စစ်ကောင်စီမှ ဓနု ကျောင်းဆရာ ပြန်လွှတ်ပေးပြီး အချုပ်ခန်းအပြင်မရောက်ခင် ပြန်ဖမ်းသွား

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံး)တွင် စစ်ကောင်စီက ချုပ်နှောင်ခံထားရသည့် ဓနုတိုင်းရင်းသား အထက်တန်းပြကျောင်းဆရာတစ္ဦး ကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့ရာ ထောင်ဝန်းအပြင် မရောက်ခင် ပြန်လည်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသည့် အထက်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သည့်အပြင် အဆိုတော်တစ်ဦးလည်းဖြစ်သည့် ဓနုတိုင်းရင်းသား ကိုပြည့်ဖြိုးဝင်း သည် ထောင်ဝန်းအပြင်မရောက်မှီ ချက်ချင်းပြန်လည် ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့က (အောက်တိုဘာလ ၂၀ ရက်) လွှတ်ပေးမယ်ဆိုလို့ ကျမတို့သွားစောင့်ခဲ့တာ၊ အဲ့နေ့ ညနေပိုင်း လောက်ရောက်မှ သူတို့က တစ်စုလွှတ်ပေးတယ်၊ ကျမတို့လူမပါသေးတော့ ကျမတို့ထပ်စောင့်တာ ည ၇ နာရီထိုးခါနီးတော့ နောက်ထပ်တစ်သုတ် ထပ်လွှတ်ပေးတယ်၊ စုစုပေါင်း ၁၇ ယောက်လောက်ရှိမယ်၊ ဒါပေမဲ့ တချို့ပဲလွတ်တယ်၊ သူ(ကိုပြည့်ဖြိုးဝင်း) နဲ့ တချို့က ချက်ချင်း ပြန်အဖမ်းခံလိုက်ရတယ်” ဟု ထောင်ရှေ့သို့ သွားရောက်စောင့်ခဲ့သည့် ဆွေမျိုးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ကိုပြည့်ဖြိုးဝင်းသည် ပင်းတယမြို့နယ်၊ မိုင်းအင်းကျေးရွာတွင် နေထိုင်သည့် ပန်သခွား (အ.ထ.က) အထက်တန်းပြ ကျောင်းဆရာနှင့် အဆိုတော်တစ်ဦးဖြစ်သည့်အပြင် စစ်တပ်မှ နိုင်ငံတော်သိမ်းယူပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့မှုနှင့် မေလ ၁၇ ရက်၊ နံနက် ၃ နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ပန်သခွား၊ အထက်တန်းကျောင်း၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

တောင်လေးလုံး အကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ပြန်လွတ်လာရမည့် စာရင်းတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ထောင်ဝန်းအပြင်ဘက် မရောက်ခင်တွင် အကြမ်းဖက်မှု ပုဒ်မဖြင့် စစ်ကောင်စီက ပြန်လည် ဖမ်းဆီးထားခြင်းဖြစ်သည်ဟုလည်း မိသားစုနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။

“အရင်တုန်းက ရုံးချိန်း နှစ်ခါရှိပါတယ်၊ သူ့ကို ၅၀၅ (က)နဲ့ တရားစွဲထားတာ၊ ထောင်ထဲကနေပဲ တရား ရင်ဆိုင်ခဲ့တာပေါ့၊ ထောင်ဝင်စာပေးလို့ရတယ်၊ လူကိုယ်တိုင်တော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို အောက်တိုဘာလ ၁၈ ရက်မှ စတင် ပြန်လွှတ်ပေးခဲ့ သော်လည်း လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခံရသူများလည်း အများအပြားရှိနေကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီတို့ လုပ်ရပ်သည် ပြည်သူများကို စိတ်ဒဏ်ရာများပေးပြီး ဒုက္ခပေးနေသည့် သဘောဖြစ်သည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသက် ၂၄ နှစ် အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါက သူတို့လှည့်ကွက်ပဲလေ၊ ပြောရရင် အာဆီယံကို မျက်နှာလို မျက်နှာရ လုပ်ပြချင်တာ၊ မလွှတ်ဘူးဆိုလည်း အစကတည်းက မလွှတ်ဘူးပေါ့။ အခုတော့ လွှတ်ပြီးမှ ပြန်ဖမ်းပြီး အချုပ်ထဲပြန်ထည့်တယ်၊ စောင့်နေရတဲ့ မိသားစုရော၊ ထောင်ထဲက လွတ်လာတဲ့သူရော ဝမ်းနည်းပက်လက် ဖြစ်ရတယ်၊ ပြည်သူတွေကို စိတ်ဒဏ်ရာပေးပြီး ဒုက္ခပေးနေတာ” ဟု ၎င်းက ပြောသည်။

လွတ်မြောက်ပြီး မကြာမီ ပြန်လည်ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၁၀)ရှိပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP)လည်း အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...