စစ်ကောင်စီ
လွိုင်လင်တိုးဂိတ်အနီး စစ်ကောင်စီလက်အောက်ခံ မူးယစ်ပူးပေါင်းအဖွဲ့မှ ကားသမားများကို အကြောင်းမဲ့ စစ်ဆေးခြိမ်းခြောက်
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးတွင် စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့များမှ ကားသမားများကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ (၈) ရက် ည ၈ နာရီကျော်အချိန်တွင် လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး...
နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်များသည် ဝမ်းရေးအတွက် ကြံခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရပြီး လက်ရှိတွင် စစ်ကောင်စီနှင့် TNLA ပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်မှုကြောင့် ရပ်နားထားရကြောင်း သတင်းရရှိသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနစ် ဇူလိုင်လတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့်...
တောင်ကြီးတွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ အဓမ္မငွေညှစ်တောင်းယူနေ
သျှမ်းပြည် တောင်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ စစ်တပ်၊ ရဲ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးမများက ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်တောင်းယူမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၀ ရက်မှစတင်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ပြီးနောက် ယင်းကဲ့သို့ ငွေညှစ်တောင်းခံမှုများ...
ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး...
ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
ကရင်နီ (ကယားပြည်) ဒီးမော့ဆိုမြို့ ချယ်ရီကုန်း အနီးရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရှောင်အမျိုးသမီး တစ်ဉီး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၄ ) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ KTV နှင့် ချယ်ရီကုန်း စျေးအနီးတွင်...
မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စစ်ခေါင်းဆောင်က ရှရုားကိုဖိတ်ခေါ်
အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် မြန်မာနိုင်ငံသည် ဒုတိယနေရာမှ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိနေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသို့ ရှရုားနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ ယမန့်နေ့ (မတ်လ ၄ ရက်) မွန်းလွဲပိုင်းတွင် ရှရုားနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့်အဖွဲ့ကို...
တောင်ကြီးမြို့နယ် တောင်လေးလုံးဂိတ်မှ ဒေသခံများထံ ငွေကြေးကောက်ခံမှုကြောင့် အခက်အခဲဖြစ်စေ
သျှမ်းပြည် တောင်ကြီး-ညောင်ရွှေ မြို့နယ်အစပ် တောင်လေးလုံးတွင် တိုးဂိတ်အသစ် ထပ်မံဖွင့်လှစ်ကာ အနီးရှိ ဒေသခံများကို ငွေကောက်ခံခြင်းကြောင့် ဖြတ်သန်းသွားလာရန် ငွေကြေးပိုမို ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် ဖွင့်လှစ်ထားသည့် အောင်သပြေတိုးဂိတ်ကို ပိတ်သိမ်းခဲ့ပြီး ယခုနှစ် ၂၀၂၅ မတ်လ (၁) ရက်မှ စတင်ကာ...
ကျောက်မဲမြို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၃) ရက် နံနက် ၁၀ နာရီဝန်းကျင်တွက် ကျောက်မဲမြို့မြောက်ဘက် ( ၂ )မိုင်ခန့် အကွာရှိ TNLA သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ် (၅၀၁၊...
ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် ရုရှားသွား
ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာပူတင်၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် လေဆိပ်မှ ထွက်ခွာသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ခရီးစဉ်သည် မတ်လ ၃ ရက်မှ ၁၀ ရက်အထိ တစ်ပတ်ကြာခရီးဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်သည်။ အဆိုပါ...
ရမခတိုင်းမှူး၊ တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးတို့ကို ကျားဖြန့်ကိစ္စဖြင့် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ
သျှမ်းပြည် တန့်ယန်းမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး၊ မိုင်းရယ်နှင့် တန့်ယန်းမြို့ရှိ စစ်ဗျူဟာမှူးများကို စစ်ကောင်စီက ကျားဖြန့်ကိစ္စ ဆက်နွှယ်မှုဖြင့် အချင်းချင်း ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်အတွင်း ပြောင်းရွှေ့အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် ကျော်မြင့်ထွန်း...





