Friday, January 30, 2026

မိုးဗြဲ စစ်ကောင်စီ သေနတ် ရမ်းသမ်းပစ်၊ အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အာဏာသိမ်းစစ်ကောင်စီတို့၏ တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာ ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (အောက်တိုဘာ ၂၄) ရက် မနက်ပိုင်းတွင် ကယားပြည်(ကရင်နီပြည်)နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီမှ သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် စည်ကား အမှတ် ၁ ရပ်ကွက်မှ အရပ်သား တစ်ဦးသေဆုံးပြီး အမှတ် ၃ ရပ်ကွက်ဘက်မှ ၄ နှစ်အရွယ် နှင့် ၁ နှစ်အရွယ် ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။

“စစ်ကောင်စီတွေက ရမ်းပြီးပစ်တာ၊ လူတွေရှိတဲ့ဘက် မြို့ထဲကိုရမ်းပစ်တော့ လူရော အဆောက်အအုံတွေရော ထိတယ်၊ အမျိုသမီး တစ်ဦးသေဆုံးတယ်၊ ပြီးတော့ ကလေး ၂ ယောက်လည်း ဒဏ်ရာရသွားတယ်၊ စုစုပေါင်း ၆ ဦးဒဏ်ရာတယ်၊ စိုးရိမ်ရတယ်ပြောရမယ်” ဟု မိုးဗြဲမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို ဌာနေပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုနှင့် ပြည်သူ့ကျန်းမာရေး အဖွဲ့မှ ကုသစောင့်ရှောက်မှုများပေးနေပြီး အရေးပေါ် ဆေးဝါးနှင့် အသုံးပစ္စည်းများ အပြင် တချို့သော သွေးအမျိုးအစားများလည်း အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ယနေ့ နံနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်အထိ မိုးဗြဲမြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်ရှိနေသည့်အတွက် ဒေသခံ ပြည်သူများသည် နေအိမ်များကို စွန့်ခွာပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေလျက် ရှိကြောင်း သိရသည်။

လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းချီတက်လာနေမှုကို တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)နှင့် ဌာနေပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ တန်ပြန် တိုက်ခိုက်နေလျက်ရှိပြီး လက်ရှိပစ်ခတ်မှုများအပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဘက်မှလည်း ခုခံဖို့ရှိနေလို့ မြို့ခံများအနေဖြင့် မြို့တွင်းမှ ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...