ကျေးသီးမြို့နယ် စစ်ကောင်စီ နှင့် SSPP စစ်မှုထမ်းအတွက် အပြိုင်အဆိုင်လူသစ်စုဆောင်း

သျှမ်းပြည် ကျေးသီးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် SSPP/SSA တို့မှ စစ်မှုထမ်းရန် အပြိုင်အဆိုင် လူသစ်စုဆောင်းနေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး ကျေးသီးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ စစ်မှုထမ်းရန် အပြိုင်အဆိုင် လူသစ်စုဆောင်းနေပြီး SSPP မှ မြို့ပေါ်ရပ်ကွက် နေအိမ်တိုင်းရှိ အိမ်ထောင်စုစာရင်းများကို ၎င်းတို့ထံ သွားရောက်ပြသခိုင်းကြောင်း ဒေသခံများက ပြောသည်။

“SSPP စစ်သားထပ်ကောက်နေတာ ပြည်သူက တော်တော်ဒုက္ခရောက်နေပြီ။ ဒီတခေါက် သူတို့လူစုတာ မရလို့ အခု ရပ်ကွက်တိုင်းက အိမ်ထောင်စုစာရင်းကို သူတို့ဆီ ယူသွားပြရတယ်။ သွားမပြတဲ့ ရပ်ကွက်ကို ၅ ရက်အတွင်း ဝင်ဖမ်းမယ်လို့တော့ ကြားတယ်၊ တကယ်လုပ်မှာလား ခြောက်လန့်တာလား မသိသေးဘူး”ဟု ကျေးသီးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီး

ကျေးသီးမြို့ပေါ် ရပ်ကွက်များအတွင်း စစ်မှုထမ်းရန် SSPP မှ တပ်သားသစ်စုဆောင်းနေခြင်းနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းရန် သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို SSPP ထံ အိမ်ထောင်စုစာရင်းများ သွားရောက်ပြသခြင်း မပြုရန် အစည်းအဝေး ခေါ်ယူပြီး တားမြစ်ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။

အလားတူ ကျေးသီးမြို့ပေါ် ရပ်ကွက် (၆) ခုမှ အုပ်ချုပ်ရေးမှူးများလည်း စစ်ကောင်စီနှင့် SSPP နှစ်ဘက်ကြားညပ်နေခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ နှုတ်ထွက်စာ တင်ထားသော်လည်း ခွင့်မပြုခြင်းကြောင့် အချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“အသစ်ရောက်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ရပ်ကွက်ဥက္ကဋ္ဌနဲ့ အစည်းအဝေးခေါ်ပြီး ဘယ်သူမှ အိမ်ထောင်စုစာရင်း သွားမပေးရဘူးလို့ တားတယ်။ တစ်ဖက်ကလည်း SSPP က မလာမနေရဆိုပြီး လုပ်တယ်။ ရပ်ကွက် (၆) ခုစလုံး ဥက္ကဋ္ဌတွေ နှုတ်ထွက်စာတင်တာ မြို့နယ်မှူးက လက်မှတ်မထိုးပေးဘူး။ တစ်ယောက်ကတော့ ထိုင်းဘက် ထွက်ပြေးသွားပြီ”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၄ မတ်လအတွင်းကလည်း ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်ခိုင်းခဲ့ရာ SSPP ဌာနချုပ်အနီးရှိ ကျေးရွာများလည်း ပါဝင်ကြောင်း ကျေးသီးမြို့ ဒေသခံများက ပြောသည်။

ကျေးသီးမြို့နယ်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခလရ-၁၃၁၊ မိုင်းနောင်မြို့တွင် စကခ-၂၊ ခလရ-၉ နှင့် ခလရ-၂၈၆ တပ်ရင်းတို့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်လည်း အခြေစိုက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...