ညောင်ရွှေမြို့နယ် ကျေးရွာများ မီတာခ မဆောင်၊ ရွာလုံးကျွတ် မီးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ကျေးရွာများ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မီတာခ မဆောင်သဖြင့် ရွာလုံးကျွတ် မီးဖြတ်ခံရကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် မီးဖြတ်ခံထားရသည့် ကျေးရွာများကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများက ပိုက်ဆံသိန်း ၃၀ ပြန်လည်ပေးသွင်းပါက မီးပြန်ပေးမည်ဟု လာရောက်ညှိနှိုင်းကြောင်း မီးဖြတ်ခံထားရသည့် ညောင်ဖြူကျေးရွာမှ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်က အာဏာသိမ်းပြီးကတည်းကိုက မဆောင်တာ၊ ခနခနလာတောင်းတယ်၊ လာခြိမ်းခြောက်တယ်၊ ရွာသားတွေက မပေးဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်ဖြတ်လိုက်တာ၊ ပြီးတော့ ပိုက်ဆံသိန်း ၃၀ နဲ့ လာညှိတယ်၊ ပိုက်ဆံ သိန်း ၃၀ ကို တစ်လ ၁၀ သိန်းနဲ့ သုံးလပေးပေါ့၊ အဲ့လိုဆို မီးပြန်ပေးမယ်တဲ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အလားတူပင် အာဏာသိမ်းစစ်ကောင်စီအတွက် အသုံးစရိတ်လို ဖြစ်နေသည့် မီတာခများကို ပေးဆောင်ခြင်း မရှိသည့် တုံလည်းရွာကိုလည်း လက်ရှိတွင် လျှပ်စစ်မီးများပျက်နေကြောင်း သတင်းသိရသည်။

“ကျမတို့ရွာမှာလည်း ဒီနေ့တစ်နေကုန် မီးက လာလိုက်ပျက်လိုက်နဲ့ ဖြစ်နေတာ၊ ခုည ၈ နာရီဝန်းကျင်တော့ လုံးဝ ပျက်သွားတာ၊ ခုထိ ပြန်မလာသေးဘူး၊ ကျမတို့ရွာမှာ မီတာမဆောင်တဲ့လူလည်း တော်တော်များများရှိနေတော့ မီးဖျက်လိုက်တာလားတော့ မပြောတတ်ဘူး” ဟု တုံလည်းရွာသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးမှ တာဝန်ရှိသူ တစ်ချို့တို့သည် ညောင်ရွှေမြို့နယ်အတွင်းရှိ ညောင်ဖြူကျေးရွာအပြင် မိုင်းသောက်ကျေးရွာအုပ်စုရှိ မီတာခ မဆောင်သည့် ရွာများကိုလည်း မီးဖြတ်ခြိမ်းခြောက်ပြပြီး ငွေသား သိန်း ၃၀ ပေးမှ မီးပြန်ပေးမည်ဟူသည့် ညှိနှိုင်းချက်များ လုပ်ဆောင်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...