NUG မှ အရေးပေါ် ကြေညာပြီးနောက် လူငယ်များဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး အတွက် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်လိုက်ပြီးနောက် သျှမ်းပြည်ရှိ မြို့ကြီးများတွင် လူငယ်များ ဖမ်းဆီးခံရမှုသည် ပိုမိုများပြားလာကြောင်း သတင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၂ နာရီ ဝန်းကျင်အချိန်တွင် တောင်ကြီးမြို့အတွင်း ဒလန်သတင်း ပေးမှုကြောင့် ဖမ်းဆီးခဲ့မိသည့် လူငယ် ၃ ဦးနှင့် ဆက်စပ်ပက်သက်ပြီး လူငယ် ၁၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကြီးမြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ညနေ ၂ နာရီလောက်က စစ်ကောင်စီတွေက ရပ်ကွက်တွေထဲကို ဝင်စီးတယ်၊ တစ် လမ်းဝင် တစ်လမ်းထွက်နဲ့ နာမည်စာရင်းအရ လူငယ်တွေကိုလိုက်ရှာပြီး ဖမ်းနေတာ၊ ဒလန်သတင်း ပေးမှု ကြောင့် လူငယ် ၃ ဦး ဖမ်းဆီးခံရလိုက်ရတယ်၊ ပြီးတော့ ၅ နာရီ ဝန်းကျင်မှာက နောက်ထပ် ၁၀ ဦးနီးပါး လောက် အဖမ်းခံလိုက်ရပြန်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့နယ်တွင်း PDF များနှင့် ချိတ်ဆက် အလုပ်လုပ်နေသည့် လူငယ်များကြားတွင် အယောင်ဆောင် PDF များလည်းရှိပြီး စစ်ကောင်စီကို သတင်းပေးနေသူများလည်း ရှိနေသည့် အတွက် လူငယ်များအတွက် အန္တရယ် ပိုမိုများပြားလာကြောင်းလည်း တောင်ကြီးမြို့ခံ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“D Day ကြောညာပြီးတဲ့နောက် စစ်ကောင်စီတို့က ပိုပြီးရမ်းသမ်းလာတယ်၊ လူငယ်ဆိုတာနဲ့ သူတို့က PDF လို့ သတ်မှတ်ပြီး ဖမ်းတော့တာပဲ၊ ဒါ့ထက် PDF လိုလို ယောင်ဆောင်ပြီး သတင်းနိုက်နေသည့် လူတွေလည်း ရှိနေတယ်၊ ဒါက အင်မတန် ကြီးမားတဲ့ ပြဿနာပေါ့၊ သူက PDF စာရင်းကို ပေးတာပဲဖြစ်ဖြစ် PDF မဟုတ်ပဲ သတင်းပေးတာပဲ ဖြစ်ဖြစ် လူငယ်တွေအတွက် အရမ်းအန္တရာယ်ကြီးပါတယ်” ဟု ၎င်းက ပြောသည်။

ယခင်ကာလများတွင် စစ်ကောင်စီတို့သည် လူငယ်များ ရှာဖွေဖမ်းဆီးမှုကို ညအချိန်များတွင်သာ လုပ်လေ့ ရှိကြသော်လည်း NUG အစိုးရမှ အရေးပေါ်အခြေအနေကြောညာပြီးနောက်ပိုင်းတွင် နေ့ခင်း အချိန်များမှ လည်း ဖမ်းဆီးနေသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်တည်းတွင် တောင်ကြီးမြို့အပြင် ညနေ ၆ နာရီ ဝန်းကျင်အချိန် အေးသာယာမြို့ စက်မှုဇုန်အတွင်းရှိ ဂန္ဓဝိပသနာကျာင်း အရပ်အခေါ် ရှမ်းကျောင်းကိုအနီးတွင် စွန်လွတ်နေ သည့် လူငယ် ၅ ဦးထက်မနည်းကိုလည်း အိမ်စီးကား သုံးစီးဖြင့် အရပ်ဝတ်စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ထို့အပြင် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်ရှိ တောင်နီကျေးရွာ၏ ရွာအုပ်ချုပ်ရေးမှူးထံသို့လည်း စစ်ကောင်စီ တပ်သားများက လူငယ် အယောက် ၃၀ လာရောက်တောင်းခံကြောင်း ဒေသခံ လူငယ် တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာအုပ်ချုပ်ရေးမှူးဆီကို လူငယ် အယောက် ၃၀ လာတောင်းတယ်တဲ့၊ ရွာလူကြီးကမပေးနိုင် ဘူးလို့ပြော တော့ ဒီလိုဆိုရင်တော့ သူတို့ဘာသာ ရှာယူတော့မယ်၊ ၈ နာရီနောက်ပိုင်း အိမ်အပြင်ဖက်မှာရှိတဲ့ လူငယ် တိုင်းကို ဖမ်းသွားမယ်လို့ ကြိမ်းမောင်းသွားတယ်၊ ပေါ်တာဆွဲတော့မယ့် သဘောလေ” ဟု ဖြစ်စဉ်များကို သိရှိရသည့် ဒေသခံလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုကို ပြောသည်။

D Day အတွက် ပြင်ဆင်ရန် သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဒေခံလူငယ်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် စစ်ကောင်စီတပ်သားတို့၏ ရန်များ အပါအဝင် PNO ဖက်မှ သတင်းပေး မှုများကိုလည်း သတိထား ရှောင်တိမ်းနေရကြောင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ကြားသိရသလောက်ဆိုရင် PNO တွေကလည်း ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထဲက ရွာထဲမှာ လူငယ်တွေကို လိုက်စည်းရုံးပြီးတော့ စကစကို လူကောက်ကူနေတယ်ကြားတယ်၊ ပေါ်တာကောက်တာက ရှေ့တန်းမှာ အသုံးချဖို့လည်း ဖြစ်နိုင်သလို ခု PDF လို့စွပ်စွဲပြီး မိသွားတဲ့ လူငယ်တွေ အတွက်လည်း စိုးရိမ်စရာ ဖြစ်လာ တယ်၊ ဘော်ဒါဆွဲပြီး အထမ်းသမားဖြစ်ဖြစ် လူသားဒိုင်းကာ အဖြစ် သူတို့ အသုံးချနိုင်တယ်” ဟု ယင်းလူငယ်က ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ NUG ၏ အရေးပေါ်ကြောညာချက် နောက်ပိုင်းတွင် အာဏာ သိမ်းစစ်ကောင်စီတို့သည် မြို့အဝင်အထွက်များကို တင်းကြပ်စွာထားရှိသည့်အပြင် ၎င်းတို့၏လေတပ် စခန်း တည်ရှိရာ မြို့များတွင်လည်း လေကြောင်းလမ်းဖြင့် ထောက်လှမ်းမှုများ ပြုလုပ်ကာ လူငယ်များကိုလည်း အဆက်မပြတ်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...