Saturday, April 20, 2024

တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့် နှင့် ဇနီး ပြန်လည်လွတ်မြောက်

Must read

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ဇနီးဖြစ်သူတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်မှာ ၎င်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးနှင့်အတူ ဖမ်းဆီးခံရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်သည် ယနေ့ (အောက်တိုဘာလ ၁၉ ရက်)တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

ဦးခင်မောင်တင့်၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးကိုမူ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်)က ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

တာချီလိတ်ခရိုင်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားသည့် မိုင်းဖြတ်မြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မြို့နယ် ဥက္ကဌ ဦးအက်စ်မာဂမ်ကိုမူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က အပြင် မိုင်းဖြတ်မြို့ရဲစခန်းကလည်း (ပ)၂၆/၂၀၂၁၊ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည့်အတွက် လွတ်ငြိမ်းခွင့်တွင် မပါဝင်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article