Wednesday, January 28, 2026

PNLA စစ်သုံ့ပန်း (၅)ဦးကို မသတ်ဖြတ်ကြောင်း PNO ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီဆုံ ကျေးရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် PNLA ၏စစ်သုံ့ပန်း (၅)ဦးကို PNOက သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲတွင် ကျဆုံးသည်ဟု PNOမှ ငြင်းဆိုသွားခဲ့သည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) နေ့ ညနေပိုင်းတွင် ထီဆုံ ကျေးရွာအနီး တိုက်ပွဲ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ဖက်မှ စစ်သုံ့ပန်း (၅) ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဖမ်းဆီးခဲ့ပြီး (၁၃ ) ရက်နေ့ တွင် သတ်ဖြတ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ယမန်နေ့ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် သျှမ်းသံတော်ဆင့်မှ PNO အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ ဟုတ်တယ်။ တိုက်ပွဲမှာတော့ PNLA ဖက်က (၅) ဦးကို အရှင်ဖမ်းမိထားတယ်။” ဟု ဖြေကြားခဲ့သည်။

PNLA စစ်သုံ့ပန်း ၅ဉီး PNO သတ်ဖြတ်

သို့သော် ယနေ့ (ဇန်နဝါရီလ ၁၅ရက်) နေ့တွင် စစ်သုံ့ပန်းများ သတ်ဖြတ်ခံသည်နှင့် ပတ်သက်ပြီး PNO အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ သတ်ဖြတ်ခြင်း မဟုတ်ကြောင်းနှင့် တိုက်ပွဲမှာ ကျဆုံးသွားကြောင်း ပြောဆိုခဲ့သည်။

“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားရင်း သူတို့က သေဆုံးသွားကြတာ။ မနေ့က အရှင်ဖမ်းမိတယ်လို့ ဖြေတာက ဒီလိုရှိတယ် အခုက တိုက်ပွဲမှာ ကျတာတဲ့။ အဲဒီပုံတွေက ကြာပြီရိုက်ထားတာ။ ကျနော်တို့ PNOမှာ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာမရှိဘူး။ သတ်ဖြတ်ခဲ့ရင်လည်း ဥပဒေအရ အရေးယူရမယ်။” ဟု PNO အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO က စစ်သုံးပန်း (၅)ဦးကို ဖမ်းဆီးရမိသည့် ဓာတ်ပုံကို (ဇန်နဝါရီလ ၁၃ ရက်) နေ့ ဆိုရှယ်မီဒီယာ တွင် ထုတ်ပြန်ထားပြီး ဓာတ်ပုံမှတ်တမ်းအရ (ဇန်နဝါရီလ ၁၃ ရက်) နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးနေသည့် ဓာတ်ပုံကို PNO ဖက်မှ တဖန်ထုတ်ပြန်လာခြင်း ဖြစ်သည်။

PNLA စစ်သုံ့ပန်း ၅ဉီး PNO သတ်ဖြတ်

ယခုကဲ့သို့ ပအိုဝ်းလူမျိုးအချင်းချင်း သတ်ဖြတ်မှုသည် PNO ဖက်မှ စစ်ကောင်စီအလိုကျ လိုက်လုပ်ပေးနေခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ အကျိုးစီးပွားကို PNOက အသက်နှင့် ကာကွယ်နေခြင်းသာ ဖြစ်ကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

“ ကိုယ့်လူမျိုး အချင်းချင်း တစ်ရက်တောင် မခြားဘဲ သတ်လိုက်တယ် ဆိုကတည်းက PNO က စစ်ကောင်စီ ရဲ့ အလိုကျ လုပ်နေတာ။ အကျိုးစီးပွားကို ပအိုဝ်းပြည်သူအသက်တွေ နဲ့ကာကွယ်နေတာ။ PNO မှာ ဦးဆောင် နေသူက ပအိုဝ်းမဟုတ်ဘူးလားဆိုတာ သံသယ ဝင်မိတယ်။ အဲလိုဆိုရင်တော့ PNO က ပအိုဝ်းအဖွဲ့အစည်းလို့ မခံယူသင့်ဘူး။” ဟု ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး PNLAဘက် ပြောရေးဆိုခွင့်ရှိသူကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း သော်လည်း မရရှိခဲ့၊ သို့သော် PNLA က ယမန်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထွက်ပေါ်လာသည်။

ထိုထုတ်ပြန်ချက်တွင် PNLA တပ်ဖွဲ့သည် အာဏာရှင်စနစ်အား တိုက်ခိုက်နေသည်ဖြစ်သောကြောင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို စစ်ဥပဒေအရ ထိန်းသိမ်း စောင့်ရှောက်ထားပြီး PNO ဖက်မှ စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိပဲ PNLA၏ စစ်သုံ့ပန်း (၅)ဦးက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပအိုဝ်းလူမျိုးအချင်းချင်းသည် PNLA၏ ရန်သူမဟုတ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်သည် သာလျှင် တစ်တိုင်းပြည်လုံး၏ ရန်သူဖြစ်ကြောင်း PNLA မှ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် ကျေးရွာသို့ အလည်ပြန်သည့် PNLA ရဲဘော်(၅) ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ဖူးကြောင်း PNLA ကအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...