အင်းလေးဒေသမှ စစ်တပ်သတင်းပေးနှစ်ဦး အသတ်ခံရ ဟုဆို

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဒေသခံအမျိုးသားနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတို့က အင်အားဖြည့်တင်းကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

အင်းလေး

ယနေ့ မေလ ၉ ရက်တွင် ညောင်ရွှေမြို့နယ် သန်းထောင်ဈေးအတွင်း ဈေးရောင်းနေသည့် စစ်တပ်သတင်းပေး ဒလန်ဖြစ်သူ နှင့် သားမက်ဖြစ်သူတို့သည် အမည်မသိလူတစ်စုတို့၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံရပြီး ပွဲချင်း ပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။ 

“သူတို့နှစ်ယောက်က ခမည်းခမက်တွေပေါ့၊ ဟဲယာရွာမမှာနေတယ်၊ ဒီနေ့ ဈေးရောင်းနေတုန်း ဈေးထဲမှာ အပစ်ခံ  လိုက်ရတာ၊ တခြား ပြည်သူတွေကလည်း သေနတ်သံကြားတာနဲ့ ဝပ်ကြတာဆိုတော့ ဘယ်သူဘယ်ဝါက လုပ်သွားမှန်းတော့ မသိလိုက်ဘူး၊ သူတို့နှစ်ယောက်တော့ ခေါင်းကိုသေနတ်ကျည်မှန်တဲ့ ဒဏ်ရာနဲ့ ပွဲချင်းပြီး သေသွားတယ်” ဟု အင်းလေးဒေသမှ အမည်မဖော်လိုသူ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသူ အမျိုးသား နှစ်ဦးသည် ဟဲယာရွာမမှ ဦးရဲမြင့် နှင့် ၎င်း၏ သမက်ဖြစ်သူ ကိုကျော်စွာ ဆိုသူဖြစ်ကြောင်း နှင့် ၎င်းတို့နှစ်ဦး သတင်းပေးမှုကြောင့် ဒေသအတွင်းမှ ပရဟိတသမားများနှင့် အမျိုးသမီးများအပါအဝင်ဒေသခံပြည်သူများ ဖမ်းဆီးခံရမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့နှစ်ယောက် ပစ်သတ်ခံရမှုမတိုင်ခင် တစ်ပတ်အလိုတွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ မှ ကျည်ဆံတစ်ထောင့်နှင့်အတူ သတိပေးစာဖြင့် ကြိုတင်သတိပေးမှု ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရ သည်။

“သူတို့နှစ်ယောက်ဆီကိုကျည်ဆံနဲ့ သတိပေးစာလည်း ပေးဖူးပါတယ်၊ ပြီးတော့ ရွာမ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးခေါ် ကိုသားကြီးဆိုသူကိုလည်း ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေးစာ ရောက်လာနေတာ တစ်ပတ်တောင်မရှိသေးဘူး၊ အခု ကိုသားကြီးလည်းအိမ်အပြင် မထွက်ရဲတော့ဘူး” ဟု အင်းလေးသား တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင်လည်း ၎င်းတို့နှစ်ဦး ပစ်သတ်ခံရပြီးနောက် အင်းလေးဒေသအတွင်း စစ်ကောင်စီအင်အား အများ အပြားရောက်ရှိလာပြီး စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်နေကြောင်းလည်း သတင်းသိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...