သိန္နီမြို့တွင် စစ်ကောင်စီကားများ ထွက်သွားပြီးနောက် ဗုံး (၂)လုံးပေါက်ကွဲ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့တွင် စစ်ကောင်စီ တပ်သားများ ပါရှိသည့် ကားများ ထွက်သွားပြီးနောက် ဗုံး(၂)လုံး ပေါက်ကွဲပြီး အနီးရှိ နေအိမ်များ၏ ပြတင်းပေါက်မှန်များနှင့် တံခါးများကို ဗုံးစများ ထိမှန်ကာ ပျက်စီးခဲ့မှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ ညသန်းခေါင် ၁ နာရီဝန်းကျင်အချိန်တွင် သိန္နီဈေးအောက်ဖက်ရှိ လမ်းမ ကြီး ဘေးတွင် တပ်ဆင်ထားသည့် ဗုံးနှစ်လုံးသည် ပေါက်ကွဲပြီး အနီးရှိ နေအိမ်မှ ပြတင်းပေါက်များ တံခါး များကို ဗုံးစများ ထိမှန်သော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းသတင်းသိရသည်။

“ဟုတ်ပါတယ်၊ ည ၁ နာရီဝန်းကျင်အချိန်မှာ ပေါက်ကွဲတာပါ၊ ဖြစ်ချင်တော့ အဲ့ချိန်မှာ စစ်ကားနှစ်စီးက ဖြတ် သွားတယ်၊ အဲ့စစ်ကား မရှေ့မနှောင်းမှာပဲ ဗုံးက ပေါက်ကွဲတာ၊ အနီးမှာ ရှိတဲ့ အိမ်တစ်လုံးရဲ့ ပြတင်းပေါက်နဲ့ တံခါးတွေကို ဗုံးစတွေက ထိမှန်သွားတယ်၊ လူနဲ့ တိရစ္ဆာန်တွေကတော့ ထိခိုက်မှု မရှိဘူး” ဟု သိန္နီမြို့နေ ဦးစိုင်းပွမ်ဝမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးများပေါက်ကွဲခြင်းသည် သိန္နီမြို့တွင်းတွင် ဖြစ်လေ့ဖြစ်ထမရှိသည့်အပြင် ယခုလို နိုင်ငံရေး မကောင်းသည့် အချိန်မှာ ဖြစ်လာသည့်အတွက် မြို့ခံပြည်သူများ ထိတ်လန့်နေပြီး နောက်အကျိုးဆက်များ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြောင်း သိန္နီမြို့နေ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းက သိန္နီမြို့က ငြိမ်းချမ်းပါတယ်၊ အခုတော့ နိုင်ငံရေးကလည်းမကောင်းတော့ ဒီလိုတွေ ဖြစ်လာရ တယ်၊ ဒီလို ပေါက်ကွဲမှုတွေရှိလာတော့ မြို့တွင်းအစစ်အဆေးတွေ ကြမ်းလာမယ်လေ၊ အခုတောင် မြို့ထဲမှာ စကစတွေ စစ်ဆေးမေးမြန်းနေကြတယ်၊ သူတို့ အဲ့လို လုပ်တော့ ပြည်သူတွေက သွားရဲလာရဲ မရှိကြတော့ ဘူး” ဟု သိန္နီမြို့နေ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ် အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့အပြင် တခြားသော တိုင်းရင်းသားလက်နက်ကိုင် များ ဖြစ်ကြသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ သျှမ်းပြည်တိုးတက်ရေးတပ်မတော် (SSPP/SSA) နှင့် တအာန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကဲ့သို့သော လက်နက် ကိုင် အဖွဲ့အစည်းများလည်း သွားလာ လှုပ်ရှားမှုများရှိနေကြာင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...