Friday, January 30, 2026

စစ်ကောင်စီ

ပန်ဆိုင်းမြို့နယ် ကိုးကန့် နှင့် စစ်ကောင်စီ တိုက်ပွဲကြောင့် ဒေသခံ တစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မုံကိုးမြို့ တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တို့ တိုက်ပွဲကြောင့်‌ ပြည်သူတစ်ဦး ကျည်ထိသေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၁၇) နေ့လည် ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)...

ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃နှစ်စီချ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အရပ်သား (၇)ဦးကို စစ်ကောင်စီမှ အမှုချလိုက်ပြီး ထောင်ဒဏ် (၃)နှစ် စီ ချလိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်...

ဒီးမော့ဆို စစ်ရှောင်များနှင့် ဆေးအကူများ ကိုဗစ်-၁၉ ကူးစက်ခံနေရ

ကယားပြည်(ကရင်နီပြည်)အတွင်းရှိ ဒီးမော့ဆို စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ဘေးရှောင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးအကူစေတနာ့ဝန်ထမ်း ၂ ဦး ကိုဗစ် - ၁၉ ကူးစက်ခံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး စစ်ဘေးရှောင် (၁၀၀)ကျော်ရှိနေသည့် ဒီးမော့ဆိုမှ စစ်ဘေးရှောင် စခန်းတစ်ခုတွင် ကိုဗစ် -...

RCSS အပါအဝင် လက်နက်ကိုင်အများစု NCA(၆)နှစ်ပြည့် အခမ်းအနားတက်

စစ်ကောင်စီ ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် (၆) နှစ်မြောက် အခမ်းအနားကို RCSS/SSA အပါအဝင် လက်မှတ်ထိုးထားသည့် အဖွဲ့များ အများစု တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ (၁၅) ရက်မှာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်...

လားရှိုး – လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များ စစ်ကောင်စီ ဂိတ်ကြေးအဆမတန်တောင်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့-လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အခွန်ခကို အဆမတန် ကောက်ခံယူနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ ကိုဗစ် ၁၉ ကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောက်ကိုင်သွားလမ်းဘက်တွင် စစ်ဆေးရေး တင်းကြပ်ပြီး၊ တဂိတ်လျှင် ယွမ် ၂၀၀ (မြန်မာကျပ်ငွေ ပေါက်ဈေး ၄သောင်း)ထိ ပေးဆောင်ရပြီး၊...

မုံးကိုး စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ် အရပ်သား (၆)ဦး လက်နက်ကြီး ထိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း MNDAA နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား(၆) ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၁၂) ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖော်ဂျုံးပါ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျပြီး ဒေသခံ (၆) ဦး ထိခိုက်ဒဏ်ရာ...

သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်း သတင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီမြို့နယ်မှ မိုင်းကျက်၊ မိုင်းယော် တို့နှင့် ထိစပ်နေသည့် ဟူးလောင်ကျေးရွာမှ ရွာသားတစ်ဦးကို ပြီးခဲ့သည့်...

ဖယ်ခုံမြို့ NLD ပြန်ကြားရေးတာဝန်ခံနေအိမ်ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြန်ကြားရေးတာဝန်ခံ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တို့မှ ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ( အောက်တိုဘာ ၁၂) ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင် တွင် ဖယ်ခုံမြို့ရှိ NLD ၏ မြို့နယ် ပြန်ကြားရေးတာဝန်ခံ...

အမှုရုပ်သိမ်းပေးမည်ဟုကြေညာချက်ကြောင့် နေအိမ်ပြန်လာသူ ဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး စစ်ကောင်စီ က (၅၀၅) ဖြင့် ဖမ်းဝရမ်းထုတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် နေအိမ်သို့ လာပြီး ပရဟိတ လုပ်နေစဉ် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည့် ဦးစံဝင်းမောင် ကို အောက်တိုဘာ...

စစ်ဘေးရှောင်နှင့် PDF အလှူငွေကောက်ခံနေသည့် လူငယ်များ ဖမ်းဆီးခံရ

စစ်ဘေးရှောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအတွက် KPay နှင့် အလှူကောက်ခံမှုများ ပြုလုပ်နေသည့် လူငယ်များတချို့ Kpay အကောင့်ပိတ်ခံရပြီး ဖမ်းဆီးခံနေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၁၀ ခွဲဝန်းကျင်အချိန်ခန့်တွင် တောင်ကြီးမြို့ ၊ညောင်ဖြူစခန်း (မြေဖြူ) ရပ်ကွက်၊ Cherry...

Latest news