Tuesday, January 27, 2026

အင်းလေးဒေသမှ စစ်တပ်သတင်းပေးနှစ်ဦး အသတ်ခံရ ဟုဆို

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဒေသခံအမျိုးသားနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတို့က အင်အားဖြည့်တင်းကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

အင်းလေး

ယနေ့ မေလ ၉ ရက်တွင် ညောင်ရွှေမြို့နယ် သန်းထောင်ဈေးအတွင်း ဈေးရောင်းနေသည့် စစ်တပ်သတင်းပေး ဒလန်ဖြစ်သူ နှင့် သားမက်ဖြစ်သူတို့သည် အမည်မသိလူတစ်စုတို့၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံရပြီး ပွဲချင်း ပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။ 

“သူတို့နှစ်ယောက်က ခမည်းခမက်တွေပေါ့၊ ဟဲယာရွာမမှာနေတယ်၊ ဒီနေ့ ဈေးရောင်းနေတုန်း ဈေးထဲမှာ အပစ်ခံ  လိုက်ရတာ၊ တခြား ပြည်သူတွေကလည်း သေနတ်သံကြားတာနဲ့ ဝပ်ကြတာဆိုတော့ ဘယ်သူဘယ်ဝါက လုပ်သွားမှန်းတော့ မသိလိုက်ဘူး၊ သူတို့နှစ်ယောက်တော့ ခေါင်းကိုသေနတ်ကျည်မှန်တဲ့ ဒဏ်ရာနဲ့ ပွဲချင်းပြီး သေသွားတယ်” ဟု အင်းလေးဒေသမှ အမည်မဖော်လိုသူ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသူ အမျိုးသား နှစ်ဦးသည် ဟဲယာရွာမမှ ဦးရဲမြင့် နှင့် ၎င်း၏ သမက်ဖြစ်သူ ကိုကျော်စွာ ဆိုသူဖြစ်ကြောင်း နှင့် ၎င်းတို့နှစ်ဦး သတင်းပေးမှုကြောင့် ဒေသအတွင်းမှ ပရဟိတသမားများနှင့် အမျိုးသမီးများအပါအဝင်ဒေသခံပြည်သူများ ဖမ်းဆီးခံရမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့နှစ်ယောက် ပစ်သတ်ခံရမှုမတိုင်ခင် တစ်ပတ်အလိုတွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ မှ ကျည်ဆံတစ်ထောင့်နှင့်အတူ သတိပေးစာဖြင့် ကြိုတင်သတိပေးမှု ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရ သည်။

“သူတို့နှစ်ယောက်ဆီကိုကျည်ဆံနဲ့ သတိပေးစာလည်း ပေးဖူးပါတယ်၊ ပြီးတော့ ရွာမ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးခေါ် ကိုသားကြီးဆိုသူကိုလည်း ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေးစာ ရောက်လာနေတာ တစ်ပတ်တောင်မရှိသေးဘူး၊ အခု ကိုသားကြီးလည်းအိမ်အပြင် မထွက်ရဲတော့ဘူး” ဟု အင်းလေးသား တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင်လည်း ၎င်းတို့နှစ်ဦး ပစ်သတ်ခံရပြီးနောက် အင်းလေးဒေသအတွင်း စစ်ကောင်စီအင်အား အများ အပြားရောက်ရှိလာပြီး စစ်ဆေးမှုများကို တင်းကျပ်စွာ လုပ်ဆောင်နေကြောင်းလည်း သတင်းသိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...