လာရှိုးမြို့ ရှိ NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ အိမ် စစ်ကောင်စီလာရောက်စစ်ဆေး

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ ရှိ အမျိုးသားညီညွတ်ရေး အစိုးရ( NUG ) ၏ ယာယီသမ္မတ ဒူဝါလရှီးလ၏ နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ လာရောက်ရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် စက်တင်ဘာ (၇) ရက်နေ့က ည (၁၁) နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့များ ကား(၅) စီးဖြင့် ဒူဝါလရှီးလ နေအိမ်ကို လာရောက်စစ်ဆေးခဲ့ကြောင်း လာရှိုးမြို့ ဒေသခံတဦးက ပြောသည်။

ထိုသို့ သွားရောက်စစ်ဆေးရာတွင် နေအိမ်တွင် တံခါးဖွင့်ပေးခြင်းမရှိသောကြောင့် ခြံခုန်ကျော်ပြီး အထဲသို့ ဝင်ရောက်သွားကြောင်းသိရသည်။

“ ည အချိန်မှာလာစစ်ကြတာ။ အိမ်းဝင်းတံခါးကို မဖွင့်ပေးလို့ ဘေးခြံနဲ့ နောက်ခြံကနေ ကျော်ဝင်သွားတယ်။ မေးမြန်နေတာတော့တွေ့ရတယ်။ ခေါ်သွားမသွားတော့ ကျနော်တို့ မသိရတော့ဘူး” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

ထိုသို့ လာရောက်စစ်ဆေးရာတွင် အိမ်စီးကား (၅) စီးနှင့် အတူ စစ်သားများ၊ ရဲများ၊ အုပ်ချုပ်ရေးမှူးများ အတူလာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

“ ရဲတွေ၊ စစ်သားတွေကောပါတယ်။ သေနတ်တွေနဲ့ လည်းပါတယ်။ အိမ်ကတံခါးတွေ မဖွင့်ပေးလို့ ဘေးက ကျော်ဝင်သွားသေးတယ်။ အဲမှာ လူ၂ ယောက်ထွက်လာတာ။ သူတို့မြို့တော်ခန်းမကို ခေါ်သွားမယ်ထင်တယ်။ သေချာတော့မသိရဘူးလေ။ ညအချိန်ဆိုတော့ မတွေ့ရဘူးလေ” ဟု မျက်မြင်တွေ့သူက ပြောသည်။

လာရှိုးမြို့ရှိ ဒူဝါလရှီးလ၏အိမ်ကို လက်ရှိအချိန်မှာ အိမ်စောင့်အနေဖြင့် အမျိုးများက လာရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ထိုနေအိမ်တွင် လူနေထိုင်မှုရှိကြောင်း၊ မရှိကြောင်းကို မသိရှိရကြောင်း အိမ်နီးချင်နေထိုင်သူက ပြောသည်။

ထိုအပြင် ဒူဝါလရှီးလ၏ အိမ်ပတ်ဝန်းကျင်တွင် အရပ်ဝတ်နှင့်သူများ ပတ်ပတ်လည်စောင့်ကြည့်နေမှုရှိကြောင်း သိရသည်။

“ ဒီဖက်မှာ မျက်နှာစိမ်းနဲ့သူတွေသွားလာနေတာတွေ့နေရတယ်။ အရင်က ဒီရပ်ကွက်မှာမတွေ့ဖူးဘူး။ သွားလာနေကြတာ” ဟု အိမ်နီးချင်နေထိုင်သူက ပြောသည်။

စစ်အာဏာမသိမ်းခင်တွင် ဦးဒူလဝါရှီးသည် လာရှိုးမြို့တွင် ပုံမှန်နေထိုင်လျက်ရှိကြောင်း ဒူဝါလရှီးလ နှင့်တွေ့ဆုံခဲ့ဖူးသူ ကပြောသည်။

“ သူတို့အိမ်မှာက တံခါးပိတ်ပြီးနေကြတာ။ အထဲမှာလူရှိလား၊ မရှိဘူးလား မသိဘူး။ အရင်ကတော့ ဦးဒူလဝါရှီးက တွေ့ကြပါတယ်။ အာဏာသိမ်းလိုက်တာ့ မတွေ့ဖြစ်တော့ဘူးလေ။ အရင်ကတော့ ကျနော်တို့ လာရှိုးမှာတွေ့ဖြစ်ကြပါတယ်” ဟု အထက်ပါလူကပြောသည်။

စက်တင်ဘာ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ စစ်ကောင်စီတပ်ဖွဲ့ကို အပြီးတိုင်ချေမှုန့်ရန်အတွက် မိန့်ခွန်ပြောကြားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက ဒူဝါလရှီးလ၏ နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...