မိုးဗြဲ စစ်ကောင်စီ သေနတ် ရမ်းသမ်းပစ်၊ အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အာဏာသိမ်းစစ်ကောင်စီတို့၏ တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာ ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (အောက်တိုဘာ ၂၄) ရက် မနက်ပိုင်းတွင် ကယားပြည်(ကရင်နီပြည်)နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီမှ သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် စည်ကား အမှတ် ၁ ရပ်ကွက်မှ အရပ်သား တစ်ဦးသေဆုံးပြီး အမှတ် ၃ ရပ်ကွက်ဘက်မှ ၄ နှစ်အရွယ် နှင့် ၁ နှစ်အရွယ် ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။

“စစ်ကောင်စီတွေက ရမ်းပြီးပစ်တာ၊ လူတွေရှိတဲ့ဘက် မြို့ထဲကိုရမ်းပစ်တော့ လူရော အဆောက်အအုံတွေရော ထိတယ်၊ အမျိုသမီး တစ်ဦးသေဆုံးတယ်၊ ပြီးတော့ ကလေး ၂ ယောက်လည်း ဒဏ်ရာရသွားတယ်၊ စုစုပေါင်း ၆ ဦးဒဏ်ရာတယ်၊ စိုးရိမ်ရတယ်ပြောရမယ်” ဟု မိုးဗြဲမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို ဌာနေပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုနှင့် ပြည်သူ့ကျန်းမာရေး အဖွဲ့မှ ကုသစောင့်ရှောက်မှုများပေးနေပြီး အရေးပေါ် ဆေးဝါးနှင့် အသုံးပစ္စည်းများ အပြင် တချို့သော သွေးအမျိုးအစားများလည်း အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ယနေ့ နံနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်အထိ မိုးဗြဲမြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်ရှိနေသည့်အတွက် ဒေသခံ ပြည်သူများသည် နေအိမ်များကို စွန့်ခွာပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေလျက် ရှိကြောင်း သိရသည်။

လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းချီတက်လာနေမှုကို တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)နှင့် ဌာနေပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ တန်ပြန် တိုက်ခိုက်နေလျက်ရှိပြီး လက်ရှိပစ်ခတ်မှုများအပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဘက်မှလည်း ခုခံဖို့ရှိနေလို့ မြို့ခံများအနေဖြင့် မြို့တွင်းမှ ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...