Tuesday, January 27, 2026

စစ်ကောင်စီ ပြင်းထန်စွာ ထိုးစစ်ဆင်မှုကြောင့် ကိုးကန့် တပ်မတော် တပ်သားတစ်ဦး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင်း အင်အားအများအပြားဖြည့်တင်းပြီး ထိုးစစ်ဆင်နေမှုကြောင့် ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) တို့ဖက်မှ တပ်သား တစ်ဦး ကျဆုံးသွားရကြောင်း သတင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်စောစော ၆ နာရီ ၃၀ မိနစ် အချိန်တွင် မူဆယ်ခရိုင် မုံးကိုးမြို့နယ် အတွင်း ရှိကျိကြတောင်ကြော တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်တပ်မတော်မှ တပ်သား တစ်ဦးကျဆုံးပြီး တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရှိသွား ကြောင်း သတင်း သိရသည်။

“တပ်သား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်း သုံးကြောင်းနဲ့ နံနက် ၅ နာရီဝန်းကျင်ကနေ ၁၁ နာရီအထိ သူတို့ (စစ်ကောင်စီ) က ထိုးစစ်ဆင်တယ်၊ စစ်ကောင်စီတို့က လက်နက်အင်အား လူအင်အား အများအပြား သုံးထားတယ်၊ သူတို့ထိုးစစ်ဆင်မှုမှာ ကျနော်တို့ ကိုးကန့် တပ်မတော်ဖက်က တပ်သား တစ်ဦးကျဆုံး သွားတယ်လို့တော့ သိရပါတယ်” ဟု ကိုးကန့်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ကပြောသည်။

စစ်ကောင်စီတို့ဖက်မှ လက်နက်အင်အား လူအင်အား အများအပြား အသုံးပြုပြီး ကိုးကန့်တပ်မတော်တို့ကို လက်နက်ကြီးများဖြင့် မြေပြင်တိုက်ပွဲမှ ပြင်းထန်စွာ ထိုးစစ်ဆင်နေသည့် အပြင် ဒရုန်းများ အသုံးပြုပြီး နေရာများကိုလည်း ထောက်လှမ်းမှုများပြုလုပ်နေကြောင်းသိရသည်။

လက်ရှိအချိန်ထိ နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေသည့် အပြင် စစ်ကောင်စီတို့ဖက်မှလည်း အင်အား ထပ်မံဖြည့်တင်းမှုများ အဆက်မပြတ်ရှိနေခြင်းတို့ကြောင့် ကိုးကန့်တပ်မတော်တို့ကို ပြင်းပြင်းထန်းထန် တိုက်ခိုက်ရန် ရည်ရွယ်နေသည့် သဘောရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် မုံးကိုးမြို့နယ်အတွင်းတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည့်အတွက် မုံးကိုးမြို့ပေါ်သို့ စစ်ဘေးရှောင် ရောက်လာသည့် ဒေသခံပြည်သူများ ၆၀၀ ခန့်နီးပါးခန့် ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...