ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည့် PNLA အဖွဲ့ဝင် ၂ ဦးကိုရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်

ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသည့် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် PNLA အဖွဲ့ဝင် ၂ ဦးကို ရှင်းလင်းလိုက်ကြောင်း သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး PNLA တပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းပုံနှင့်အတူ အခွန်ငွေတောင်းခံသည့် စာရွက်စာတမ်းများပါ ဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၁,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/bkQrQ#selection-287.0-287.17

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖယ်ဒရယ် FM တို့၏ အချက်အလက်စစ်ဆေးသူများက ပူးပေါင်းစိစစ်ကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသော ဓာတ်ပုံတွင် “ ၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်၊ ည ၆ နာရီခွဲအချိန်၌ ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်ပြီး Redmi 10 c ဆိုသည့် ဖုန်းအမျိုးအစားဖြင့် ရိုက်ထားကြောင်း” ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်တွင် ဆီဆိုင်မြို့နယ် ထီဆုံရွာ၌ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ပူးပေါင်းအဖွဲ့နှင့် PNLA တို့ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ခမ်းသားငေါဝ်းက ဖော်ပြသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNO ဘက်မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ဦးကျော် သေဆုံးပြီး၊ PNLA ဘက်မှ ၁ ဦးသေဆုံးကာ ၅ ဦးဖမ်းဆီး ညင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းခံရကြောင်း ဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် -https://shorturl.at/savVC

ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က သတ်ဖြတ်လိုက်ကြောင်း People’s Spring နှင့် ဖယ်ဒရယ် FM သတင်းကလည်း ဖော်ပြထားသည်။

သတင်းလင့်ခ်များ – https://shorturl.at/iRmrk – https://shorturl.at/SMUNG
ထို့ပြင် PNLA ၏ စစ်သုံ့ပန်း (၅) ဦး သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ပြည်သူ့စစ် PNO က ငြင်းဆိုထားကြောင်း သျှမ်သံတော်ဆင့်က ဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/UVVdO

သုံးသပ်ချက်

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြသည့် PNLA တပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းပုံသည် တိုက်ပွဲအတွင်း၌ ကျဆုံးသွားသော ဓာတ်ပုံသာဖြစ်သည်။

ထို့ပြင် ပြည်သူတွေကို လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ကြေးကောက်သည်ဆိုသည့် ဖော်ပြချက်က မှားယွင်းနေကြောင်း စိစစ်တွေ့ရှိရသည်။ သတင်းအမှားဖြန့်ချိသူတွေက မတူညီသည့် အကြောင်းအရာနှင့် ရုပ်ပုံကို ဖြတ်ညှပ်ကပ်ပြီး လိုအပ်သလို ပုံဖော်ရေးသားဝါဒဖြန့်ချိနေခြင်း ဖြစ်သည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...