ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်များ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ကောင်စီတို့သည် လူနေမြို့ရပ်ကွက်များအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များနှင့် စျေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) မွန်းလွဲပိုင်း (၁၂)နာရီခွဲ ဝန်းကျင်အချိန်တွင် သျှမ်းပြည်တောင်ပိုင်း သျှမ်း – ကယားနယ်စပ်ရှိ ဖယ်ခုံမြို့မှ ကုန်းဆုံဘုရားတောင်ပေါ် တွင် Pekhon PDF ၊ KNDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်တို့က ဖယ်ခုံမြို့ပေါ်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကုန်းသာတောင်ပေါ်မှာ ပစ်ကြတာ၊ အစက PDF နဲ့ ပစ်နေရင်းကနေ စစ်ကောင်စီတွေက ရပ်ကွက်ထဲကို လှမ်းပစ်တာ၊ ကျနော်တို့ ရပ်ကွက်က အိမ်နှစ်လုံးနဲ့ ဆိုင်တစ်ဆိုင်လည်း ထိသွားတယ်၊ လူတွေလည်း ယမ်းစမှန်ထားတာရှိတယ်၊ တိုက်ပွဲက တစ်နာရီကျော်ကြာတယ်၊ စစ်ကောင်စီဘက်ကလည်း ကျတဲ့သူ ရှိတယ်လို့ ပြောကြတယ်၊ ကျနော်တို့တော့ အတိအကျမသိရဘူး” ဟု ဖယ်ခုံမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့မှ ဖယ်ခုံမြို့တွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်များ၏ ခေါင်မိုးများတွင် ကျည်ပေါက်ရာများစွာနှင့် တံခါး၊ ပြတင်းပေါက်နှင့် မှန်ဗီဒိုများလည်း ပျက်စီးရကြောင်း သိရသည်။

“အိမ်ကပျက်စီးတော့ အမျိုးအိမ်တွေမှာ သွားနေနေရတယ်၊ အရင်တုန်းက ရွာကလူတွေက မြို့ပေါ်ကို စစ်ရှောင်ရောက်လာတယ်ပေါ့နော်၊ အခုတော့ ကျနော်တို့ မြို့ပေါ်နေတဲ့သူတွေလည်း စစ်ဘေးရှောင်ရမလို ဖြစ်နေပြီ၊ စစ်ကောင်စီတွေက ဒီလိုပဲ ရမ်းပစ်နေရင် မလုံခြုံတော့ဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုနည်းတူ ယမန်နေ့ တွင်လည်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ကောင်စီနှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတို့မှ လူနေအိမ်များဘက် ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲပြည်သူများ နေအိမ်စွန့်ခွာပြီး စစ်ဘေးဒဏ် တိမ်းရှောင်နေရကြောင်း သိရသည်။

မိုးဗြဲမြို့တွင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် – MBPDF က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...