ဖယ်ခုံမြို့ စကစ လက်နက်ရမ်းသမ်းပစ် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

သျှမ်းတောင် ဖယ်ခုံအခြေစိုက် ဖယ်ခုံမြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၃၆ သည် ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်များဖြင့် ရမ်သမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။

“ည ၉ နာရီခွဲလောက်မှာ PDF တွေက တပ်ကို လာတိုက်တယ်၊ အဲ့မှာသူတို့က လူရော လက်နက်ရော ဆုံးရှုံးလိုက်ရတယ် လို့ ကြားတယ်၊ အဲ့လို နှစ်ဘက်ပစ်ခတ်သံတွေ ငြိမ်သွားပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နေတော့ စကစတွေက တပ် ကင်းတဲကနေ မြို့ထဲကို ရမ်းပစ်တာ၊ ဘုန်းကြီးကျောင်းနဲ့ အိမ်တချို့ ပျက်စီးသွားတယ်” ဟု ဖယ်ခုံမြို့ပေါ်နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံ PDF သည် စစ်ကောင်စီ တပ် ခမရ ၃၃၆ ကို ဝင်ရောက်တိုက်ခိုက်သဖြင့် စကစ ကင်းစောင့်တပ်သား ၅ ဦး သေဆုံးခဲ့ပြီး သေနတ် ၅ လက် ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအပြီး PDF များ ပြန်လည်ဆုတ်ခွာပြီးသည့်နောက်တွင် စကစ က ဖယ်ခုံမြို့ပေါ်သို့ (၁၀)မိနစ် ဝန်းကျင်ခန့်ထိ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတို့ဘက်မှ ယင်းကဲ့သို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖယ်ခုံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးရပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှု ရှိ/မရှိကိုမူ မသိရသေးပါ။

ဖယ်ခုံ PDF တို့သည် ခမရ ၃၃၆ ကို လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတို့ အသုံးပြုသော MA3 အမျိုးအစား သေနတ် ၃ လက်၊ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်အား သိမ်းဆည်းရမိကြောင်းလည်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ ခမရ ၃၃၆ တပ်ရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင်လည်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ စိန်ပြောင်းများ အသုံးပြုကာ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...