Thursday, January 29, 2026

စစ်ကောင်စီ

တောင်ကြီး အိမ်ထောင်စုစာရင်း ကောက်ယူ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ရှိ ရက်ကွက်တချို့တွင် ညကြီးအချိန်မတော် အိမ်ထောင်စုစာရင်းများ လာရောက်ကောက်ယူ မေးမြန်းနေသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်နှင့် ပြည်တော်သာ ရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး...

ဖယ်ခုံအင်းအစပ် ပြည်သူများနေအိမ် PNO /PNA တပ် စခန်းလာချ

သျှမ်းပြည် တောင်ပိုင်း သျှမ်းပြည် - ကယား နယ်စပ်ရှိ နန်းတုတ်ကျေးရွာတွင် PNA/ PNO တပ်သားများက ကျေးရွာတွင်း နေအိမ်များအတွင်း လာရောက် စခန်းချသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ အထူးဒေသ (၆) နယ်မြေ လုံခြုံရေး အတွက်ဆိုသည့် အကြောင်းပြချက်ဖြင့် PNA/PNO...

တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်၊ အထွက် နှင့် မြို့တွင်းတွင် စစ်ကောင်စီ အုပ်စုမှ စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် ယမန့်နေ့ ဩဂုတ် (၂၄) ၌ ၂၁၂ ဈေးနားတွင် ဗုံးပေါက်သည့်ဟု သတင်းထွက်ပေါ်လာသောကြောင့် စစ်ကောင်စီ က ယနေ့ ဩဂုတ်...

အောင်ပန်းမြို့ခံ လူငယ်များအား အာဏာသိမ်းစစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် စစ်အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲခံရသည့် လူငယ်များအား အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်လာနေသည်ဟု သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ မြို့ဟောင်းရပ်ကွက်...

NUG နှင့် NLD ပါတီဝင်များကို လက်ခံ ထောက်ပံ့ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး အဖွဲ့များသည် NUG နှင့် NLD ပါတီဝင် များကို လက်ခံထောက်ပံ့မှုများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကားများဖြင့် လိုက်လံ ဆော်သြနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဆော်သြမှုကို သျှမ်းပြည်တဝှမ်းတွင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်တောင်ပိုင်း ရှိ တောင်ကြီးမြို့၊ အောင်ပန်းမြို့...

စစ်ကောင်စီ မှ သားကို မတွေ့သဖြင့် အဖေကို ဖမ်းခေါ်ပြီး (၅၀၅-က) ဖြင့် အမှုဖွင့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားရပ်ကွက်တွင် နေထိုင်သည့် ဦးထွန်းဝင်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး (၅၀၅) က ဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ဦးထွန်းဝင်း၏သားသည် PDF နှင့် ပတ်သက်နေသည် ဟုဆိုကာ စစ်ကောင်စီအုပ်စုမှ ဩဂုတ် ၂၀ ရက်တွင် စစ်ကောင်စီ အုပ်စုမှ ၎င်း၏ နေအိမ်ကို...

စစ်ကောင်စီ ဖမ်းသွားသည် ကျောင်းဆရာတစ်ဦး ထောင်ထဲ ကိုဗစ်ဖြင့် သေဆုံး

တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာရှိ ညောင်ရွှေအကျဉ်းထောင်တွင် ယမန်နေ့ ( သြဂုတ် ၂၂) ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားသည့် ကျောင်းဆရာ တစ်ဦး သည် ကိုဗစ် ကြောင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါ အကျဉ်းထောင်ထဲတွင် သေဆုံးသွားသည့် ကျောင်းဆရာ ဦးစိုးလွင်လွင်သည် အသက် (၂၆)နှစ်အရွယ်ရှိပြီး တောင်ကြီးမြို့နယ်...

လူထုကိုဒုက္ခပေးတဲ့ အိတ်မဲကြီး

လမ်းမပေါ်မှာ အိတ်အနက်ရောင်ထုတ်တွေ ပစ်ထားတာမြင်ရင် အလိုလို စိုးရိမ်စိတ်တွေက ဝင်လာပြီး ရှောင်ကွင်းသွားလာနေရပါတယ်။ အကြောင်းကတော့ စစ်ကောင်စီကနေ နိုင်ငံတော် အာဏာကို သိမ်းပြီးနောက် သျှမ်းပြည်မှာ ဟိုနားတစ ဒီနားတစ လက်လုပ်မိုင်းတွေ ပေါက်ကွဲနေတာကြောင့်ပဲဖြစ်ပါတယ်။ လက်လုပ်မိုင်းပေါက်ကွဲမှုတွေကိုကြည့်လိုက်ရင် အမှိုက်ပုံးနားက အိတ်အနက်ရောင်ထုတ်တွေ၊ လမ်းမဘေးက အိတ်အနက်ရောင်ထုတ်တွေ က စတဲ့ ဖြစ်စဉ်တွေပါပဲ။ “ ကျမ...

ပန်ဆိုင်းမြို့ပေါ် တိုက်ပွဲပြင်းထန်

သျှမ်းမြောက် မူဆယ်မြိုု့နယ် ပန်ဆိုင်းမြို့ ပေါ်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့သည် ယနေ့ (သြဂုတ် ၂၀)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် (၁)နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် MNDAA တို့သည် ပန်ဆိုင်းမြို့ ရှိ ရဲစခန်း အနီးတဝှိက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး...

နမ့်စန် စကစ တပ် SSSG – PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေ ပြည်သူ့စစ် မသိရှိ

နမ့်စန်မြို့ စစ်ကောင်စီတပ်ကို သျှမ်းတောင် SSSG – PDF မှဝင်ရောက်တိုက်ခိုက်သည့် သတင်း နှင့် ပက်သက်ပြီး နမ့်စန် အခြေစိုက် ပြည်သူ့စစ်များနှင့် ပြည်သူများက သိရှိခြင်း မရှိကြောင်း ၊ သေနတ်သံများလည်း မကြားရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ် ၁၅) ရက်တွင်...

Latest news