တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်ထဲ စစ်ကောင်စီ ဗုံးကြဲ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံထိခိုက်ပျက်စီးသွားခဲ့ကြောင်း PNLA မှ ယနေ့ (ဇန်နဝါရီ ၁၅)ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီလ ၁၄ ရက်) ညနေ ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး နောင်ထောဝ် ရဲစခန်း အပါအဝင် ဓမ္မာရုံတစ်ခု ပျက်စီးသွားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲသောကြောင့် လူထိိခိုက်မှုမရှိသော်လည်း ဒေသခံအများစု ထပ်မံစစ်ဘေးရှောင်နေရသည်ဟု ဆီဆိုင် စစ်ရှောင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက တော်တော်များများ စစ်ကြိုရှောင်နေကြပြီ။ နောင်ထောဝ်မှာ ဗုံးကြဲတာက လူတော့ မထိခိုက်ဘူး။ မနေရဲဘူး ။ကြောက်တယ်။ခုက ရွာကို ပြန်လာတာ ၄ လမပြည့်သေးဘူး။ထပ်ပြေးရနေရပြီ။ အပေါ်က ကြဲမှာကို ပိုကြောက်နေရတယ်။” ဟု အဆိုပါ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် အတွင်းပျက်စီးသွားသည့် အဆောက်အဉီး

အဆိုပါ နောင်ထောဝ်ကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်စခန်းနှင့် နီးသည့်အတွက် ပအိုဝ်းပြည်သူ့စစ် (PNO)က စစ်ကောင်စီကို ဗုံးကြဲခိုင်းခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

“နောင်ထောဝ်က PNLO တပ်စခန်းနဲ နီးတယ်။ အဲကြောင့် ဂိတ်တွေ ဘာတွေ ရှိတယ် အထင်နဲ့ ကြဲတာထင်တယ်။ ပြီးတော့ PNO က အဲနေရာမှာ PNLO များတယ်ဆိုပြီး ကြဲခိုင်းတာလည်း ဖြစ်နိုင်တယ်။မဲနယ်တောင်က ပင်လျံကျေးရွာ ကို PNO ကနေ ကြဲခိုင်းတာ အဲတုန်းကလည်း အဲလိုပဲ။ အဲတုန်းက တရွာလုံး ပြာကျတယ် ဘုန်ကြီးကျောင်းအပါအဝင် လူတော့ မထိဘူး။ အကုန်ရှောင်ထားချိန်ဖြစ်တော့ ကံကောင်းသွားတယ်။” ဟု ပအိုဝ်းအမျိုးလူငယ် တက်ကြွလှုပ်ရှားသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပအိုဝ်းပြည်သူ့စစ်(PNO)က ပအိုဝ်းပြည်သူများကို ခြိမ်းခြောက် ငွေတောင်းခြင်း၊ အတင်းစစ်သားစုဆောင်းခြင်းအပြင် ညင်းပန်းသတ်ဖြတ်မှုများ လုပ်ဆောင်ခြင်းကြောင့် ပအိုဝ်းဒေသကို ကာကွယ်ပေးသည့် အဖွဲ့အစည်းဟု သတ်မှတ်၍ မရကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁)ရက်နေ့တွင်လည်း ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီ ကဗုံးကြဲတိုက်ခိုက်ခဲ့ကာ တောင်ယာမှ ပြန်လာသည့် ဒေသခံအမျိုးသမီး( ၃) ဦးအနက် သားအမိ( ၂) ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီး (၁) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...