Wednesday, January 28, 2026

ဖယ်ခုံမြို့ စကစ လက်နက်ရမ်းသမ်းပစ် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

သျှမ်းတောင် ဖယ်ခုံအခြေစိုက် ဖယ်ခုံမြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၃၆ သည် ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်များဖြင့် ရမ်သမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။

“ည ၉ နာရီခွဲလောက်မှာ PDF တွေက တပ်ကို လာတိုက်တယ်၊ အဲ့မှာသူတို့က လူရော လက်နက်ရော ဆုံးရှုံးလိုက်ရတယ် လို့ ကြားတယ်၊ အဲ့လို နှစ်ဘက်ပစ်ခတ်သံတွေ ငြိမ်သွားပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နေတော့ စကစတွေက တပ် ကင်းတဲကနေ မြို့ထဲကို ရမ်းပစ်တာ၊ ဘုန်းကြီးကျောင်းနဲ့ အိမ်တချို့ ပျက်စီးသွားတယ်” ဟု ဖယ်ခုံမြို့ပေါ်နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံ PDF သည် စစ်ကောင်စီ တပ် ခမရ ၃၃၆ ကို ဝင်ရောက်တိုက်ခိုက်သဖြင့် စကစ ကင်းစောင့်တပ်သား ၅ ဦး သေဆုံးခဲ့ပြီး သေနတ် ၅ လက် ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအပြီး PDF များ ပြန်လည်ဆုတ်ခွာပြီးသည့်နောက်တွင် စကစ က ဖယ်ခုံမြို့ပေါ်သို့ (၁၀)မိနစ် ဝန်းကျင်ခန့်ထိ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတို့ဘက်မှ ယင်းကဲ့သို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖယ်ခုံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးရပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှု ရှိ/မရှိကိုမူ မသိရသေးပါ။

ဖယ်ခုံ PDF တို့သည် ခမရ ၃၃၆ ကို လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတို့ အသုံးပြုသော MA3 အမျိုးအစား သေနတ် ၃ လက်၊ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်အား သိမ်းဆည်းရမိကြောင်းလည်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ ခမရ ၃၃၆ တပ်ရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင်လည်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ စိန်ပြောင်းများ အသုံးပြုကာ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...