Wednesday, January 28, 2026

ဒီးမော့ဆို ကက်သလစ်ဘုရားကျောင်းအသစ်ကို စစ်ကောင်စီ ပစ်ခတ်

ကရင်နီပြည် (ကယားပြည်) ဒီးမော့ဆို ၆ မိုင် စံပြကျေးရွာရှိ ဖွင့်ပွဲမလုပ်ရသေးသည့် ကက်သလစ် ဘုရားကျောင်း အသစ်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၉ နာရီဝန်းကျင် အချိန်တွင် ဒီးမော့ဆိုမြို့ ၆ မိုင် စံပြကျေးရွာအတွင်းသို့ စစ်ကောင်စီတို့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းများပြုလုပ်ပြီး ကက်သလစ် ဘုရားကျောင်းအသစ်ကိုလည်း ပစ်ခတ်ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဘုရားကျောင်းက ဖွင့်ပွဲတောင်မလုပ်ရသေးဘူး၊ အသစ်စက်စက် ဆောက်ပြီးထားတာ၊ အစက အပြင်ကနေ သေနတ်နဲ့ လှမ်းပစ်တာ၊ နောက်တော့ လက်နက်ကြီးရဲ့ ယမ်းစတွေလည်း ထိမှန်တယ်၊ တော်တော်ကို ပျက်စီးသွားပြီ” ဟု ၆ မိုင် စံပြကျေးရွာမှ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ညအချိန် ဒီးမော့ဆိုမြို့ အားကစားကွင်းအနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်တို့နှင့် ဌာနေပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သေနတ်သံတွေက ၆ နာရီခွဲကတည်းက စကြားရတယ်၊ နောက်တော့ ပေါ်လိုက်ပျောက်လိုက်နဲ့ ၉ နာရီကျော် လောက်တော့ သေနတ်သံတွေရော လက်နက်ကြီးသံတွေရာ ကြားရတယ်၊ စစ်ကောင်စီတွေက PDF တွေကို ပစ်ရုံတင်မကဘူး၊ မြို့နဲ့ အနီးကရွာနားတွေထိပါ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ အပျက်အစီးလည်း များတယ်၊ ဒီရက်ပိုင်းအတွင်း နေအိမ်ပျက်စီးတာ တော်တော်များတယ်၊ မနေ့ညက ဘုရားကျောင်း အသစ်လည်း ပျက်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတို့သည် နေ့ခင်းပိုင်းတွင် ဖယ်ခုံဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် စစ်အင်အား အများအပြားဖြင့် ဖယ်ခုံမှ ကယားပြည် ဒီးမော့ဆိုဘက်သို့ ချီတက်လာပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိပ်တိုက် တိုက်ခိုက်မှုအတွင်း နှစ်ဖက် ထိခိုက်ဆုံးရှုံးမှုကိုတော့ မသိရသေးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...