Wednesday, January 28, 2026

ငြိမ်းချမ်းရေးဆွေးနွေးပွဲ သျှမ်းတပ်နှစ်ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့တက်မည် 

အာဏာသိမ်းစစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်မည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို သျှမ်းတပ်မတော် နှစ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း ၉ ဖွဲ့တက်ရောက်မည်ဟု စုံစမ်းသိရသည်။

NCA

ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြကာ ပြုလုပ်မည့် အဆိုပါ စစ်ကောင်စီ၏ ဖိတ်ခေါ်ဆွေးနွေးမှု တွင် စစ်ရေးပဠိပက္ခရှိနေသည့် သျှမ်းတပ်မတော်နှစ်ဖွဲ့(SSA) လည်း တက်ရောက်မည်ဟု စစ်ကောင်စီဘက် တာဝန်ရှိသူများက မီဒီယာများထံဖြေဆိုထားသည်ကို တွေ့ရသည်။ 

သို့သော်လည်း သျှမ်းတပ်နှစ်ဖွဲ့နှင့် နီးစပ်သည့် နိုင်ငံရေးလောကမှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက်အရ စစ်ကောင်စီ၏ ဆွေးနွေးပွဲကို SSA တပ်ဖွဲ့၏ထိပ်တန်းတာဝန်ရှိသူများမှ တက်ရောက်မည် မဟုတ်ကြောင်း သျှမ်းသံတောဆင့်ကို ပြောသည်။ 

“တက်မှာတော့ သျှမ်းတပ်နှစ်ဖွဲ့လုံးက တက်မှာပါ၊ RCSS/SSA က NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းတွေနဲ့ တက်မယ်၊ SSPP/SSA ကလည်း တပ်ဖွဲ့ထိပ်တန်းခေါင်းဆောင်ထဲကမဟုတ်တဲ့ အရာရှိတစ်ဦးကို ကိုယ်စားလှယ် လွှတ်ပြီး တက်မယ်လို့ သိရပါတယ်” ဟု ၎င်းပြောသည်။

စစ်ကောင်စီဆွေးနွေးပွဲတက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များအနေဖြင့် ခြောက်ဖွဲ့ရှိပြီး လက်မှတ်မထိုး သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ၃ ဖွဲ့ပါ ရှိကြောင်းလည်းသိရသည်။

“ NCA ထိုးပြီးသားတွေထဲက ဆိုရင် DKBA၊ KNU(KNLA)PC၊ MNSP၊ RCSS(SSA)၊ ALP၊ PNLO တို့က တက်မယ်တဲ့၊ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ကတော့ UWSA အဖွဲ့၊ မိုင်းလားအဖွဲ့ NDAA နဲ့ သျှမ်းထဲက SSPP/SSA ဖြစ်မယ်လို့ ကြားထားတယ်” ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို KNU၊ KIA ၊ ABSDF စသည့် လက်နက်ကိုင်တပ်ဖွဲ့များက ငြင်းပယ်ပြီး တက်ရောက်မည် မဟုတ်ကြောင်းလည်း အသီးသီး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နေပြည်တော်သို့ သွားရောက်ရ မည်ဖြစ်ပြီး တွေ့ဆုံမည့်နေ့ရက်ကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...