ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေး အပစ်ရပ်(၇)ဖွဲ့ 7 EAO Alliance ဆွေးနွေး

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) တွင် NCA လက်မှတ်ရေးထိုးပြီး အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့တို့၏ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ် အပါအဝင် ၂၀၂၅ နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ အဖွင့်မိန့်ခွန်းမှာ အရင်တိုင်းပဲ အလုပ်ဆက်လုပ်နေရင် ၂၀၂၅ ခုနှစ်ထဲ ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ လိုက်မမီဘဲ ဖြစ်မယ်၊ လုပ်နည်းလုပ်ဟန် အားလုံးပြောင်းလဲဖို့ လိုကြောင်း ပြောတယ်။ ဒီနှစ်မှာ ဘာတွေလုပ်မယ်ဆိုတာ ဆွေးနွေးကြတယ်”ဟု ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အစည်းအဝေးသို့ 7 EAO Alliance ဦးဆောင်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုအဖွဲ့ခေါင်းဆောင်ဖြစ်သူ NMSP ဒုဉက္ကဋ္ဌ နိုင်အောင်မင်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အသီးသီးမှ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

“အိမ်နီးချင်းနဲ့ နိုင်ငံတကာမှာ စိုးရိမ်နေတာက အတိုက်အခံ ဘက်ကလည်း SAC ကို အပြုတ်တိုက်ဖို့ပဲ ပြောနေတယ်၊ တိုက်ပြီးသွားရင်လည်း အားလုံးတစုတစည်းထဲ ဖြစ်နိုင်မလားဆိုတာ ဒီအချက်ကို စိုးရိမ်နေတာ။ တစုတစည်းထဲ မဖြစ်ရင် ဒီနိုင်ငံက ပြိုကွဲသွားနိုင်တယ်ဆိုတာမျိုး မြင်တာပေါ့။ ဒါကြောင့် အပြောင်းအလဲဖြစ်ရင် ငါတို့လည်း အားလုံးနဲ့ တသားတည်း တစုတစည်းထဲ ဖြစ်တယ်ဆိုတာ ပြနိုင်ရမယ်၊ အဲ့ဒါမှပဲ အိမ်နီးချင်းနဲ့ အာဆီယံ၊ UN တို့လည်း စိတ်သက်သာရာရမယ်”ဟု အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုကြောင်း သိရသည်။

ထို့အပြင် အစည်းအဝေး၌ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုရင်ဆိုင်နေရသော လူမှုဒုက္ခမျိုးစုံတို့ကို သုံးသပ်ကာ လက်ရှိနိုင်ငံရေး အကြပ်အတည်းမှ လွတ်မြောက်ရန်အတွက် သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးနှင့် EAO များအတွင်း ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုရရှိလာစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယမန်နှစ် ၂၀၂၄ မတ်လတွင် NCA လက်မှတ်ထိုး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့မှ စုဖွဲ့မှုပုံစံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည့် 7 EAO Alliance မဟာမိတ်အဖွဲ့တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ(NMSP) တို့ ပါဝင်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...