ပန်ဆိုင်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ပြည်သူ့အိမ်များ ထိခိုက်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့အတွင်းတွင် ကိုးကန့်တပ်မတော် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီမှ မြို့ထဲသို့ ရမ်းပစ်သည့်အတွက် ပြည်သူအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၉ နာရီကျော်မှ စတင်ကာ ပန်ဆိုင်းမြို့ရှိ ရပ်ကွက် (၈) နမ့်ပါတက်နှင့် ရွာသစ်လေးအနီးတွင် MNDAA နှင့် စစ်ကောင်စီတို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ရွာသစ်လေးမှ နေအိမ်များကို ရမ်းသမ်းပစ်ခတ်သည့်အတွက် နေအိမ်များ ကျည်ဆံထိကာ ပျက်စီးခဲ့ရကြောင်း ဒေသခံ များက ပြောသည်။

“မနေ့ညက ၉ နာရီ ၅၀ မိနစ်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်၊ ၁၀ နာရီကျော်တဲ့အထိ ပစ်ကြတယ်၊ အိမ်ခေါင်မိုးနဲ့ မှန်ပြတင်းပေါက်တွေကို သေနတ်ကျည်ဆံရော၊ လက်နက်ကြီး ယမ်းစတွေရော ထိလို့ ပျက်စီးတယ်၊ လူအထိအခိုက်တော့ မရှိဘူး” ဟု ပန်ဆိုင်းမြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလအတွင်း ပန်ဆိုင်း (ကြူကုတ်)မြို့မှာ နေ့စဉ်နီးပါး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း ယမန်နေ့ညက ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် ပန်ဆိုင်းမြို့၊ ရွာသစ်လေးဘက်မှ ဒေသခံပြည်သူ နေအိမ် ၅ လုံးခန့် ထိခိုက်ပျက်စီးရပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

“မနေ့ညက ၁၀ နာရီလောက်မှာ တိုက်ပွဲ ငြိမ်သွားတယ်၊ ဒါပေမဲ့ အဲ့ဘက်မှာက ကိုးကန့်တပ်သားတွေက လုံခြုံရေးချထားတုန်းပဲ၊ ဒီနေ့လည်း တပ်သားတွေ ထပ်ဖြည့်ထားတာ တွေ့ရတယ်” ဟု ပန်းဆိုင်းဒေသခံ တစ်ဦးက ပြောသည်။

ပန်ဆိုင်းမြို့နယ်ခွဲအတွင်းတွင် ဩဂုတ်လ ၄ ရက်မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲကြောင့် လက်နက်ထိမှန် သေဆုံးခဲ့သူ (၃)ဦးအထက်ရှိပြီး လက်နက်ထိမှန်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၁ ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲကြောင့် ကားနှင့် ဘုရားကျောင်း အပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...