ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃နှစ်စီချ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အရပ်သား (၇)ဦးကို စစ်ကောင်စီမှ အမှုချလိုက်ပြီး ထောင်ဒဏ် (၃)နှစ် စီ ချလိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရား စွဲထားခြင်းခံရသည့် ကျောင်းဆရာမ မမီဆော (ခ) နန်းရှဲန်လာ၊ ကျိုင်းတုံ မြို့နယ် NLD အတွင်းရေးမှူး ဦးမြင့်စိုး၊ ဆိုင်ကယ် Taxi မောင်းသူ ဦးမိုးအောင် နှင့် မချော (ခ) ဒေါ်ခင်မမလှိုင် တို့အား ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

“ဒါက အမြင့်ဆုံး ပစ်ဒဏ်လို့တောင် ပြောလို့ရတယ်၊ ဘေး/စီ ပုဒ်မ ၂၅ က ဥပဒေအရဆိုရင် ဒဏ်ငွေနဲ့ ထောင်ခြောက်လက အမြင့်ဆုံးပစ်ဒဏ်ပဲ၊ ခုလို စစ်တပ်ကမတရားဖမ်းတယ်၊ မတရား ထောင်ချပြီးတော့ ပစ်ဒဏ်ချတယ်၊ ဒါက သူတို့အနေနဲ့ ဥပဒေကိုမလေးစားတာ၊ ဥပေဒအထက်မှာ ရှိနေတယ်ဆိုပြီး လုပ်ပြ နေတာ” ဟု ပစ်ဒဏ် ချမှတ်ခြင်းခံရသူတစ်ဦးရဲ့ မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီး အပြန်လမ်းတွင် ဖမ်းဆီးခံရသည့် မောင်ဂျူးလီ၊ မယွန်းလဲ့နန္ဒာနှင့် မနန်းခမ်းဖူးမြတ် တို့ကိုလည်း စစ်တပ်အားဆန့်ကျင်မှုဖြင့်ဟုဆိုတာက ရာဇသတ် ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲဆိုထားပြီး ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်သည်။

မောင်ဂျူးလီကိုမူ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်အတူ ဖမ်းမိသည်ဟုဆိုကာ သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် ပါ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် ၃နှစ်ထပ်မံချမှတ်ခဲ့သည်။

ပုဒ်မ ၅၀၅-က မှာ ယခင်က အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြစ်ဒဏ်ကို အမြင့်ဆုံး ၃ နှစ်အဖြစ် ပြင်ဆင်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အများအပြား အမှုဖွင့်ခဲ့သည်။

၈ လကျော် ကြာသည်အထိ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး ထောင်တွင်းမှသာ တရားရင်ဆိုင်နေရသည့် အဆိုပါ ၇ ဦးတို့ကို စစ်ကောင်စီတို့မှ မတရာဖမ်းဆီးထားသည့် အပြင် ရှိရင်းဥပဒေထက် ပိုမိုပြီး ပြစ်ဒဏ်ချ မှတ်လိုက်သည့် အတွက် စစ်ကောင်စီလက်ထက် တရားရေးမဏ္ဍိုင်သည် အကျင့်ပျက်နေကြောင်း ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...