Friday, January 30, 2026

ဖမ်းဆီးခံထားရသည့် သျှမ်းပြည်မှ သတင်းသမား ၁ ဦးသာ ပြန်လွတ်လာ

သျှမ်းပြည် အတွင်းမှ စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံထားရသည့် သတင်းသမားများ၊ ဓါတ်ပုံသတင်းထောက်များအနက်မှ ၁ ဦးတည်းသာ ပြန်လည် လွတ်လာကြောင်း သတင်းသိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးရှိ အကျဥ်းထောင်များမှ အကျဥ်းသားများ ၅၀၀၀ ကျော်ကို လွတ်ပေးမည်ဟု အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ကြေညာပြီးနောက်တွင် ဖမ်းဆီးခံထားရသည့် သျှမ်းပြည် အတွင်းမှ သတင်းသမားများ အနက် Tachileik News Agency မှ ဓါတ်ပုံသတင်းထောက်ဟောင်း ကိုကျော်ဇင်ဟိန်း တစ်ဦးတည်းသာ ပြန်လည် လွတ်လာသေးကြောင်းသိရသည်။

ကိုကျော်ဇင်ဟိန်းကို ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၁၅ ရက်နေ့မှာတော့ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲကာ ကျိုင်းတုံအချုပ်ထောင်သို့ ပို့ဆောင်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်း အချိန်တွင် ကျိုင်းတုံထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ၎င်းတို့ ဖမ်းဆီးအမှုဖွင့်ဖမ်းဆီးထားသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို အောက်တိုဘာလ (၁၈) ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာပြီး ယမန်နေ့ အောက်တိုဘာလ (၁၉) ရက်နေ့၌ သျှမ်းပြည် အတွင်းဖမ်းဆီးခံရသူများမှ တချို့ကို လွတ်ပေးရာ သတင်းသမားတစ်ဦးဖြစ်သူ ကိုကျော်ဇင်ဟိန်း လွတ်မြောက်စာရင်းတွင် ပါလာခြင်းဖြစ်သည်။

သျှမ်းပြည်အခြေစိုက်သတင်းဌာနများမှ အာဏာသိမ်းစစ်ကောင်စီတို့ဖမ်းဆီးထားသည့် သတင်းသမားများ အနေဖြင့် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ သံလွင်သွေးချင်းသတင်းဌာနမှ ဒေါ်မြဝန်းရံနှင့် ရွှေဖီမြေ သတင်းထောက် ဟောင်း လွေးအမ်ဖောင်တို့ နှင့် သတင်းသမားဟုစွပ်စွဲခံရသည့် စိုင်းစည်သူတို့သည် ယနေ့အထိ ပြန်လည် လွတ်မြောက်စာရင်းတွင် မပါဝင်သေးပေ။

အောက်တိုဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့ နှစ်ရက်တာအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတို့ ဖမ်းဆီးထားသည့် သတင်းသမားများအနက် DVB သတင်းဌာနမှ ကိုမင်းညိုနှင့် ကိုအောင်ကျော်၊ Mizzima သတင်းဌာနမှ Freelance ကိုဇော်ဇော်၊ CJ ကိုသက်နိုင်ဝင်း၊ Mizzima သတင်းဌာနမှ မသင်းသင်းအောင်တို့ လွတ်မြောက်လာခဲ့သည်။

ထို့ပြင် မြစ်ကြီးနားဂျာနယ်မှ မမျိုးမြတ်မြတ်ပန်၊ အဂျဲနှင့် ခရစ္စတိုဖာ၊ 74 Media မှ မချန်ဘူ၊ Kachin Wave မှ ကိုလရော်၊ The Voice of Tanbuzayat မှ ထက်မြက်သူ၊ Thanlyin Post သတင်းဌာနမှ မတူးတူးသာ၊ Dakhina Insight Media ကိုနိုင်လင်းထွန်း၊ Tomorrow သတင်းဌာနမှ ကိုအောင်ကျော်ဦးနှင့် Tachileik News Agency မှ ကိုကျော်ဇင်ဟိန်း စုစုပေါင်း (၁၅) ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...