PNLA စစ်သုံ့ပန်း (၅)ဦးကို မသတ်ဖြတ်ကြောင်း PNO ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီဆုံ ကျေးရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် PNLA ၏စစ်သုံ့ပန်း (၅)ဦးကို PNOက သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲတွင် ကျဆုံးသည်ဟု PNOမှ ငြင်းဆိုသွားခဲ့သည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) နေ့ ညနေပိုင်းတွင် ထီဆုံ ကျေးရွာအနီး တိုက်ပွဲ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ဖက်မှ စစ်သုံ့ပန်း (၅) ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဖမ်းဆီးခဲ့ပြီး (၁၃ ) ရက်နေ့ တွင် သတ်ဖြတ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ယမန်နေ့ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် သျှမ်းသံတော်ဆင့်မှ PNO အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ ဟုတ်တယ်။ တိုက်ပွဲမှာတော့ PNLA ဖက်က (၅) ဦးကို အရှင်ဖမ်းမိထားတယ်။” ဟု ဖြေကြားခဲ့သည်။

PNLA စစ်သုံ့ပန်း ၅ဉီး PNO သတ်ဖြတ်

သို့သော် ယနေ့ (ဇန်နဝါရီလ ၁၅ရက်) နေ့တွင် စစ်သုံ့ပန်းများ သတ်ဖြတ်ခံသည်နှင့် ပတ်သက်ပြီး PNO အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ သတ်ဖြတ်ခြင်း မဟုတ်ကြောင်းနှင့် တိုက်ပွဲမှာ ကျဆုံးသွားကြောင်း ပြောဆိုခဲ့သည်။

“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားရင်း သူတို့က သေဆုံးသွားကြတာ။ မနေ့က အရှင်ဖမ်းမိတယ်လို့ ဖြေတာက ဒီလိုရှိတယ် အခုက တိုက်ပွဲမှာ ကျတာတဲ့။ အဲဒီပုံတွေက ကြာပြီရိုက်ထားတာ။ ကျနော်တို့ PNOမှာ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာမရှိဘူး။ သတ်ဖြတ်ခဲ့ရင်လည်း ဥပဒေအရ အရေးယူရမယ်။” ဟု PNO အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO က စစ်သုံးပန်း (၅)ဦးကို ဖမ်းဆီးရမိသည့် ဓာတ်ပုံကို (ဇန်နဝါရီလ ၁၃ ရက်) နေ့ ဆိုရှယ်မီဒီယာ တွင် ထုတ်ပြန်ထားပြီး ဓာတ်ပုံမှတ်တမ်းအရ (ဇန်နဝါရီလ ၁၃ ရက်) နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးနေသည့် ဓာတ်ပုံကို PNO ဖက်မှ တဖန်ထုတ်ပြန်လာခြင်း ဖြစ်သည်။

PNLA စစ်သုံ့ပန်း ၅ဉီး PNO သတ်ဖြတ်

ယခုကဲ့သို့ ပအိုဝ်းလူမျိုးအချင်းချင်း သတ်ဖြတ်မှုသည် PNO ဖက်မှ စစ်ကောင်စီအလိုကျ လိုက်လုပ်ပေးနေခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ အကျိုးစီးပွားကို PNOက အသက်နှင့် ကာကွယ်နေခြင်းသာ ဖြစ်ကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

“ ကိုယ့်လူမျိုး အချင်းချင်း တစ်ရက်တောင် မခြားဘဲ သတ်လိုက်တယ် ဆိုကတည်းက PNO က စစ်ကောင်စီ ရဲ့ အလိုကျ လုပ်နေတာ။ အကျိုးစီးပွားကို ပအိုဝ်းပြည်သူအသက်တွေ နဲ့ကာကွယ်နေတာ။ PNO မှာ ဦးဆောင် နေသူက ပအိုဝ်းမဟုတ်ဘူးလားဆိုတာ သံသယ ဝင်မိတယ်။ အဲလိုဆိုရင်တော့ PNO က ပအိုဝ်းအဖွဲ့အစည်းလို့ မခံယူသင့်ဘူး။” ဟု ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး PNLAဘက် ပြောရေးဆိုခွင့်ရှိသူကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း သော်လည်း မရရှိခဲ့၊ သို့သော် PNLA က ယမန်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထွက်ပေါ်လာသည်။

ထိုထုတ်ပြန်ချက်တွင် PNLA တပ်ဖွဲ့သည် အာဏာရှင်စနစ်အား တိုက်ခိုက်နေသည်ဖြစ်သောကြောင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို စစ်ဥပဒေအရ ထိန်းသိမ်း စောင့်ရှောက်ထားပြီး PNO ဖက်မှ စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိပဲ PNLA၏ စစ်သုံ့ပန်း (၅)ဦးက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပအိုဝ်းလူမျိုးအချင်းချင်းသည် PNLA၏ ရန်သူမဟုတ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်သည် သာလျှင် တစ်တိုင်းပြည်လုံး၏ ရန်သူဖြစ်ကြောင်း PNLA မှ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် ကျေးရွာသို့ အလည်ပြန်သည့် PNLA ရဲဘော်(၅) ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ဖူးကြောင်း PNLA ကအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...