စစ်ကောင်စီ
စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသည့် သျှမ်းလူငယ် နှစ်ဦးကို ယနေ့ မေ (၅) ရက်မှာ သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် TNLA တို့တိုက်ပွဲကြား ကျဆုံးခဲ့ရသည့် အဆိုပါ သျှမ်းလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို...
မူဆယ်မြို့နယ်တိုက်ပွဲကြား စကစ ပေါ်တာဆွဲသွားသည့် သျှမ်းလူငယ် ၂ဦး ကျည်ထိသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် TYN (Tai Youths Network) မှ အလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား သျှမ်းလူငယ်နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင်...
နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ငွန်အင်ကျေးရွာတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ကို လာရောက်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေလ (၃) ရက် ငွန်အင်ကျေးရွာ အနီးတွင် ည (၈) နာရီကျော်တွင်...
မူဆယ်မြို့ PDF မိသားစုဝင်တစ်ဦးကို စစ်ကောင်စီ မှ ဓားစာခံ အဖြစ်ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် PDF တပ်သား၏မိသားစုဝင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဓားစာခံအဖြစ် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး၏ အမဖြစ်သူကို စရဖက ယမန်နေ့ မေလ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ...
ရွာငံမြို့နယ် အမျိုးသမီး ၄ ယောက် အပါအဝင် ဒေသခံ ၃၀ကျော် ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိန်းကျေးရွာတွင် အမျိုးသမီး ၄ ယောက် အပါအဝင် စုစုပေါင်း ဒေသခံ ၃၄ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာငံမြို့နယ်...
လူမှုကွန်ရက်ပေါ်တင်သည့် သတင်းကြောင့် မူဆယ်မြို့ အမျိုးသမီး တစ်ဦးဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ အမျိုးသမီးတစ်ဦး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ထားသည့် သတင်းကြောင့် စစ်ကောင်စီ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၂) ရက် မွန်းလွဲပိုင်း ၄ နာရီတွင် မူဆယ်မြို့ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီလက်အောက်ခံ စရဖက ကား...
တရားဥပဒေ အထက်က စစ်ကောင်စီ
“ကျမအမျိုးသားက မသေသင့်ပဲ သေရတယ်။ လူ့အသက်ကို တန်ဖိုးမထားဘူး။ ဖြစ်လာရင်တောင် တာဝန်ယူမှု မရှိဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်ရတယ်” လို့ ငိုသံ တွေနဲ့ နန်းဟွမ်က ပြောပါတယ်။ ဖေဖော်ဝါရီလတုန်းက သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်သား တစ်ဉီး က အရက်မူးပြီး စိုင်းမောင်ညို ဆိုသူကို ကားနဲ့ တိုက်မိပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့စိုင်းမောင်ညို ရဲ့ အမျိုးသမီး တစ်ယောက်တည်း (၃) နှစ်အရွယ် သမီးလေးကို ပင်ပန်းခက်ခဲစွာ ရုန်းကန်ရှာဖွေ ကျွေးမွေးနေရတယ်လို့ သူမက ဆိုပါတယ်။ စစ်တပ်ဘက်က သေဆုံးသွားတဲ့ ကလေးအဖေအတွက်...
စစ်ကောင်စီခေါင်ဆောင် ကမ်းလှမ်းချက် တိုင်းရင်းသားလက်နက်ကိုင်တွေ သွားတက်ကြမှာလား
ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံသွားမယ် လို့ ပြီးခဲ့တဲ့ ဧပြီ (၂၂)ရက် က ပြောဆိုလိုက်ပါတယ်။ အဲ့ဒီဖိတ်ခေါ် ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး...
ကျောက်မဲ လူငယ်တစ်ဦး ထောင်ဝင်စာ သွားပို့ရာမှ ပျောက်ဆုံး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သျှမ်းလူငယ်တစ်ဦးသည် ညီဖြစ်သူကို ထောင်ဝင်စာသွားပို့ပြီး အပြန်တွင် ပျောက်ဆုံးသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဧပြီ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် နေအိမ်မှ ကျောက်မဲမြို့ မြို့မရဲစခန်းသို့ ထောင်ဝင်စာ ထမင်းထုပ် သွားပို့သည့် စိုင်းဝင်းဟန်...
လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်ကြာအပါအဝင် လွိုင်လင်ခရိုင် အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ နေရာယူလှုပ်ရှားမှုများရှိနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်ထဲတွင် ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီအင်အားများ နေရာတချို့မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့ တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွင် နေရာယူထားမှုများရှိနေသေးကြောင်း...





