Monday, February 2, 2026

စစ်ကောင်စီ

ကောက်ရသည့် လက်ပစ်ဗုံးပေါက်ကွဲ ကလေးငယ်တစ်ဦးသေဆုံး အမျိုးသမီးငယ်တစ်ဦး လက်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဥ်းအတွင်း ကလေးငယ်များသည် ကောက်ရသည့် လက်ပစ်ဗုံးတလုံးကို ဆော့နေချိန် ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အမျိုးသမီးငယ် တစ်ဦးလည်း ညာဘက်လက် ဖြတ်လိုက်ရကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် နေ့လည်ပိုင်းတွင် ဟိုပုံးမြို့နယ်...

ကျောက်မဲမြို့လူငယ် အမျိုးသား (၂) ဦး PDF ထောက်ပံ့ပေးသူဟု စွပ်စွဲ ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် အမှတ် (၁) ရပ်ကွက် အုတ်ကျင်းရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီမှ လူငယ် (၂) ဦးကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဧပြီ (၂၇) ရက် မနက် (၂) နာရီခန့်တွင် ၎င်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို...

ဟိုပုံးမြို့နယ် သျှမ်းပြည်ဝန်ကြီးချုပ် မရောက်မီအချိန်တွင် ပြည်သူများ မြက်နုတ်၊ အမှိုက်သွားကောက်ပြရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ယမန့်နေ့ ဧပြီ ၂၇ ရက် သျှမ်းပြည်ဝန်ကြီးချုပ် နှင့် လူမှုဝန်ကြီး လာချိန်တွင် ပြည်သူများက မြက်နုတ်၊ အမှိုက်လာကောက်ပြရကြောင်း စုံစမ်းသိရသည်။ယမန်နေ့က စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်တို့သည် ဟိုပုံးမြို့ကို မနက် (၉) နာရီအချိန်တွင်လာကြပြီး သီရိမင်္ဂလာလမ်းတွင် နေထိုင်သည့် ပြည်သူများက ထိုနေရာအနီးတစ်ဝိုက်တွင်...

မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအနီးပတ်ဝန်းကျင် မီးလောင်ကျွမ်း နေကြောင်း သတင်းသိရသည်။ယနေ့ ဧပြီလ ၂၇ ရက်  မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ ယခုသတင်းရေးသားနေချိန်အထိ...

အောင်ပန်းမြို့ ပန်းပဲလုပ် အိမ်ရှင်ကိုရှာမတွေ့ ဘေးအိမ်မှ အမျိုးသမီးကို စစ်ကောင်စီ မှ ပါးရိုက်သွား/ရာအိမ်မှူးတစ်ယောက် အဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦး နှင့် ၎င်း၏ညီမကို ဖမ်းဆီးရန် စစ်ကောင်စီမှ အကြိမ်ကြိမ်လာရှာသော်လည်း ရှာမတွေ့သဖြင့် ဘေးအိမ်မှ ချောင်းကြည့်သည့် အမျိုးသမီးတစ်ဦးကို ရိုက်နှက်သွားကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့  ည ၁၀ နာရီကျော် ဝန်းကျင်တွင် အောင်ပန်းမြို့  ရွာငံစု...

စိတ်ဒဏ်ရာ

“ဒေသကာကွယ်ရေးတပ် PDF ဟု စွပ်စွဲကာ ဧပြီလ ၁၉ ရက်နေ့က ပဲရင်းတောင်ကျေးရွာသား ဓနုလူမျိုး ၉ ဦးကို စစ်တပ်က အကြမ်းဖက် ညှဉ်းပန်း သတ်ဖြတ်” လေပြီ။ တခါတရံ ထွက်ပေါ်လာသည့် ကားနှင့် ဆိုင်ကယ်သံမှ အပ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။...

ရွာငံစစ်ရှောင် ကူညီရန်သွားသူများ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားဆီးပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူ များထံ စားနပ်ရိက္ခာတချို့ ကူညီထောက်ပံ့ရန်သွားသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ် အရောက်တွင် နောက်ပြန်လှည့်လာခဲ့ရကြောင်း သတင်းသိရသည်။အောင်ပန်း - ရွာငံလမ်းမပေါ်မှ ကျုံးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ခံရပြီး ရိက္ခာနှင့်ဆေးဝါးတချို့သယ်ဆောင်လာကြောင်းပြောဆိုသော်လည်း လက်မခံသဖြင့် နောက်ကြောင်း...

ရွှေညောင်မြို့ အိမ်ဝိုင်းတွင်း ဂျင်ဝိုင်းများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ အိမ်ဝိုင်းတစ်အိမ်တွင် ဂျင်ဝိုင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ဂျင်ဝိုင်းမှာ ရွှေညောင်မြို့ မင်္ဂလာအောင်မြေ (၁) ရပ်ကွက်မှာရှိပြီး အိမ်ဝိုင်းပိုင်ရှင်ကို တစ်ရက် တစ်သောင်းခွဲ ပေးရပြီး အိမ်ဝိုင်းတွင်း လောင်းကစားဝိုင်း (၂) ဝိုင်းရှိထားကြောင်း သိရသည်။ “အိမ်ဝိုင်းပိုင်ရှင်ကိုတစ်ရက်တစ်သောင်းခွဲပေးရတယ်လို့ကြားတယ်။ ရပ်ကွက်အကြီးအကဲကို တစ်ရက် တစ်သိန်းခွဲပေးတယ်။...

ဆနင်းတောင်ကြော စကစ အင်အားဖြည့်တင်း၊ ဒေသခံတချို့ ကြောက်လန့်/ထွက်ပြေးနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဆနင်းတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီတပ်သားတို့မှ အင်အား အများအပြားဖြည့်တင်းနေသဖြင့် ဒေသခံများတချို့ ကြောက်လန့်ကာထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှ စတင်ကာ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ရှိနေသည့် ဆနင်းတောင်ကြော နှင့် အနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီ အင်အားဖြည့်တင်း တိုးချဲ့မှုများ ပြုလုပ်နေခဲ့ကြောင်း...

စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ယနေ့ (ဧပြီ ၂၂)ရက်တွင် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်မင်းသူကို ယနေ့ (ဧပြီ ၂၂)ရက်တွင် တောင်ကြီးခရိုင် တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ...

Latest news