မုံးကိုးမြို့နယ် တိုက်ပွဲများငြိမ်သက် စစ်ရှောင်များနေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ ၃ ရွာမှ ဒေသခံများသည် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

မုံးကိုး

မုံးကိုးမြို့နယ်ရှိ နမ့်ဟကျေးရွာ၊ နမ့်ယန်းကျေးရွာ နှင့် ကောင်းလုံကျေးရွာတို့မှ ပြည်သူများသည် တိုက်ပွဲများ ပြင်းထန်စဥ် ကာလတွင် ရွာတွင်းမှရှောင်တိမ်းရန် ကိုးကန့်တပ်မတော် MNDAA မှ ညွှန်ကြားခြင်း ဖြစ်ပြီး လက်ရှိ တိုက်ပွဲငြိမ်သက်သော်လည်း ရွာပြန်ရန် ခွင့်မပြုသေးကြောင်း အမည်မဖော်လိုသည့် နမ့်ဟဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ရွာမှာ တိုက်ပွဲဖြစ်တော့ ကိုးကန့်တပ်ဖွဲ့တွေက ကျနော်တို့ကို ရှောင်တိမ်းဖို့ ပြောလို့ ကျနော်တို့လည်း မုံးကိုးမြို့ပေါ်ကို ရှောင်လာပါတယ်၊ အခု သေနတ်သံမကြား တိုက်ပွဲမဖြစ်တာကြာပေမဲ့ ကျနော်တို့ ရွာထဲပြန်နေဖို့ ကိုးကန့်တပ်က ခွင့်မပြုသေးဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့သည့် MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် မတ်လကတည်းမှ တိုက်ပွဲများနည်းပါးလာပြီး လက်ရှိတွင် တိုက်ပွဲပစ်ခတ်သံများ မကြားရသော်လည်း နှစ်ဘက်တပ်ဖွဲ့က နီးကပ်စွာ စခန်းနေရာယူထားကြောင်း သိရသည်။

ထို့အပြင် လက်ရှိမှာ မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ ပေးသည့် အလှူရှင်များလည်း တဖြည်းဖြည်းနည်းပါးလာသည့်အတွက် စစ်ရှောင်များ ကြံခုတ်နေ့စား လုပ်နေရကြောင်း သိရသည်။

“သူတို့လည်း စစ်ရှောင်လာတာကြာပြီဆိုတော့ အလှူရှင်တွေလည်း တဖြည်းဖြည်းနည်းလာပါတယ်၊ အခုကာလ မှာတော့ သူတို့က ကြံခုတ်နေ့စားလိုက်ပြီး သူတို့စားဝတ်နေရေးကို ဖြေရှင်းနိုင်သေးတယ်၊ ရွာတွေလည်း ပြန်လို့ မရသေးတော့ သူတို့က ခက်ခဲနေမှာအမှန်ပဲ” ဟု စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဥ်အပါအဝင် လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုကာ MNDAA တပ်ဖွဲ့ထံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် မုံးကိုးမြို့နယ်အတွင်းတွင် စစ်ရှောင် ၇၀၀ ကျော်က လက်ရှိ အချိန်ထိ အကူအညီများလိုအပ်နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...