Tuesday, January 27, 2026

ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည့် PNLA အဖွဲ့ဝင် ၂ ဦးကိုရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်

ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး PNLA တပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းပုံနှင့်အတူ အခွန်ငွေတောင်းခံသည့် စာရွက်စာတမ်းများပါ ဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၁,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/bkQrQ#selection-287.0-287.17

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖယ်ဒရယ် FM တို့၏ အချက်အလက်စစ်ဆေးသူများက ပူးပေါင်းစိစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော ဓာတ်ပုံတွင် “ ၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်၊ ည ၆ နာရီခွဲအချိန်၌ ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်ပြီး Redmi 10 c ဆိုသည့် ဖုန်းအမျိုးအစားဖြင့် ရိုက်ထားကြောင်း” ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်တွင် ဆီဆိုင်မြို့နယ် ထီဆုံရွာ၌ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ပူးပေါင်းအဖွဲ့နှင့် PNLA တို့ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ခမ်းသားငေါဝ်းက ဖော်ပြသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNO ဘက်မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ဦးကျော် သေဆုံးပြီး၊ PNLA ဘက်မှ ၁ ဦးသေဆုံးကာ ၅ ဦးဖမ်းဆီး ညင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းခံရကြောင်း ဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် -https://shorturl.at/savVC

ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က သတ်ဖြတ်လိုက်ကြောင်း People’s Spring နှင့် ဖယ်ဒရယ် FM သတင်းကလည်း ဖော်ပြထားသည်။

သတင်းလင့်ခ်များ – https://shorturl.at/iRmrk – https://shorturl.at/SMUNG
ထို့ပြင် PNLA ၏ စစ်သုံ့ပန်း (၅) ဦး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ပြည်သူ့စစ် PNO က ငြင်းဆိုထားကြောင်း သျှမ်သံတော်ဆင့်က ဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/UVVdO

သုံးသပ်ချက်

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် PNLA တပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းပုံသည် တိုက်ပွဲအတွင်း၌ ကျဆုံးသွားသော ဓာတ်ပုံသာဖြစ်သည်။

ထို့ပြင် ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည်ဆိုသည့် ဖော်ပြချက်က မှားယွင်းနေကြောင်း စိစစ်တွေ့ရှိရသည်။ သတင်းအမှားဖြန့်ချိသူတွေက မတူညီသည့် အကြောင်းအရာနှင့် ရုပ်ပုံကို ဖြတ်ညှပ်ကပ်ပြီး လိုအပ်သလို ပုံဖော်ရေးသားဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...