အသိတရားနဲ့ သတိအမြဲထားသင့်တဲ့ စကစ ငြိမ်းချမ်းရေး

ဧပြီလ ၂၂ ရက်နေ့တုန်းက အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ သက်ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ဖို့ ရုပ်မြင်သံကြားကနေ အသိပေး ဖိတ်ကြားလိုက်ပါတယ်။

အယ်ဒီတာ့ အာဘော်

မေလ ၉ ရက်နေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးဖို့ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အမည်စာရင်းကို သတင်းမီဒီယာမေးမြန်းချက်တွေ မှာ ထုတ်ဖေါ်ပြော ကြားပါတယ်။

လက်ရှိ တိုင်းပြည်အနေအထားအရလဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အမြန်ဆုံး လုပ်သင့်လုပ်ထိုက်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ရာမှာလဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖို့လိုပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ တုန်းက နိုင်ငံတော် သမ္မတ ဉီးသိန်းစိန်က ငြိမ်းချမ်းရေးကမ်းလှမ်းတာကို အားလုံးက ကြိုဆိုကြတယ်။ လက်တွေ့လုပ်ဆောင်ရာမှာတော့ ဟိုအဖွဲ့ကိုချန် ဒီအဖွဲ့ကိုချန်ထားလို့ သျှမ်းပြည်မြောက် ပိုင်းက မကြုံခဲ့ဖူးတဲ့ သမိုင်းဝင် စစ်မီးတွေ အခုထက်ထိ ကူးစက်လောင်ကျွမ်းနေပါတယ်။

ဒါ့ကြောင့် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဉီးဆောင်လုပ် မယ့် ငြိမ်းချမ်းရေးက စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်နိုင်ပါ့မလား ဆိုတာစဉ်းစားစရာပါ။ ပထမတစ်ချက်တိုင်းပြည် အာဏာကို အင်အားသုံးပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိန်းချုပ်ထားတယ်။ ဒုတိယ တစ်ချက်က အာဏာသိမ်းမှုကြောင့် ပြည်ထောင်စုတစ်ဝှမ်းလုံး ဆူပူအုံကြွ ၊ ဒေသခံ လူထုကာကွယ်ရေးတပ် PDF တွေ ပေါ်ပေါက်လာတယ်။ လူထု ဒီမိုကရေစီ တိုင်းပြည်အာဏာ ပြန်ရဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရှိလာတယ်။ 

ဒါပေမယ့် NUG နဲ့ PDF ကို စစ်ကောင်စီက ဖိတ်ခေါ် ဆွေးနွေးမှာမဟုတ်ပဲ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး အပြတ်ချေမှုန်းရေး ဆက်လုပ်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီ ခေါင်းဆောင်ကြီးကနေ ဉီးဆောင်ကျင်းပမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးပွဲဖြစ်ဖို့ သံသယ ဝင်နေကြတာလဲ မထူးဆန်းပါဘူး။

အခု စစ်ကောင်စီ ခေါ်တဲ့ ငြိမ်းချမ်းရေးမှာပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားတွေက စစ်ကောင်စီ ထံက ဘာတွေမျှော်လင့်နေလဲ၊ စစ်ကောင်စီကကော ဘာတွေ ပေးနိုင်မလဲ။ NUG နဲ့ PDF ကို အမြတ်ပြတ်ချေမှုန်းဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ခေါ်ယူကျောသပ် ထားတဲ့ အနေအထားပဲလား။  

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ၂၀၂၀ သြဂုတ်လ ၁၉ ကနေ ၂၄ ရက်နေ့ အထိ ကျင်းပ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ ညီလာခံ အဖွင့် ( သြဂုတ်လ ၁၉ ရက် ၂၀၂၀) မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောထားပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေတာဖြစ်ပါတယ်။ တက်လာတဲ့ အစိုးရတွေ ကို ဆန့်ကျင်နေတာဖြစ်ပါတယ်။ ဒါကြောင်ႉ နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က ကာကွယ်နေပေး တယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များ အပေါ် ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်”

ဒီ စကားကို အောင့်မေ့ပြီး စစ်ကောင်စီ ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေး မှာ အသိတရား နဲ့ သတိအမြဲထား ဖို့ လိုပါတယ်။ လူထုလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ပေါ်ပေါက်ပါစေ။

အယ်ဒီတာ့အာဘော်

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...