Wednesday, May 8, 2024

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

Must read


သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ထဲတွင် ယနေ့ (မေ ၁၀)ရက် မနက်ပိုင်း ၁၀ နာရီ၀န်းကျင်၌ စစ်ကောင်စီက လက်နက်ကြီး စတင်ပစ်ခတ်ကြောင်း စုံစမ်းသိရသည်။

ယနေ့ မေ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် မြို့ထဲ ပစ်ခတ်နေကြောင်း မိုးဗြဲမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်

“ PDF တပ်ဖွဲ့ကနေပြီးတော့ သူတို့တပ်စခန်းရှိတဲ့နေရာကို သွားပြီးတိုက်လိုက်တာ။ လက်နက်ငယ်နဲ့တော့ တိုက်ပွဲ အချင်းချင်းဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီး နဲ့ မြို့ထဲကို ပစ်ချလာတာ။ မြို့ထဲက ရပ်ကွက်တွေထဲမှာ ပစ်ချလိုက်တာ။ ထိခိုက်ဒဏ်ရာရှိ၊မရှိတော့ မသိသေးဘူး” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီသည် လက်ရှိ (၁၁) နာရီဝန်းကျင်ထိ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီဖြစ်ကြောင်း၊ လူသူထိခိုက်မှု မရှိသေးကြောင်း Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ၂၀၂၁ ခုနှစ်မေလမှစပြီး တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article