တောင်ကြီး Ocean ရှေ့ ညဈေးတန်းဖျက်သိမ်း၊ ဈေးသည်များ နေရာပြောင်းရွှေ့ရ

သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean ရှေ့ရှိ ညဈေးတန်းကို မေလ ၁၇ ရက်မှ စတင်ဖျက်သိမ်းခဲ့ပြီး ဈေးသည်များကိုလည်း နေရာပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။

အဆိုပါနေရာတွင် စျေးရောင်းချနေသည့် ဈေးသည်များအား မေလ ၁၅ ရက်နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် အသိပေးခဲ့ပြီးနောက် မေလ ၁၇ ရက်တွင် ဈေးတန်းကို စတင်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဈေးသည်များကို မြို့မဈေး မြောက်ဘက်ခြမ်းရှိ One Way လမ်းမပေါ်တွင် သွပ်မိုးဆိုင်ခန်းများဖြင့် အသစ်တည်ဆောက်ထားသည့်နေရာသို့ ပြောင်းရွှေ့ပေးထားကြောင်း တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ပြောင်းရွှေ့ထားသည့်နေရာမှာ ဆိုင်ခန်းများ ကျဉ်းမြောင်းပြီး ဆိုင်ကယ်ရပ်နားရန် နေရာအခက်အခဲများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

“ဈေးပြောင်းရွှေ့တာက မြို့မဈေး မြောက်ဘက် One Way လမ်းမပေါ်မှာ အသစ်ဆောက်ထားတဲ့ သွပ်ပြားဆိုင်ခန်းတွေကို ပြောင်းရတာ။ ကျနော်တို့ ဈေးသည်တွေအတွက် အခက်အခဲက နေရာကျဉ်းတာပဲ။ ဆိုင်ကယ်တွေ ရပ်ဖို့လည်း နေရာမလောက်ဘူး။ ပြီးတော့ တောင်ကြီးသူ၊ တောင်ကြီးသားတွေတောင် မသိသေးတဲ့သူတွေရှိတယ်။ ရက်ဝေးကလာတဲ့ ဧည့်သည်တွေဆို ပိုမသိကြသေးတော့ တချို့ဆိုင်တွေ အရောင်းနည်းနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖျက်သိမ်းလိုက်သည့် ညဈေးတန်းနေရာတွင် Ocean ဈေးဝယ်သူများအတွက် အဆင်ပြေစေရန် အဆင့်မြင့် ၇ ထပ် ယာဉ်ရပ်နားစခန်း (Car Parking) တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် နာရီစင်ကိုလည်း ဖျက်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါ ယာဉ်ရပ်နားစခန်းကို သီဟကုမ္ပဏီက တည်ဆောက်မည်ဖြစ်ပြီး မြေငှားရမ်းခအဖြစ် သျှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့သို့ တစ်နှစ်လျှင် ကျပ် ၁၇၉ သိန်းကျော်နှင့် ရန်ပုံငွေ ကျပ်သိန်း ၁ သောင်း ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်ရပ်နားစခန်းကို ၇ ထပ် တည်ဆောက်သွားမည်ဖြစ်ပြီး မြေညီထပ် ၂ ထပ်မှ ရရှိသည့် ယာဉ်ရပ်နားခများကို ကုမ္ပဏီဘက်မှ အပြည့်အဝ ရယူမည်ဖြစ်သည်။ ကျန် ၅ ထပ်မှ ရရှိသည့်ဝင်ငွေကိုမူ ကုမ္ပဏီက ၉၀ ရာခိုင်နှုန်းနှင့် စည်ပင်သာယာရေးအဖွဲ့က ၁၀ ရာခိုင်နှုန်း ခွဲဝေရယူသွားမည်ဟု သိရသည်။

သီဟကုမ္ပဏီပိုင်ရှင်မှာ တောင်ကြီးမြို့နေ ဇော်လင်းအောင်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“ကျနော်တို့ မီးပုံးပျံပွဲ၊ သီတင်းကျွတ်လို အချိန်တွေမှာ ညဘက်ဆို ဒီဈေးမှာပဲ ဝင်စားလေ့ရှိကြတာ။ အမှတ်တရတွေအများကြီးရှိတယ်။ အခု နေရာပြောင်းလိုက်တော့ နေရာကျဉ်းသလို နာရီစင်ကိုလည်း မမြင်ရတော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီး Ocean ရှေ့ ညဈေးတန်းသည် ယခင်က လူငယ်များနှင့် လူလတ်ပိုင်းများအတွက် အဓိက ဆုံစည်းရာ နေရာတစ်ခုအဖြစ် တည်ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News