စစ်ကောင်စီ ပြင်းထန်စွာ ထိုးစစ်ဆင်မှုကြောင့် ကိုးကန့် တပ်မတော် တပ်သားတစ်ဦး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင်း အင်အားအများအပြားဖြည့်တင်းပြီး ထိုးစစ်ဆင်နေမှုကြောင့် ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) တို့ဖက်မှ တပ်သား တစ်ဦး ကျဆုံးသွားရကြောင်း သတင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်စောစော ၆ နာရီ ၃၀ မိနစ် အချိန်တွင် မူဆယ်ခရိုင် မုံးကိုးမြို့နယ် အတွင်း ရှိကျိကြတောင်ကြော တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်တပ်မတော်မှ တပ်သား တစ်ဦးကျဆုံးပြီး တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရှိသွား ကြောင်း သတင်း သိရသည်။

“တပ်သား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်း သုံးကြောင်းနဲ့ နံနက် ၅ နာရီဝန်းကျင်ကနေ ၁၁ နာရီအထိ သူတို့ (စစ်ကောင်စီ) က ထိုးစစ်ဆင်တယ်၊ စစ်ကောင်စီတို့က လက်နက်အင်အား လူအင်အား အများအပြား သုံးထားတယ်၊ သူတို့ထိုးစစ်ဆင်မှုမှာ ကျနော်တို့ ကိုးကန့် တပ်မတော်ဖက်က တပ်သား တစ်ဦးကျဆုံး သွားတယ်လို့တော့ သိရပါတယ်” ဟု ကိုးကန့်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ကပြောသည်။

စစ်ကောင်စီတို့ဖက်မှ လက်နက်အင်အား လူအင်အား အများအပြား အသုံးပြုပြီး ကိုးကန့်တပ်မတော်တို့ကို လက်နက်ကြီးများဖြင့် မြေပြင်တိုက်ပွဲမှ ပြင်းထန်စွာ ထိုးစစ်ဆင်နေသည့် အပြင် ဒရုန်းများ အသုံးပြုပြီး နေရာများကိုလည်း ထောက်လှမ်းမှုများပြုလုပ်နေကြောင်းသိရသည်။

လက်ရှိအချိန်ထိ နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေသည့် အပြင် စစ်ကောင်စီတို့ဖက်မှလည်း အင်အား ထပ်မံဖြည့်တင်းမှုများ အဆက်မပြတ်ရှိနေခြင်းတို့ကြောင့် ကိုးကန့်တပ်မတော်တို့ကို ပြင်းပြင်းထန်းထန် တိုက်ခိုက်ရန် ရည်ရွယ်နေသည့် သဘောရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မုံးကိုးမြို့နယ်အတွင်းတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည့်အတွက် မုံးကိုးမြို့ပေါ်သို့ စစ်ဘေးရှောင် ရောက်လာသည့် ဒေသခံပြည်သူများ ၆၀၀ ခန့်နီးပါးခန့် ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...