Thursday, January 29, 2026

စစ်ကောင်စီ

Pekhon – PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် အထိနာသည့် စစ်ကောင်စီ လွိုင်ကော်မြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဖယ်ခုံ) Pekhon – PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် အထိနာရခဲ့သည့်အတွက် ညအချိန်တွင် လွိုင်ကော်မြို့ အတွင်းသို့...

မုံးကိုးမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ရှိ လှုရင်ထန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော် MNDAA တို့သည် တနေ့ ထက်တနေ့ စစ်ရေး ပိုပြင်းထန်လာကြောင်း သတင်း ရရှိသည်။ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီ အချိန်မှ စတင်ကာ ဖောင်ဆိုင်းကျေးရွာအနီးရ စစ်ကောင်စီ...

သျှမ်းပြည်မြို့ကြီးအချို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွင် တပ်ချထားသည့် စစ်ကောင်စီတပ်များပြန်ရုတ်သိမ်း

သျှမ်းပြည်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းတချို့တွင် ကင်းစောင့်ချထား သည့် စစ်ကောင်စီ တပ်သားများကို ပြန်လည် ရုတ်သိမ်းသွားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့ အခြေခံပညာကျောင်းများတွင် ဝင်ရောက်တပ်ချထားသည့် စစ်ကောင်စီတပ်များ မိခင်တပ်ရင်းသို့ တပ်နှုတ်ပြန်နေကြကြောင်း၊ တောင်ကြီးမြို့တော် တွင်လည်းထို့နည်းတူ တပ်နှုတ်ပြန်မှုရှိကြောင်း၊...

လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ် (၇) ဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု နားဟွယ်ရွာတွင် ယမန့်နေ့ ဩဂုတ် (၃၁) နေ့လည် ၁ နာရီဝန်းကျင်က PDF ဟုထင်ခံရသည့် လူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် (၇) ဦးကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း၊ လူငယ်များ...

မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲပြင်းထန် နေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဟေမုံးလုံကျေးရွာအုပ်စုမှာ စစ်ကောင်စီ တပ်ဖွဲ့ နှင့် MNDAA တပ်တို့ကြား တိုက်ပွဲထပ်မံ ပြင်းထန်နေဆဲ ဟု စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၃၁) ရက် မနက် (၈) နာရီခွဲခန့်မှာ ဟေမုံးလုံကျေးရွာအုပ်စု နော့ကိုးရွာမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း...

မုံးကိုးမြို့နယ် စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း (၁၇) လောင်းတွေ့

သျှမ်းပြည် မြောက်ပိုင်း မုံးကိုးမြို့နယ်ရှိ ရွာဟောင်းတည်နေရာဖြစ်ဖူးသည့် နမ့်ဟူး နှင့် ရစ်ခူးကျေးရွာ လမ်းထောင့်တွင် စစ်ကောင်စီ တပ်သားဟု ယူဆသည့် စစ်ကောင်စီယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်း (၁၇) လောင်း တွေ့ရှိရကြောင်း သတင်းသိရသည်။ “ဒီနေရာက အရင်က ရွာရှိခဲ့ဖူးပါတယ်၊ ရွာနေရာဟောင်းဆိုတော့ သိတဲ့အတိုင်း ချုံတွေက ဟိုတစ်အုပ် ဒီတစ်အုပ်နဲ့...

ရွာအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ် မုံးကိုးဒေသခံ ၆၀၀ ကျော်ထွက်ပြေးရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရပ်ရွာအတွင်း စစ်ကောင်စီလက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံ လူထု ၆၀၀ ကျော်နေရပ်မှ တိမ်းရှောင် ထွက်ပြေးနေရသည်ဟုသတင်းရရှိသည်။   သြဂုတ်လ ၂၉ ရက် နံနက်တွင် ထပ်မံဖြစ်ပွားခဲ့သည့် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံ ကျေးရွာအုပ်စု၊ နမ့်ဟ...

စစ်ကောင်စီဖမ်းဆီးရိုက်နက်အကျဉ်းချထားသည့် တောင်ကြီး G-Z တဉီး ကိုဗစ်ဖြင့်သေဆုံး ဟုဆို

တောင်လေးလုံးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရထားသည့် အသက် ၂၀ အရွယ် တောင်ကြီး G-Z တဉီး ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသည့်အကြောင်း မိသားစုဝင်ထံ အကြောင်းကြားလာသည်ဟု သိရသည်။ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံးအကျဉ်းထောင်မှာ စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရထားသော တောင်ကြီးမြို့ ကျောင်းကြီးစုရပ်နေ မောင်မျိုးမင်းသန့် (ခေါ်) သားငယ်သည် ယမန်နေ့...

“ပုဆိုးတော့ ငါ့ပုဆိုးပဲ ပေနေတဲ့မစင်တော့ ငါ့မစင်မဟုတ်ဘူး”

အာဏာသိမ်းစစ်ကောင်စီအပါအဝင် သျှမ်းပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခဲ့ပြီဆိုရင် ဘယ်အဖွဲ့ကမှ မိမိလက်ချက်လို့ သတ္တိရှိရှိ ဝန်မခံတဲ့အပြင် တာဝန်ယူမှုတာဝန်ခံမှုလည်းလုံး၀ မရှိခဲ့ကြပါ။ လယ်ယာသွားတဲ့ရွာသားတွေ သေနတ်ပစ်သတ်ခံရတာ ၊ မိုင်းနင်းမိလို့ သေကြေဒဏ်ရာရ သွားတဲ့အပေါ် တာဝန်ယူဆေးကုပေးတာ၊ ဝန်ချတောင်းပန်တာ၊ ဝန်ခံတာလည်းတကြိမ်မှမရှိခဲ့ကြပါ။အဆိုးဆုံးကတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့ လူထုကိုချောင်းမြောင်းပစ်ခတ်တာပါပဲ။ ထိုပြသနာတွေဖြစ်လာရတာဟာ ခေတ်အဆက်ဆက် လက်နက်ကိုင်တပ်ဖွဲ့တွေ ၊...

နမ့်စန်-ခိုလမ် လမ်းပေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ထပ်မံဖွင့်လှစ်

သျှမ်းပြည် တောင်ပိုင်း နမ့်စန်-ခိုလမ်ကြား လမ်းမပေါ် စစ်ကောင်စီတပ်ဖွဲ့ မှ စစ်ဆေးရေးဂိတ်အသစ်တစ်ခု ထပ်မံဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။ စစ်ကောင်စီတို့ အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် စစ်ဆေးရေးဂိတ်သည် နမ့်စန်-ခိုလမ် ဆက်သွယ်ထားသည့် ကားလမ်းမကြီး အကြားတွင်တည်ရှိနေပြီး လမ်းသွားလမ်းလာ ပြည်သူခရီးသွားများတို့၏ ယာဉ်များကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း ကြုံတွေ့ရသည့် နမ့်စန်ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

Latest news