Wednesday, January 28, 2026

လားရှိုး လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ည (၇)နာရီဝန်းကျင်က လက်နက်ကြီး ပေါက်ကွဲသံကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ညတွင် လားရှိုးမြို့ အထက်မန်အိုင်ကျေးရွာအနီးရှိ ပြောင်းဖူးခင်းအတွင်း လက်နက်ကြီး ကျပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံကျယ်လောင်လွန်းသဖြင့် စိုးရိမ်ထိတ်လန့်ရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကတော့ အသံ အရမ်းကျယ်တော့ လန့်သွားတာပေါ့၊ ပြောင်းဖူးခင်းထဲ ကျတာ၊ ရွာနဲ့ အရမ်းနီးတယ်လေ၊ ကြောက်တာပေါ့၊ လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်၊ ရွာထဲလာကျရင်တော့ ပြာပုံဖြစ်သွားတော့မှာ၊ ခုချိန် စစ်ရှောင်ထွက်ပြေးရမှာ အရမ်းကြောက်တယ်၊ ဘယ်သူမှလည်း တာဝန်မယူပေးနိုင်ဘူးလေ” ဟု အထက်မန်အိုင်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံများက ဆိုသည်။

အထက်မန်အိုင်ကျေးရွာ မြောက်ဘက်တွင် ခမရ (၅၀၇)တပ် ရှိပြီး ထိုလက်နက်ကြီးများကို စကစ တပ်ထဲမှ ပစ်ခတ်သည်ဟု ဒေသခံများ ယူဆနေသော်လည်း မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုတော့ အတိအကျ မသိရသေးပေ။

“ဘယ်အဖွဲ့က ပစ်တာလည်းတော့ အတိအကျ မသိဘူး၊ တစ်ချို့က တပ်ထဲက ပစ်တာလို့ အဲ့နားနေတဲ့သူတွေက ပြောကြတယ်၊ အသံက အရမ်းကျယ်တယ်လေ၊ နှစ်လုံးဆက်တိုက် ပစ်လိုက်တာ၊ ပြည်သူတွေကို တမြင် ထိတ်လန့်အောင် လုပ်နေတာလားတော့ မသိဘူး” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း လားရှိုး − သိန္နီကြား လမ်းမကြီးအနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ယခုလအတွင်း ပေါက်ကွဲသံများ မကြာခဏ ကြားနေရသော်လည်း ယမန်နေ့ည ပေါက်ကွဲမှုသည် ပိုမိုကျယ်လောင်သည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်ခဲ့ရတာြဖစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...