လားရှိုး အကျဉ်းထောင်မှ ပြန်လွတ်လာသူများ ခံဝန်ကတိထိုးရ

စစ်ကောင်စီ မှ မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး ပြန်လွတ်မြောက်လာသည့်သူများကို နောက်နောင် အလားတူ မပြုလုပ်ရန် ခံဝန်ကတိထိုးခဲ့သဖြင့် အနေအထိုင် လွတ်လပ်မှုမရှိနိုင်ကြောင်း စုံစမ်းသိရသည်။

လားရှိုး အကျဉ်းထောင်

ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်)တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးချုပ်နှောင်ထားသည့် လားရှိုးအကျဥ်းထောင်မှ ပြည်သူ (၁၁)ဦးကို လွှတ်ပေးခဲ့ပြီး၊ ထိုသူများသည် ခံဝန်ကတိထိုးခိုင်းပြီး လွှတ်ပေးကြောင်းနှင့် နောက်နောင် အလားတူဖြစ်ရပ်မျိုးရှိလာပါက ပြစ်မှုဟောင်းနှင့်အတူ ပြစ်ဒဏ်ခံရဖွယ်ရှိသည်ဟု စစ်ကောင်စီက သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ နောက် ဒီလို စစ်အာဏာရှင်ကို ဆန့်ကျင်ရင် အရင်အမှု အဟောင်းနဲ့ ပေါင်းပြီးတော့ ပြစ်ဒဏ်ခံရမယ်လို့ ကျနော်တို့ မလွှတ်ခင်က ကတိပေးရတယ်။ ခံဝန်ကတိထိုးခဲ့ရတယ်” ဟု လားရှိုး အကျဉ်းထောင်မှ လွတ်လာသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး အကျဉ်းထောင်မှ ပြန်လွှတ်ပေးလာသည့်သူများကို စစ်ကောင်စီအုပ်စုက မျက်ခြေမပြတ် စောင့်ကြည့်မှုကို ခံရမည်ဖြစ်သည့်အတွက် လွှတ်လာခဲ့သော်လည်း အကျဉ်းကျနည်းတူပင် ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

“ပြောရရင်တော့ အထဲမှာနေတုန်းက ဘာမှ မတွေးရဘူး၊ လွှတ်ရင်လည်း လွတ်ဖို့ အဲ့လောက်ပဲ တွေးရတယ်၊ အပြင်ရောက်လာတော့ တွေးစရာတွေက များတယ်၊ ဘာဆက်လုပ်ရမလဲ၊ ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ကိုယ့် နောက်ကို လိုက်ကြည့်နေတဲ့သူတွေလည်း ရှိနိုင်တော့ ဘာမှ အတိမ်းအစောင်းခံလို့တော့ မရဘူးလေ” ဟု ပြန်လွတ်လာသည့် အသက် ၃၀ ကျော် လူငယ်တစ်ဦးက ဆိုသည်။

လားရှိုးမြို့တွင်နေထိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်မှု မပြုလုပ်ခဲ့ဘဲ ဖမ်းဆီးခံရသည့် သျှမ်းလူငယ် တစ်ဦး ဖြစ်သည့် စိုင်းဆိုင်ဝမ်းဦးလည်း ပြန်လည် လွှတ်မြောက်လာခဲ့သည်။

“ကျနော်တို့ကို စစဖမ်းသွားတုန်းက စခန်းမှာစစ်တာပေါ့၊ ကျနော့ခေါင်းကို လက်ဖဝါးနဲ့ရော၊ သေနတ်ဒင်နဲ့ရော ရိုက်ခံရတယ်၊ နောက် အချုပ်ကိုရောက်တော့ စစရောက်တုန်းက ၂၄ နာရီလုံး အပြင်ကို ပေးမထွက်ဘူး၊ ၁၄ ရက်လောက်က အဲ့လိုပဲနေရတယ်၊ အိမ်နဲ့ ထောင်ဝင်စာရနိုင်ဖို့လည်း တော်တော်ခက်တယ်” ဟု စိုင်းဆိုင်ဝမ်းဦးက ပြောသည်။

သျှမ်းလူငယ် စိုင်းဆိုင်ဝမ်းဦး ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ မိခင်ဖြစ်သူကလည်း ဝမ်းသာကြောင်းနှင့် သားအတွက် စိုးရိမ်မှုတော့ ရှိနေသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သားက လွတ်လာတော့ မိခင်အနေနဲ့တော့ ပျော်တာပေါ့၊ ဘယ်လိုပြောပြော သားက လွတ်လပ်ပြီ၊ အထဲမှာ ရှိနေတုန်းတော့ သူ့စားဖို့သောက်ဖို့က အစ ကျန်းမာရေးတွေကိုပါ စိတ်ပူရတယ်၊ ဒါပေမဲ့ စိုးရိမ်စိတ်ကတော့ ရှိနေဆဲပါ၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်ပေးလိုက်တဲ့သူတွေကို ချက်ခြင်းပြန်ဖမ်းတယ် ဆိုတဲ့သတင်းတွေကို လိုင်းပေါ်မှာ တွေ့နေရလို့၊ ကျမသားကိုတော့ အဲ့လိုမျိုး မဖြစ်ချင်ဘူး” ဟု စိုင်းဆိုင်ဝမ်းဦး၏ မိခင်ဖြစ်သူက ပြောသည်။

မတရားဖမ်းဆီးခံရသူများလည်း လွတ်မြောက်လာသည့်အတွက် ဝမ်းသာသော်လည်း ခံဝန်ကတိနှင့် ထွက် လာရသည့်အတွက် ပေါ့ဆပြီး မနေသင့်ကြောင်းနှင့် စစ်ကောင်စီတို့မှ အာဏာသိမ်းပိုက်နေစဥ် ကာလပတ်လုံး ပြည်သူများအနေဖြင့် အရာရာကို သတိထားနေထိုင်သင့်ကြောင်းလည်း လားရှိုးမြို့ အမျိုးသားလွှတ်တော် နေရာကို အနိုင်ရခဲ့ဖူးသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း စိုင်းဝမ်းလှိုင်းခမ်းကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ(စိုင်းဆိုင်ဝမ်းဦး) စစပါသွားတုန်းကလည်း ကျနော်တို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတယ်၊ ခုပြန်လွတ်လာတော့ ဝမ်းသာတယ်ပေါ့နော်၊ ဒါပေမဲ့ ကျန်းမာရေးကိုသွားပြီး စစ်ကြည့်ဖို့ ကျနော် အကြံပြုထားတယ်၊ ဘာလို့လဲဆို အထဲမှာ ရှိနေတုန်းက စစ်ဆေးမေးမြန်းမှုတွေကြောင့် ဘယ်လိုခံခဲ့ရလဲဆိုတာ ပြောလို့မရနိုင်ဘူးလေ၊ စစ်အာဏာရှင်က မပြုတ်မချင်း ပြည်သူများအားလုံးလည်း သတိဝိရိယနဲ့ နေဖို့ ကျနော် ပြောချင်တယ်” ဟု စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် နေ့ခင်းပိုင်းအချိန်တွင် စစ်ကောင်စီတို့သည် ၎င်းတို့ ဖမ်းဆီထိန်းသိမ်းထားသည့် တနိုင်ငံလုံးရှိ အကျဥ်းထောင်များမှ ဖမ်းဆီထားသူ (၄၃၂၀)ဦးကို ပြန်လွှတ်ပေးမည်ဟု ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...