ငြိမ်းချမ်းရေးဆွေးနွေးပွဲ သျှမ်းတပ်နှစ်ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့တက်မည် 

အာဏာသိမ်းစစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်မည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို သျှမ်းတပ်မတော် နှစ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း ၉ ဖွဲ့တက်ရောက်မည်ဟု စုံစမ်းသိရသည်။

NCA

ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြကာ ပြုလုပ်မည့် အဆိုပါ စစ်ကောင်စီ၏ ဖိတ်ခေါ်ဆွေးနွေးမှု တွင် စစ်ရေးပဠိပက္ခရှိနေသည့် သျှမ်းတပ်မတော်နှစ်ဖွဲ့(SSA) လည်း တက်ရောက်မည်ဟု စစ်ကောင်စီဘက် တာဝန်ရှိသူများက မီဒီယာများထံဖြေဆိုထားသည်ကို တွေ့ရသည်။ 

သို့သော်လည်း သျှမ်းတပ်နှစ်ဖွဲ့နှင့် နီးစပ်သည့် နိုင်ငံရေးလောကမှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက်အရ စစ်ကောင်စီ၏ ဆွေးနွေးပွဲကို SSA တပ်ဖွဲ့၏ထိပ်တန်းတာဝန်ရှိသူများမှ တက်ရောက်မည် မဟုတ်ကြောင်း သျှမ်းသံတောဆင့်ကို ပြောသည်။ 

“တက်မှာတော့ သျှမ်းတပ်နှစ်ဖွဲ့လုံးက တက်မှာပါ၊ RCSS/SSA က NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းတွေနဲ့ တက်မယ်၊ SSPP/SSA ကလည်း တပ်ဖွဲ့ထိပ်တန်းခေါင်းဆောင်ထဲကမဟုတ်တဲ့ အရာရှိတစ်ဦးကို ကိုယ်စားလှယ် လွှတ်ပြီး တက်မယ်လို့ သိရပါတယ်” ဟု ၎င်းပြောသည်။

စစ်ကောင်စီဆွေးနွေးပွဲတက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များအနေဖြင့် ခြောက်ဖွဲ့ရှိပြီး လက်မှတ်မထိုး သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ၃ ဖွဲ့ပါ ရှိကြောင်းလည်းသိရသည်။

“ NCA ထိုးပြီးသားတွေထဲက ဆိုရင် DKBA၊ KNU(KNLA)PC၊ MNSP၊ RCSS(SSA)၊ ALP၊ PNLO တို့က တက်မယ်တဲ့၊ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ကတော့ UWSA အဖွဲ့၊ မိုင်းလားအဖွဲ့ NDAA နဲ့ သျှမ်းထဲက SSPP/SSA ဖြစ်မယ်လို့ ကြားထားတယ်” ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို KNU၊ KIA ၊ ABSDF စသည့် လက်နက်ကိုင်တပ်ဖွဲ့များက ငြင်းပယ်ပြီး တက်ရောက်မည် မဟုတ်ကြောင်းလည်း အသီးသီး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နေပြည်တော်သို့ သွားရောက်ရ မည်ဖြစ်ပြီး တွေ့ဆုံမည့်နေ့ရက်ကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...