ဒီးမော့ဆို ကက်သလစ်ဘုရားကျောင်းအသစ်ကို စစ်ကောင်စီ ပစ်ခတ်

ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆို ၆ မိုင် စံပြကျေးရွာရှိ ဖွင့်ပွဲမလုပ်ရသေးသည့် ကက်သလစ် ဘုရားကျောင်း အသစ်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၉ နာရီဝန်းကျင် အချိန်တွင် ဒီးမော့ဆိုမြို့ ၆ မိုင် စံပြကျေးရွာအတွင်းသို့ စစ်ကောင်စီတို့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းများပြုလုပ်ပြီး ကက်သလစ် ဘုရားကျောင်းအသစ်ကိုလည်း ပစ်ခတ်ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဘုရားကျောင်းက ဖွင့်ပွဲတောင်မလုပ်ရသေးဘူး၊ အသစ်စက်စက် ဆောက်ပြီးထားတာ၊ အစက အပြင်ကနေ သေနတ်နဲ့ လှမ်းပစ်တာ၊ နောက်တော့ လက်နက်ကြီးရဲ့ ယမ်းစတွေလည်း ထိမှန်တယ်၊ တော်တော်ကို ပျက်စီးသွားပြီ” ဟု ၆ မိုင် စံပြကျေးရွာမှ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ညအချိန် ဒီးမော့ဆိုမြို့ အားကစားကွင်းအနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်တို့နှင့် ဌာနေပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သေနတ်သံတွေက ၆ နာရီခွဲကတည်းက စကြားရတယ်၊ နောက်တော့ ပေါ်လိုက်ပျောက်လိုက်နဲ့ ၉ နာရီကျော် လောက်တော့ သေနတ်သံတွေရော လက်နက်ကြီးသံတွေရာ ကြားရတယ်၊ စစ်ကောင်စီတွေက PDF တွေကို ပစ်ရုံတင်မကဘူး၊ မြို့နဲ့ အနီးကရွာနားတွေထိပါ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ အပျက်အစီးလည်း များတယ်၊ ဒီရက်ပိုင်းအတွင်း နေအိမ်ပျက်စီးတာ တော်တော်များတယ်၊ မနေ့ညက ဘုရားကျောင်း အသစ်လည်း ပျက်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတို့သည် နေ့ခင်းပိုင်းတွင် ဖယ်ခုံဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် စစ်အင်အား အများအပြားဖြင့် ဖယ်ခုံမှ ကယားပြည် ဒီးမော့ဆိုဘက်သို့ ချီတက်လာပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိပ်တိုက် တိုက်ခိုက်မှုအတွင်း နှစ်ဖက် ထိခိုက်ဆုံးရှုံးမှုကိုတော့ မသိရသေးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...