။

ယခုနှစ် ဆန်းပိုင်းကစ၍ ပို့ကုန်၊ သွင်းကုန် အခွန်နှုန်းကို ယခင် သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂,၁၀၀ကျပ် အစား တစ်ဒေါ်လာ ၃,၅၈၀ ကျပ်ဖြင့် ကောက်ခံမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...