တောင်လေးလုံးထောင်ရောက် နိုင်ငံရေးအကျဉ်းသားများ ပိုင်ဆိုင်မှုကို စစ်ကောင်စီ တောင်းယူ

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း တောင်လေးလုံးသို့ အကျဉ်းချ ထားခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက စာရင်းကောက် တောင်းယူ ကြောင်း သတင်းသိရသည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရေးနှင့် အာဏာရှင် စနစ် ဖြုတ်ကျရေးအတွက် တောင်ကြီးမြို့နယ်အတွင်း ဆန္ဒပြ တောင်းဆိုသူများကို စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးပြီး ညောင်ရွှေအကျဉ်းထောင် (တောင် လေးလုံးအကျည်းထောင်) တွင် အကျဉ်းချထားခံထားရသူများ၏ ပိုင်ဆိုင်မှု စာရင်းများကို စစ်ကောင်စီတို့က လိုက်လံတောင်းယူနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထောင်က(တောင်လေးလုံး) ဝန်ထမ်းပါ ဆိုပြီးတော့ ဖုန်းဆက်လာတယ်၊ ပြီးတော့ ကျမအမျိုးသားရဲ့ ပိုင်ဆိုင် မှု ဘာတွေရှိလဲ ဘယ်လောက်ရှိလဲ ဆိုပြီး မေးလာတယ်၊ ကျမက ဘာလို့မေးလဲဆိုတော့ အထက်က မေးခိုင်း လို့ပါတဲ့၊ ကျမတို့မှာ လင်မယားတွေဆိုတော့ လင်ပိုင်တဲ့ ပစ္စည်းလည်း မိန်းမပိုင်တာပဲ၊ မိန်းမပိုင်ပစ္စည်းတွေ လည်း ယောက်ျားပိုင်တဲ့ ပစ္စည်းလိုပဲလေ” ဟု ဖုန်းဆက်မေးမြန်းခြင်းခံရသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းမှုကိုခံရပြီး တောင်လေးလုံးအကျဉ်းထောင်တွင် အကျဉ်းချထားခံထားရ သည့် နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်ခဲ့သည့် လူငယ်များ၏ ပိုင်ဆိုင်မှုများကို သိမ်းမည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခြင်းခံရသည့် ကျောင်းသားတစ်ဦး၏ ဖခင်ကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်၊ ကျနော်ဆီကိုလည်း ဖုန်းဆက်မေးလာတယ်၊ သားရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းလုပ်ပေးထားပါ တဲ့၊ ဘာကြောင့်လဲ ဆိုတော့ မပြောပြဘူး၊ အပြင်ကနေ ကြားရသလောက်တော့ ဖမ်းဆီးခံထားရတဲ့ လူငယ် တွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းမယ်ဆိုလည်း ကြားမိတယ်” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဖခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့မှ ပိုင်ဆိုင်မှု စာရင်းကောက်ယူ တောင်းခံနေသည့် နိုင်ငံရေးအကျဉ်းသား အများစုသည် တောင်ကြီးမြို့ခံများ ဖြစ်ကြပြီး တချို့သော လူငယ်များက ကျောင်းသားများပင် ဖြစ်နေသေးသည့် အပြင် တချို့သော လူငယ်များက အသက် ၁၈ နှစ်ပင် မရှိသေးကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...