ဖမ်းဆီးခံထားရသည့် သျှမ်းပြည်မှ သတင်းသမား ၁ ဦးသာ ပြန်လွတ်လာ

သျှမ်းပြည် အတွင်းမှ စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံထားရသည့် သတင်းသမားများ၊ ဓါတ်ပုံသတင်းထောက်များအနက်မှ ၁ ဦးတည်းသာ ပြန်လည် လွတ်လာကြောင်း သတင်းသိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးရှိ အကျဥ်းထောင်များမှ အကျဥ်းသားများ ၅၀၀၀ ကျော်ကို လွတ်ပေးမည်ဟု အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ကြေညာပြီးနောက်တွင် ဖမ်းဆီးခံထားရသည့် သျှမ်းပြည် အတွင်းမှ သတင်းသမားများ အနက် Tachileik News Agency မှ ဓါတ်ပုံသတင်းထောက်ဟောင်း ကိုကျော်ဇင်ဟိန်း တစ်ဦးတည်းသာ ပြန်လည် လွတ်လာသေးကြောင်းသိရသည်။

ကိုကျော်ဇင်ဟိန်းကို ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၁၅ ရက်နေ့မှာတော့ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲကာ ကျိုင်းတုံအချုပ်ထောင်သို့ ပို့ဆောင်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်း အချိန်တွင် ကျိုင်းတုံထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ၎င်းတို့ ဖမ်းဆီးအမှုဖွင့်ဖမ်းဆီးထားသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို အောက်တိုဘာလ (၁၈) ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာပြီး ယမန်နေ့ အောက်တိုဘာလ (၁၉) ရက်နေ့၌ သျှမ်းပြည် အတွင်းဖမ်းဆီးခံရသူများမှ တချို့ကို လွတ်ပေးရာ သတင်းသမားတစ်ဦးဖြစ်သူ ကိုကျော်ဇင်ဟိန်း လွတ်မြောက်စာရင်းတွင် ပါလာခြင်းဖြစ်သည်။

သျှမ်းပြည်အခြေစိုက်သတင်းဌာနများမှ အာဏာသိမ်းစစ်ကောင်စီတို့ဖမ်းဆီးထားသည့် သတင်းသမားများ အနေဖြင့် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ သံလွင်သွေးချင်းသတင်းဌာနမှ ဒေါ်မြဝန်းရံနှင့် ရွှေဖီမြေ သတင်းထောက် ဟောင်း လွေးအမ်ဖောင်တို့ နှင့် သတင်းသမားဟုစွပ်စွဲခံရသည့် စိုင်းစည်သူတို့သည် ယနေ့အထိ ပြန်လည် လွတ်မြောက်စာရင်းတွင် မပါဝင်သေးပေ။

အောက်တိုဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့ နှစ်ရက်တာအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတို့ ဖမ်းဆီးထားသည့် သတင်းသမားများအနက် DVB သတင်းဌာနမှ ကိုမင်းညိုနှင့် ကိုအောင်ကျော်၊ Mizzima သတင်းဌာနမှ Freelance ကိုဇော်ဇော်၊ CJ ကိုသက်နိုင်ဝင်း၊ Mizzima သတင်းဌာနမှ မသင်းသင်းအောင်တို့ လွတ်မြောက်လာခဲ့သည်။

ထို့ပြင် မြစ်ကြီးနားဂျာနယ်မှ မမျိုးမြတ်မြတ်ပန်၊ အဂျဲနှင့် ခရစ္စတိုဖာ၊ 74 Media မှ မချန်ဘူ၊ Kachin Wave မှ ကိုလရော်၊ The Voice of Tanbuzayat မှ ထက်မြက်သူ၊ Thanlyin Post သတင်းဌာနမှ မတူးတူးသာ၊ Dakhina Insight Media ကိုနိုင်လင်းထွန်း၊ Tomorrow သတင်းဌာနမှ ကိုအောင်ကျော်ဦးနှင့် Tachileik News Agency မှ ကိုကျော်ဇင်ဟိန်း စုစုပေါင်း (၁၅) ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...