၂၁ရာစု နွေဦးတော်လှန်ရေး မှ ရှမ်းလူငယ် အမျိုးသမီး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက် မျိုးဆက်သစ် လူငယ်တွေ အာဏာသိမ်းစစ်တပ်နဲ့ စစ်ကောင်စီကို ရှေ့တန်းကနေပြီး တက်တက်ကြွကြွ တော်လှန်ခဲ့ကြ တယ်။

လူငယ်တွေဟာ သူတို့တွေရဲ့ အသက်ကို စတေး၊ အနာဂတ်အိပ်မက်တွေကို စွန့်လွှတ်၊ မိသားစု ထားရစ်၊ လွှတ်မြောက်နယ်ပယ်မှာ ရှောင်ပုန်းပြီး စစ်အာဏာရှင်ကို ဆက်လက်တော်လှန်ကာ ပြည်သူ့အာဏာ ပြန်လည်ရယူဖို့ ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။

သူတို့တွေဟာ လွှတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့် မြို့ပေါ်ကျန်ရှိနေတဲ့ မိသားစုဝင်တွေ၊ အပေါင်းအသင်းတွေကို စစ်ကောင်စီက လိုက်လံ ဖမ်းဆီး ဒုက္ခပေးနေဆဲပါ။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အသက် (၂၄) နှစ် အရွယ်သာရှိသေးတဲ့ သီပေါမြို့သူ ရှမ်းလူငယ်အမျိုးသမီး နန်းမွေနွံလျန်းလည်း မြန်မာ့တပ်မတော်ရဲ့ အာဏာသိမ်းမှုနဲ့ စစ်ကောင်စီကိုလည်း ရှေ့တန်းကနေ ဆန့်ကျင်တော်လှန်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ (ဂ) အရ တရားစွဲဆိုခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စိတ်ဒဏ်ရာတွေ၊ မလုံခြုံမှုတွေနဲ့လည်း ရင်ဆိုင် နေရပါတယ်။

လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသူ နန်းမွေနွံလျန်းဟာ ၂၀၁၄ ခုနစ်ကစပြီး ကျောင်းသားလှုပ်ရှားမှု တွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကာ ၂၀၁၆ ခုနှစ်မှာ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂကို စတင်ထူထောင်ခဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

သျှမ်းကျောင်းသားများသမဂ္ဂနဲ့ အတူ ရှမ်းပြည်အရေး၊ ရှမ်းအမျိုးသားအရေး၊ အာဏာရှင်တော်လှန်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက် ရေးတွေမှာ တက်ကြွလှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် သမိုင်းလိမ်ညာခဲ့မှုတွေ၊ ပညာရေးစနစ်ညံ့ဖျင်းမှုတွေရဲ့ အကျိုးဆက်ကတော့ ရှမ်းပြည်က လူငယ်တွေ ကိုယ့်တိုင်းပြည်အရေး လေ့လာမှုအားနည်းကြတယ်၊ နိုင်ငံရေးကို စိတ်ဝင်စားမှု နည်းကြတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်လူငယ်တွေဟာ နိုင်ငံရေးကို စိတ်ဝင်တစား ရှိလာကြပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တာတွေ ပိုများလာတာတွေ့ရတယ်လို့ နန်းမွေနွံလျန်း က ပြောပါတယ်။

“အခုလက်ရှိမှာတော့ ကျမတို့ ရှမ်းလူငယ်တွေက စစ်အာဏာရှင်ကိုတိုက်ထုတ်ဖို့နဲ့ ကိုယ့်ရှမ်းပြည်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေကြသလို ရှမ်းအမျိုးသား သွေးစည်း ညီညွတ်ရေးအတွက်လည်း ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းနှိုးဆော်ရင်း မျှော်လင့် နေကြတယ်” လို့ နန်းမွေနွံလျန်းက ဆိုပါတယ်။

ရှမ်းပြည်ထဲမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှု အရေးယူမှုတွေ ပစ်သတ်မှုတွေများလာတဲ့ နောက်ပိုင်းမှာတော့ သျှမ်းကျောင်းသားများသမဂ္ဂ အနေနဲ့ စစ်ရှောင်ကူညီတာ ပြည်သူကနေ ပြည်သူကို ထောက်ပံ့နေတာတွေ ပြုလုပ်သလို စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း စောင့်ကြည့်မှတ်တမ်းတင်တာတွေ ပြုလုပ်နေပါတယ်။

သျှမ်းကျောင်းသားများသမဂ္ဂ စတင်တည်ထောင်ချိန်မှာ အလွန်ပွင့်လင်းတဲ့အချိန်ကာလဖြစ်ပေမယ့် ရှမ်းပြည် ရှမ်းလူမှုအသိုင်းအဝန်းမှာတော့ မြေပေါ် နိုင်ငံရေး လှုပ်ရှားမှုတွေ အားအရမ်းနည်းခဲ့ပါတယ်။ ရှမ်းပြည်မှာ ကျောင်းသားသမဂ္ဂဆိုတဲ့ကို တော်တော်စိမ်းနေကြပြီး၊ ကြောက်ကြတဲ့အတွက် အဖက်ဖက် ကလက်ခံလာအောင် ကြိုးစားရတဲ့အပြင် အမျိုးသမီး လူငယ်တယောက်ဖြစ်နေတဲ့အတွက် အားလုံးရဲ့ စောင့်ကြည့်မှုကို ခံရပြီး ထိုးနှက်ပြောဆိုတိုက်ခိုက်တာတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

“ကျမမှာ ခိုင်မာတဲ့ပန်းတိုင်ရှိတယ်၊ ဒီပန်းတိုင်ကိုရောက်အောင် ကျမလုပ်နေတယ်၊ ရှမ်းပြည်သူတွေ အတွက်လုပ်နေတယ်ဆိုတာကို အလုပ်နဲ့ ကြိုးစားလုပ်ဆောင်သက်သေပြပြီး ဖြေရှင်းနေပါတယ်” လို့ သူမက ဆိုပါတယ်။

သူမဟာ မတရားမှုကိုမုန်းပြီး ခေတ်မီတိုးတက်ပြီး ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ရှိတဲ့ ရှမ်းပြည်ကို လိုချင်သူ တစ်ဦးလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လက်နက်အားကိုးပြီး အနိုင်ကျင့်တဲ့ မတရားမှုဖြစ် ပြီး စစ်အာဏာသိမ်းမှုက သူမယုံကြည်မျှော်လင့်တဲ့ ရှမ်းပြည်ရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ပိုဝေးသွား စေတယ်ဆိုတဲ့အသိဟာ သူမအတွက် ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်လာစေတဲ့ အဓိကတွန်းအား ဖြစ်လာပါတယ်။

ရှမ်းပြည်၊ ရှမ်းပြည်သူတွေဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်တွေရဲ့ လူမျိုးကြီးဝါဒကိုင်ဆွဲပြီး ဖိနှိပ်မှု တွေရဲ့ဒဏ်ကို ခံလာရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နန်းမွေနွံလျန်းက “ခေတ်အဆက်ဆက်က စစ်အာဏာရှင်ဖိနှိပ်မှုတွေ၊ မဖွံ့ဖြိုးမှုတွေ၊ အခွင့်အရေးဆုံးရှုံးမှုတွေ၊ ကိုယ့်မြေကိုယ့်ရေ ကိုယ့်သယံဇာတ တွေကို ကိုယ်တိုင်စီမံခွင့်မရတာတွေ စတာတွေအားလုံး ကျမတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်ရမယ်။ ကျမတို့မျိုးဆက်မှာ ဒီအရာတွေ အားလုံးအဆုံးသတ်ရမယ်ဆိုတဲ့ ကျမယုံကြည်ချက်က ကျမအတွက် ခွန်အားပါပဲ” လို့ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။

သူမကတော့ ရှမ်းပြည်ကြီးကို လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ် ရှမ်းပြည် လိုမျိုး ဖြစ်စေချင်သူတစ်ဦးပါပဲ။ လက်ရှိမှာက ရှမ်းပြည်ကြီးဟာ စစ်အာရှင်ရဲ့ဒဏ်၊ ကိုဗစ်-၁၉ ကပ် ရောဂါဒဏ်နဲ့အတူ ညီနောင်ချင်းမစည်းလုံးမှုတွေကြောင့် ရှမ်းပြည်လူထုဟာ ဒုက္ခအခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်နေရရင်း စိတ်ဒဏ်ရာတွေ အလူးအလဲ ခံစားနေရချိန်ဖြစ်ပါတယ်။

“ဒီအချိန်မှာ ကျမတို့ ရှမ်းပြည်တွင်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ မညီမညွတ် ဖြစ်နေမယ် ဆိုရင် ပြည်သူလူထုက ပိုဒုက္ခရောက်ရမှာပါ။ ဒီချိန်ဒီကာလမှာ အချင်းချင်း တိုက်နေတဲ့ တိုက်ပွဲတွေကို မဖန်တီးကျဘဲ ရှမ်းပြည်ရဲ့အနာဂတ်တွက်၊ ရှမ်းအမျိုးသားအနာဂတ်အတွက်၊ ပြည်သူတွေအတွက် ဆွေးနွေးစေချင်ပါတယ်” လို့နန်းမွေနွံလျန်းက ဆိုပါတယ်။

လွတ်လပ်ပြီးတန်းတူညီမျှမှုရှိတဲ့ ရှမ်းပြည်ဖြစ်လာဖို့ဆိုရင် စည်းလုံးညီညွတ်မှုမရှိဘဲ မဖြစ်လာနိုင်တဲ့ အတွက် ရှမ်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်နေ တိုင်းရင်းသားချင်း၊ စည်းလုံးညီညွတ်ရေး အတွက် ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေ၊ ပြည်သူတွေ အားလုံး ကြိုးစားစေချင်ကြောင်းလည်း သူမ က ထပ်လောင်းပြောပါတယ်။

အီဂျစ်ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဝေးဂိုနင်က “The power of the people is much stronger than the people in power” “ပြည်သူ့အာဏာ၊ ပြည်သူ့အင်အားဟာ အာဏာရှိသူတွေရဲ့ အာဏာ၊ အင်အားတွေထက် အများကြီး အားကောင်းပါတယ်” လို့ဆိုခဲ့သလို သူမအနေနဲ့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး၊ အမျိုသားတန်းတူရေးတိုက်ပွဲတွေကို လူငယ်ထုတွေရဲ့အင်အား၊ တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့အင်အားနဲ့ချည်းဘဲ တိုက်လို့မရပါဘူး။ ရှမ်းပြည်သူလူထုတစ်ရပ်လုံး အင်တိုက်အားတိုက်ပါဝင်မှသာ ကျမတို့အောင်မြင်နိုင်မှာပါ။ ဒါ့ကြောင့် အားလုံးလက်တွဲပါဝင်ပေးကြဖို့ နန်းမွေနွံလျန်းက တိုက်တွန်း လိုက်ပါတယ်။

ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးမှ
ဆက်သွယ်မေးမြန်း တင်ဆက် ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...