Thursday, April 25, 2024

လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ် လူ(၅) ဦးထက် ပိုမစုရ၊ ပုဒ်မ ၁၄၄ ထပ်မံထုတ်

Must read

သျှမ်းပြည်မြောက်ပိုင်းရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်ကြမ်းမြို့နယ်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အမိန့်ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပေဒ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်ဟု ဆိုကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးမှူးရုံးက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေး တာဝန်ရှိသူများမှအပ မည်သူမဆို အမိန့်တစ်စုံတစ်ရာ မပါဘဲ ည ၉ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် မပြု‌ကြောင်းနှင့် လမ်းများ၊ အများ ပြည်သူနှင့် ဆိုင်သည့် နေရာများတွင် လူ ၅ ဦးထက် ပိုပြီး စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းများ မပြုလုပ်ရဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၅ ခုနှစ်‌၊ ဖေဖော်ဝါရီလက စတင်၍ ပုဒ်မ ၁၄၄ အား ၂ လတစ် ကြိမ် ထုတ်ပြန်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article