Thursday, January 29, 2026

စစ်ကောင်စီ

နမ့်ခမ်းမြို့နယ် လက်နက်ကြီးကျ ကလေးငယ်(၃)ဦးထိ၊ တစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွန်းဟုန်းကျေးရွာအုပ်စု နမ့်စန်းကျေးရွာထဲတွင် ယမန့်နေ အောက်တိုဘာ (၁၁) ညနေ ၄ နာရီ ဝန်းကျင်က လက်နက်ကြီးကျ ပေါက်ကွဲမှု ဖြစ်သဖြင့် ကလေးငယ်(၃)ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုလက်နက်ကြီးသည် မည်သည့်လက်နက်ကိုင်ဘက်မှ ပစ်သည့် လက်နက်ကြီး ဖြစ်သည်ကို ယနေ့ထိမသိရှိကြောင်း၊ ထိုလက်နက်ကြီး...

တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်းခပေးဆောင်ခိုင်း

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်းတွင် ယာယီ ပျံကျဈေးဆိုင်ခန်းများကို စစ်ကောက်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာန က ဆိုင်ခန်းခ ကောက်ခံမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်း တွင်ရှိသည် ယာယီပျံကျဈေးဆိုင်တန်းသည် ကိုဗစ်-၁၉ ကူးစက်မှု နှုန်းမြင့်တက်လာမှုကြောင့် တန့်ယန်းမြိုု့မ ဈေးမှ ခွဲထွက်လာရောက်ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေးဆိုင်တန်းများ ဖြစ်ပြီး၊...

ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီ မှ လူငယ်များကို ယခင်ထပ် ပိုဖမ်းဆီးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင် ယခု ရက်ပိုင်း ညထွက်သွားလာသူများကို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်လာလျက်ရှိပြီး ယမန့်နေ အောက်တိုဘာ (၁၁) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံများရှိကြောင်း...

အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့သည့် ကလောစစ်ဦးစီး တက္ကသိုလ် COVID-19 ကူးစက်မှုမြင့်တက်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့သည့် ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက်တွင် စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်သည် ကလောမြို့ ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်းကျောင်း...

ဖမ်းဆီးခံရသည့် ဟိုပုံးလူငယ် (၈) ဦးကို စစ်ကောင်စီမှ ငွေဖြင့်လာထုတ်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့တွင် လူငယ် (၈) ဦးကို နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး ငွေဖြင့် ပြန်လာထုတ်ခိုင်းကြောင်း ဒေသခံများသတင်းပေးပို့ချက်အရ သတင်းရရှိသည်။ ထို လူငယ် (၈) ဦးကို အောက်တိုဘာ (၈) ည ၁၂ နာရီဝန်းကျင်တွင် မူးယစ်ဆေးသုံးသည်ဟုဆိုပြီး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုသူ(၈)ဦး၏...

မုံးကိုးမြို့နယ် တိုက်ပွဲများဆက်လက်ဖြစ် စစ်ကောင်စီဘက် စစ်ကူအင်အားချီတက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတို့မှ စစ်ကူအင်အား အများအပြား ဆက်လက်ချီတက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( အောက်တိုဘာ ၇ )ရက် ညပိုင်းအချိန်မှ စတင်ကာ မုံးကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာတွင် ဖြစ်ပွားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲသည်...

ဖယ်ခုံမြို့နယ် စစ်ကောင်စီမှ ဖမ်းသွားသည့် လူငယ်များ ထောင်ဝင်စာတွေ့ခွင့်မရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းနှင့် ယခု အောက်တိုဘာ လဆန်းပိုင်းအတွင်း စစ်ကောင်စီတို့၏ မတရားဖမ်းဆီးမှုကို ခံရသည့် လူငယ်များသည် ထောင်ဝင်စာတွေ့ခွင့် မရှိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကုန်းသာတိုက်ပွဲအပြီးတွင် စစ်ကောင်စီတို့သည် ဖယ်ခုံမြို့နယ်အတွင်း ခြေကျင်လှည့်လည်ပြီး အပြစ်မဲ့ လူငယ်...

စစ်ကောင်စီ ဖမ်းဆီးသွားသည့် တောင်ကြီးဆေးကျောင်းသူ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရ

သျှမ်းပြည် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ မကြယ်စင်လင်းလက် ကို စစ်ကောင်စီတို့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့သို့ ကျောင်းလာတက်ပြီး စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် - ၁၉ ရောဂါအခြေအနေကြောင့် နေအိမ်သို့ ပြန်နေသည့်...

ကလောပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ CDM လုပ်သည့် ဝန်ထမ်းများ ဖိအားပေးခြိမ်းခြောက် ခံနေရကြောင်း စုံစမ်းသိရှိရသည်။ ကလောမြို့ပြည်သူ့ဆေးရုံမှ CDM မပြုလုပ်သည့် ဝါရင့် သူနာပြုဆရာမကြီး တစ်ဦးသည် CDM လုပ်ဆောင်သည့် ဝန်ထမ်းများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ထွေအုပ်ရုံးသို့ ပို့ဆောင်ပေးပြီး အလုပ်ပြန်ဆင်းရန် ခြိမ်းခြောက်စာများ ပေးပို့လာကြောင်း...

သျှမ်းပြည် စည်ပင်ညွှန်မှူးမှ အတွင်းသတင်းမပေါက်ကြားရန် ဝန်ထမ်းများကို ခံဝန်ထိုးခိုင်း

သျှမ်းပြည်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် အတွင်းသတင်းများ မပေါက်ကြားရန် အတွက် ဝန်ထမ်းများကို ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သျှမ်းပြည် စည်ပင်သာယာရေးဌာန စီမံခန့် ခွဲရေး အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၁)တွင် သျှမ်းပြည် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက...

Latest news