ပျောက်ဆုံးသွားတဲ့ အနာဂတ်တွေကို တိုက်ပွဲကြားမှာ ပြန်လည်ရှာဖွေနေသူများ

“ကိုယ့်အိမ်ကိုယ့်ရာကို စွန့်လွတ်ပြီးတိုင်းတစ်ပါးမှာ လာရောက်နေထိုင်ရတယ် ဆိုတော့ စိတ်တိုင်းမကျဘူး၊ မိသားစုအတွက် ဘဝရှေ့ရေးအတွက် ဘယ်ကနေ ဘယ်လို ရှေ့ဆက် လုပ်ဆောင်ရမလဲဆိုတာလည်း လမ်း ပျောက်တယ်” ဟု လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသူ အမျိုးသမီးတစ်ဦးက ပြောပြထားပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းယူပြီးတဲ့ နောက်မှာတော့ ဝေဝါးတဲ့ အနာဂတ်နဲ့ ရင်ဆိုင်လာရတဲ့ မြန်မာနိုင်ငံအတွင်းရှိ လူငယ်တွေဟာ ဇွဲမလျှော့ကြဘဲ အခက်အခဲများကို ရင်ဆိုင်ရင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ပါဝင်လှုပ်ဆောင်လာခဲ့ကြတာ တွေ့မြင်ရပါတယ်။

ပြီးခဲတဲ့ လများမှ စတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေတို့ကို စစ်အာဏာ ပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံလာရပါတယ်။ ယင်းကဲ့သို့ ပြည်သူတွေရဲ့ နေအိမ်ဝင်းထဲအထိ အာဏာသိမ်း တပ်သားတွေက အကြမ်းဖက်ဝင်ရောက် စီးနင်း ဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ အများအပြားက လွတ်မြောက်နယ်မြေသို့ ထွက်ပြေး တိမ်းရှောင်နေရသူအနက် အမျိုးသမီး လူငယ်တွေလည်း ပါဝင်ပါတယ်။

“အာဏာသိမ်းလိုက်ပြီလို့ ကြားလိုက်ရကတည်းက ဘဝကထဲက အစိတ်အပိုင်းတစ်ခု ပြတ်ထွက်သွားသလို ခံစား လိုက်ရတယ်၊ ကိုယ့်အနာဂတ်အတွက် ဘယ်လို ရှေ့ဆက်သွားရမလဲဆိုတာကိုတောင် မသိရတော့ဘူး၊” ဟု လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသူ အမျိုးသမီးက ပြောပြထားပါတယ်။

အဆိုပါ အမျိုးသမီးသည် စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းများတွင်ပင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွ လှုပ်ရှားစွာပါဝင်လာခဲ့သလို ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာလည်း ဒီမိုကရေစီအရေးအတွက် တက်ကြွလှုပ်ရှား မှုပုံရိပ်များနှင့် ရေးသားချက်များပြည့်နှက်နေသည့် စာမျက်နှာတစ်ခုဖြစ်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်ပါတယ်။

“အိပ်မပျော် တဲ့အထိ ဖြစ်သွားရတယ်၊ အဲ့ကနေနေအိမ်နဲ့ ပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်ကိုတောင်လည်း စွန့်ခွာပြီးတော့ အသက် ရှင်သန်ရေးအတွက် စွန့်စားရတယ်၊အဓိကကတော့ အဖမ်းမခံရဖို့၊ သူတို့လက်ထဲ မပါသွားဖို့ပဲ” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မြောက်မြားစွာသော ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက ဧပြီလ အတွင်း ရာဇသတ်ကြီး၊ ပုဒ်မ ၅၀၅- က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် ၎င်းတို့ကလည်း တိမ်းရှောင် ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိတွင် စစ်ကောင်စီတို့လက်အောက်မှ ပြေးထွက်လွတ်မြောက်လာနိုင်ခဲ့ပြီ ဖြစ်သော်လည်း နေ့စဉ်နှင့် အမျှ ဖြတ်သန်း ရသည့် စားဝတ်နေရေးနှင့် စားရေးသောက်ရေးအတွက် ဝယ်ယူခြမ်းမှုများ နှင့် ဘဝ ရပ်တည် နိုင်ရေး အတွက် အခက်ခဲများလည်း ကြုံတွေ့နေရကြောင်းလည်း သိရပါတယ်။

ထို့နည်းတူစွာ အရပ်သားပြည်သူတွေကိုသာ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းမျိုးမဟုတ်ပဲ အာဏာသိမ်း စစ်တပ်လက်အောက်အလုပ်မလုပ်လိုသည့် အတွက် အမိန့်မနာခံ အာဏီဖိဆန်ခြင်း ဆိုသည့် အကြမ်းမဖက် အာဏာဖီဆန်ရေး ( CDM) လုပ်ဆောင်ကြတဲ့ နိုင်ငံဝန်ထမ်း အများအပြားကိုလည်း စစ်ကောင်စီတွေက လိုက်လံ ဖမ်းဆီးနေမှုများရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ဆောင်ကြတဲ့ ဌာနဆိုင်ရာ အသီးသီးက နိုင်ငံဝန်ထမ်းများဟာ အချိန်တွေ ကြာလာတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ CDM ပါဝင်နေတဲ့ ဝန်ထမ်းအတော်များများမှာ တာဝန်မှ ရပ်နားခြင်းခံရတာ အလုပ်ထုတ်ခံ တာတွေ ရှိသလို အာဏာဖီဆန်တာကြောင့် ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုခံထားရတဲ့ အခြေအနေလည်း ရှိနေပါတယ်။

“ဒီလို နည်းပညာတိုးတက်နေတဲ့ ကြီးမှာ စစ်တပ်က ဒီလို အာဏာသိမ်းလိမ့်မယ်လို့တော့ မထင်ဘူးလေနော်၊” ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ချင်း(ချိုး) ဘာသာအစီအစဉ် တင်ဆက်သူ မလေဒီယာအွယ် က ပြောပါတယ်။

“အခက်အခဲကတော့ မိသားစုတွေနဲ့ မရှိရဘူး၊ တစ်နေရာမှာ သီးသန့်သွားရှောင်နေရတယ်။ နောက် စားဝတ်နေရေး က ထောက်ပံ့တဲ့ အဖွဲ့တွေကလည်း နည်းတယ်၊ နည်းတယ်ဆိုတာက မရသလောက်ဖြစ်နေတာ၊ ပြီးတော့ အစ်မ မှာက ကလေးငယ်ရှိနေတာ၊ ကလေးနို့မှုန့်ဖိုးရော၊ ဒိုင်ဘာတွေကိုရော ဝယ်ရခြမ်းရနဲ့ အရမ်းခက်ခဲတယ်လို့ ပြောရမှာ” ဟု ဆက်ပြောသည်။

CDM ပါဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီက ခြိမ်းခြောက် ဖိအားပေးတာမျိုးတွေ ရှိနေတဲ့ အပြင် ဖိအား အမျိုးမျိုးပေးနေမှုများလည်း ရှိနေသည့်အတွက် တစ်နေရာနဲ့ တစ်နေရာ ရှောင်ပြေးနေရလို့ ငွေရေးကြေးရေး အခက်ခက်ဖြစ်နေတဲ့ ကြောင်းလည်း မလေဒီယာအွယ်က ပြောပါတယ်။

“CDM လုပ်တယ်ဆိုတော့ ကိုယ်နေနေကျနေရာမှာ နေနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ၊ အဲ့ဒီအတွက်ကြောင့်မို့လို့ နေနေကျနေရာမှာ မနေဘဲနဲ့ တခြားနေရာမှာ ပြောင်းနေတယ်။ နေတယ်ဆိုပေမဲ့လည်း တစ်နေရာနဲ့ တစ်နေရာ တော့ ဒီလိုပဲ ရွှေ့ပြောင်းပြီးသွားလာနေရတယ်။ စားဝတ်နေရေး အခက်အခဲဆိုတာကျတော့ ဝန်ထမ်းဆိုတော့ လည်း ပိုပြီးခက်ခဲတာပေါ့ ရှိတာပေါ့၊ ကလေးလည်း တစ်ဖက်နဲ့လေ၊ အခက်အခဲကတော့ ခက်ခဲနေပြီး ခက်ခဲတဲ့ ကြားထဲကပဲ တောင့်ခံထားတယ်။” ဟု မလေဒီယာအွယ်က ပြောပါတယ်။

လက်ရှိမှာ CDM လှုပ်ရှားနေကြသူ မြောက်မြားစွာ ရှိနေပြီး ၎င်းတို့ကို တပ်မတော် ပြိုကွဲအောင် လုပ်ဆောင်တဲ့ ပြစ်မှု၊ အများပြည်သူ တည်ငြိမ်ပျက်ပြားအောင် လှုံ့ဆော်တဲ့ ပြစ်မှုတွေ တပ်ပြီး အမှုဖွင့်ခံထားရပါတယ်။

CDM လုပ်နေတဲ့ ဝန်ထမ်းတွေ လစာမရကြသလို ဝန်ထမ်းလိုင်းခန်းကနေလည်း ဖယ်ရှားခံနေရပါတယ်။ CDM ပါဝင် လို့ အလုပ်ရပ်နားခံရတာ အလုပ်ထုတ်ခံရတာကြောင့် ရှောင်ပြေးနေတဲ့ကြားကပဲ ဝင်ငွေရရာအလုပ်ကို ရှာကြံ နေရလုပ်နေရတဲ့သူလည်း ရှိတယ်လို့ မြန့်မာအသံထုတ်လွင့်မှု ဌာနမှ CDM ဝန်ထမ်းတစ်ဦးကလည်း ယခုလို ပြောပြထားပါတယ်။

“အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလ ကတည်းက CDM လုပ်ဆောင်လာတာ၊ စားဝတ်နေရေးအခက်အခဲကတော့ နှစ်လပိုင်း ပထမ စစခြင်းဆိုတော့ နည်းနည်းတောက်ခံလိုရသေးတယ်။ ကျနော်တို့ အဆင်ပြေလားဆိုတော့ မပြေဘူးဗျ။ လုပ်ခဲ့တဲ့အလုပ်ကတော့ အစိုးရဝန်ထမ်းတွေဆိုတော့ လစာကလည်းမရ၊ အဲ့ဒီလို ဝန်ထမ်းတွေ မှာလည်း အခက်အခဲတော်တော်များများ ရှိတာပေ့ါ” ဟု ၎င်းကပြောသည်။

ငြိမ်းချမ်းစွာအာဏာဖီဆန်ရေး (CDM)လှုပ်ရှားသူတို့၏ လှုပ်ရှားမှုသည်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင်ပါဝင်သူ ပြည်သူများအတွက် အားတက်ဖွယ်ဖြစ်ခဲ့သည်။ အစိုးရဝန်ထမ်းများ၏ CDMတွင် ပါဝင်ခြင်းကြောင့် စစ်ကောင်စီသည် နိုင်ငံစီးပွားရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်ရာ တွင် ကြီးစွာသော အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ တစ်ချိန်တည်းတွင် စစ်တပ်ပိုင် ကုမ္ပဏီများကထုတ်သော ကုန်ပစ္စည်းများကို သပိတ်မှောက်သည့် လှုပ်ရှားမှုများကြောင့်လည်း စစ်တပ်ထုတ် စီးကရက်နှင့် ဘီယာများ ဈေးကွက်အတွင်း ရောင်းအားကျဆင်းခဲ့ကြောင်းလည်း အာဏာရှင်တော်လှန်ရေးလှုပ်ရှားသူ ကိုမော်က မှတ်ချက်ပြု ပြောပြထားပါတယ်။

“အခွန်မဆောင်ဘူး၊ စစ်တပ် လုပ်ငန်းစုတွေရဲ့ ထုတ်ကုန်တွေ မဝယ်ဘူး၊သူနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို သပိတ်မှောက်မယ်ဆိုပြီး သပိတ်ဆက်မောက်မယ်၊ တော်လှန်ရေးလှုပ်ဆောင်သူတွေကို တတ်နိုင်တဲ့ဖက်ကနေ အထောက်အကူပေးတယ်၊ သူတို့က ပိုဖိနှိပ်လေ၊ ဒီဘက်က နည်းလမ်းသစ်တွေ ပိုပေါ်ထွက်လေပဲ၊ ကျနော်တို့ စစ်အာဏာရှင်စနစ်ကို ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး” ဟု ကိုမော်က အခိုင်အမာ ဆိုပါတယ်။

စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးတဲ့နောက် ရွေးကောက်ခံအစိုးရ တဖွဲ့လုံးကို ဖမ်းဆီးကာ ရက်သတ္တပတ်အတွင်းမှာပဲ တိုင်းနဲ့ ပြည်နယ်အသီးသီးက လူထုတွေရဲ့ မခံမရပ်နိုင်ဖြစ်မှုက ရုပ်လုံးပေါ်လာ ကြသလို ဆန္ဒပြ သပိတ်များကို ဖြိုခွဲမှုများ ရှိပြီးတဲ့ နောက်မှာတော့ တော်လှန်ဆန့်ကျင်ရေး အရှိန်က ပိုမြင့်တက် လာပါတယ်။

အာဏာရှင် ဖြုတ်ချရေး အတွက် တော်လှန်ရေးလှုပ်ရှားသူများမှာ လူငယ်၊ လူလတ်နဲ့ လူကြီးပိုင်းတွေ ပါဝင်ကြပြီး အများစုက နိုင်ငံရေးသမားတွေ တတ်ကြွ လှုပ်ရှား သူတွေ မဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သာမန်လူထုတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံး အနေဖြင့် စစ်တပ် အဏာသိမ်းမှုကို လက်မခံပဲ အနုနည်းဖြင့် အာဏာဖီဆန်ခြင်းဖြစ်တဲ့ CDM ပြုလုပ်သူများ မြောက်မြားစွာ ရှိနေသလို အာဏာသိမ်းစစ်တပ်ကို တော်လှန် တိုက်ထုတ်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်သားတွေလည် မြောက်မြားစွာ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်၊

ထို့အပြင် လက်ရှိမှာ စစ်အာဏာသိမ်းပြီးနောက် CDM လုပ်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ အရာရှိ စစ်သည် အင်အား ၈၀၀ လောက်ရှိတယ်လို့လည်း CDM တပ်မတော်သားတွေကို စာရင်းပြုစုနေတဲ့အဖွဲ့က ဦးဆောင်သူ တစ်ဦး ဖြစ်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင် ပြောကြားချက်များအရ သိရှိရပါတယ်။

စစ်ဗိုလ်ချုပ်ကြီးများ၏ သား၊ သမီး၊ မိသားစုဝင်များသည် ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများက လူမှုပြစ်ဒဏ်ချမှတ်သည့်အပြင် ၎င်းတို့ပိုင် ကုမ္ပဏီများသည်လည်း အများ ပြည်သူထံက ကန့်ကွက်မှုများ ကြုံတွေ့ခဲ့သည့်အပြင် လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသလိုဖြစ်မည်ဟုဆိုကာ အစိုးရဝင်ငွေခွန်ပေးဆောင်ရန် ငြင်းဆန်နေသူလည်း အများအပြား ရှိနေပါတယ်။

“သူတို့က စက်သေနတ်နဲ့ ပစ်နေတဲ့အချိန်မှာ လမ်းပေါ်မှာ လူစုလူဝေးနဲ့ ဆန္ဒပြဖို့ ဆိုတာခက်သွားတယ်၊ ဒါပေမဲ့ အဲဒီလိုဖြစ်ရုံနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုက အားမပျော့သွားဘူး၊ ပျောက်ကျားသပိတ်လုပ်တယ်၊ လူမဲ့သပိတ်လုပ်တယ်၊ ပြီးတော့ နောက်ဆုံးအဆင့် လက်နက်ကိုင်ပြီးတော့ တော်လှန်မယ်၊ အာဏာရှင် စနစ်ကို အမြစ်ပြုတ်သွားအောင် ကျနော်တို့က တိုက်ပွဲဝင်သွားမှာ” ဟု ရန်ကုန်မြို့မှ လွတ်မြောက်နယ်မြေဖြစ်တဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နယ်ထဲ စစ်သင်တန်းတက်ရောက်နေသည့် PDF တပ်သား ကိုထွန်းမင်းဖြိုး ကပြောပါတယ်။

ကိုထွန်းမင်းဖြိုးသည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသည့် ကချင်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

အသက် ၃၀ နှစ်အရွယ် ကိုထွန်းမင်းဖြိုး၏ မူလအိမ်မက်မှာ ကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ တော်လှန်ရေးလှုပ်ရှားမှု မစခင်ကာလမှာလည်း အသေးစားကုမ္ပဏီ တည်ထောင်ထားလျက်ရှိနေပြီး စစ်အာဏာ သိမ်းမှုဖြစ်စဉ်ကြောင့် ဆန္ဒပြပွဲများမှတဆင့် လက်နက်ကိုင်တော်လှန်ရေးအတွင်း ရောက်ရှိလာခဲ့သူဖြစ်သည်။

စီးပွားရေးလုပ်ငန်း လောကတွင် ပျော်မွေ့နေခဲ့သူဖြစ်ကာ သေနတ်ကိုင်စစ်သားတစ်ဦးဖြစ်လာဖို့ စိတ်ကူးပင် မယဉ်ခဲ့ဖူးကြောင်း ကိုထွန်းမင်းဖြိုးက ဆိုသည်။

“အာဏာရှင်ကို တွန်းလှန်ဖို့အတွက် ဆုံးရှုံးမှုက များတာပေါ့၊ ဒါမယ့်လည်းပျော်ပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူပါ တယ်၊ အခုဆိုလည်း ကျနော်တို့ တော်လှန်ရေးစိတ်ဓာတ်ရှိတဲ့ ညီအစ်ကိုတွေနဲ့ ပေါင်းသင်းဆက်ဆံရတယ်၊ အချင်းချင်း ကူညီဖေးမကြရင်းနဲ့ တော်လှန်ရေးစိတ်ကို နှိုးကြားစေတယ်” ဟုကိုထွန်းမင်းဖြိုးက ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဖြစ်လဲ pdf တပ်ဖွဲ့ဝင် ကိုထွန်းမင်းဖြိုးသည် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုသည် ရေရှည်တိုက်ပွဲဖြစ်သဖြင့် လူထု၏ အမြော်အမြင် ရှေ့ထားသည့် လှုပ်ရှားမှုပုံစံသစ်များက စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်လိမ့်မည်ဟု ၎င်းက ယုံကြည်နေပါတယ်။

“ကျနော်တို့ ပြည်သူ လိုချင်တဲ့ နိုင်ငံရေး လမ်းကြောင်း ဖက်ဒရယ် ဒီမိုကရေစီ မရမချင်း ဆက်တိုက်မယ်၊ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ကို သူတို့ကို မနက်ဖြန်၊ သန်ဘက်ခါအတွင်း အနိုင်ရဖို့ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ရေရှည်မှာ ကျနော်တို့ နိုင်ရမယ်၊ အဲဒါက ကျိန်းသေတယ်၊ ခဏတာ ဒုက္ခခံလိုက်ပြီးတော့ ကျွန်တော်တို့ တစ်ဘဝစာ ကောင်းသွားမယ့် အခွင့်အလမ်းကို ရွေးခဲ့တာပါ”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...