တန့်ယန်းမြို့ စစ်ကောင်စီခန့်အပ်ထားသည့် ရာအိမ်မှူးတစ်ဦး ဓါးခုတ်ခံရ

0

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတို့မှ ခန့်အပ်ထားသည့် အမှတ် ၅ ရပ်ကွက်မှ ရာအိမ် မှူး တစ်ဦး ဓါးခုတ်ခံရကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၃) ရက် မနက် ၁၁ နာရီဝန်းကျင် တွင် တန့်ယန်းမြို့ရှိ အမှတ် ၅ ရပ်ကွက်မှ ရာအိမ်မှူးတစ်ယောက်သည် တစ်ရပ်ကွက်နေ ပြည်သူတစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားပြီး ဓါးခုတ်ခံရကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ၁၁ နာရီဝန်းကျင်မှာပါ၊ ရာအိမ်မှူးက အိမ်ထောင်စုစာရင်းလာတောင်းတာ၊ ကိုဗစ် -၁၉ ရောဂါ ကာ ကွယ်ဆေးထိုးဖို့ဆိုသလိုပါပဲ၊ တစ်ရပ်ကွက်လုံးက ပေးထားပြီးသားကို သူတို့က မပေးရသေးလို့တဲ့၊ အစပိုင်း ကတော့ စကားသံတွေပဲ ကြားရတယ်၊ ပြီးမှ ရန်တွေဖြစ်ကြပြီး ရာအိမ်မှူးက ဓါးခုတ်ခံရတယ်တဲ့” ဟု အမည် မဖော်လိုသည့် ရပ်ကွက်နေပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ရာအိမ်မှူးကို လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းအား ဓါးဖြင့် ခုတ်သူကထွက် ပြေးတိမ်းရှောင်သွားကြောင်းလည်း သိရသည်။

Leave a Comments