လားရှိုးမြို့ ရှိ ကျေးရွာအတွင်း စစ်ကောင်စီများ ဝင်ရောက်စစ်ဆေး ရှာဖွေနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအုပ်စု ကောင်းကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့နယ် ကောင်းကြဲကျေးရွာအတွင်း လွန်ခဲ့သည့် အောက်တိုဘာ (၂၄)ရက်နေ့ ည (၉)နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခဲ့ပြီး ကျေးရွာတွင်းရှိ နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေး ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဖွဲ့က ကျနော်တို့ ရွာထဲကိုဝင်လာပြီးတော့ သေနတ်ပစ်ဖောက်တာ။ ပြီးတော့ တအိမ်စီကို ဝင်စစ်ဆေးရှာဖွေတာ။ သူတို့ရဲ့ ခြံဘက်မှာ ဗုံးတွေ့လို့ဆိုပြီးတော့ လာရှာတာတဲ့။ ကျနော်တို့ရွာထဲက ဒေသခံတွေ ကိုင်တဲ့ တူးမီးသေနတ်လည်း သိမ်းယူသွားတယ်” ဟု ကောင်းကြဲ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ‌အောက်တိုဘာ (၂၄)ရက် ည (၉)နာရီတွင်လည်း စစ်ကောင်စီ သေနတ်ပစ်ခတ်မှုကြောင့် ကောင်းကြဲကျေးရွာ အတွင်းရှိ ဒေသခံဆိုင်ကယ်တစ်စီး ထိမှန်ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ စစ်ကောင်စီ တပ်ဖွဲဝင်များသည် ကောင်းကြဲကျေးရွာထဲတွင် တပ်ဆွဲထားသောကြောင့် ဒေသခံများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

ဆက်လက်ပြီး ကျေးရွာမှာနေထိုင်သည့် လူငယ်တစ်ဦးက “ဟိုနေ့က လာစစ်ပြီးတဲ့နောက် သူတို့က ကျနော်တို့ရွာထဲမှာရှိတဲ့ ကောင်းမှုရွာအဝင်လမ်းထိပ်မှာစောင့်နေတာ။ သူတို့ နေ့တိုင်းလာစောင့်နေတာ။ ကျနော်တို့ကြောက်တယ်။ အပြင်တောင် သိပ်မသွားရဲဘူး။ သူတို့ ရွာထဲ ထပ်ဝင်လာမှာကို စိုးရိမ်တယ်။ သူတို့ကို ရွာထဲထပ်မလာစေချင်ဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီ (၁)ရက်နေ့က စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နေအိမ်များကို အကြောင်းမဲ့ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...