နောင်ချို စိန်ရတနာ ပရိယတ္တိ စာသင်တိုက် တိုက်ခိုက်ခံရခြင်းသည် စစ်ကောင်စီ သတင်းပေးလက်ချက်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းသည် ဖုန်းလိုင်း ခေတ္တပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီထံ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

ယမန်နေ့ (မတ်လ ၁၆ ရက်) ညနေပိုင်းတွင် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကိုရင်(၈)ပါး၊ ဦးပဉ္ဇင်းတစ်ပါး၊ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၂) ဦး၊ စုစုပေါင်း (၁၄) ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ ထိခိုက်ဒဏ်ရာ ရရှိထားသည့် ကိုရင်နှင့် ပြည်သူ (၁၅) ဦးထဲမှ ဒဏ်ရာပြင်းထန်သည့် ကိုရင် (၁) ပါး ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းတွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း နောင်ချိုဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆုံးတာက ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်တဲ့လူနဲ့ ကိုရင်လေးတွေလို့ ပြောတယ်။ မြို့ထဲက အိမ်တွေမှာ ပြည်သူတွေ မနေရဲလို့ ဘုန်းကြီးကျောင်းမှာ လာနေကြတာ။ အဲ့တာကို စစ်တပ်ကလည်း သိတော့ ဘာမှမစဉ်းစားဘဲနဲ့ ဗုံးလာချသွားတယ်။ ဒီမနက် ဒဏ်ရာပြင်းတဲ့ ကိုရင်လေး နောက်တစ်ပါး ထပ်ဆုံးသွားတယ်”ဟု နောင်ချိုဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စိန်ရတနာ စာသင်တိုက်ရှိ သံဃာတော် (၁၃) ပါး နှင့် ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျောင်းဆောင်အများအပြား ဗုံးထိမှန် ပျက်စီးသွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှ ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

နောင်ချိုမြို့ပေါ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းသည် စစ်ကောင်စီဘက်မှ ဖုန်းလိုင်း ခေတ္တ ပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီသတင်းပေးသူ (ဒလန်)များကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများအကြား သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

“ဘုန်းကြီးကျောင်းမှာ ပလောင်စစ်သားတွေ အုပ်စုလိုက် ရေလာချိုးတာတို့ ရှိတယ်၊ အဲ့မှာတော့ မနေဘူး ပြောတယ်။ အခုက သတင်းပေးတဲ့လူ ရှိလို့ လာကြဲတာမျိုး ပြောနေကြတယ်။ နောင်ချိုမှာ ဖုန်းလိုင်းပြန်ဖွင့်ပေးပြီးရင် တခါတည်း ဗုံးကြဲခံရတာ။ အရင်တခေါက်ကလည်း နောင်ချိုနဲ့ ကျောက်မဲဘက်မှာ ဖုန်းလိုင်းပြန်ရတော့ မနက်ပိုင်းရရင် နေ့လယ်ဆို ဗုံးကြဲခံရတယ်”ဟု နောင်ချိုဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောကြားသည်။

ယခုနှစ်ဆန်းပိုင်း ၂၀၂၅ ဇန်နဝါရီလ အတွင်းကလည်း နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်မှ အပြင်းအထန် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှုများ ရှိခဲ့ပြီး ဒေသခံများ ထပ်မံထွက်ပြေးခဲ့ကြသည်။

ထို့အပြင် နောင်ချိုနှင့် ပြင်ဦးလွင်ကြား ဘန့်ဘွေးရွာအခြေစိုက် စစ်ကောင်စီတပ်မှ အုမ္မသီးလမ်းခွဲ ကျေးရွာများသို့ လှုပ်ရှားမှုအာရုံခံ အဆင့်မြင့် ဗုံးကြဲဒရုန်းများဖြင့် ခပ်စိပ်စိပ် တိုက်ခိုက်လျက်ရှိရာ တော်လှန်ရေးဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိပြီး ပြည်သူနေအိမ်များလည်း နေ့တိုင်းနီးပါး မီးလောင်ဖျက်စီးခံနေရကြောင်း ဒေသခံများက ပြောဆိုသည်။

“အခု မြို့ပေါ်မှာက ငွေကြေးမတတ်နိုင်လို့ ဘယ်ကိုမှ မရှောင်နိုင်တဲ့လူတွေပဲ ကျန်နေခဲ့တာ၊ မြို့အဝင်အထွက်ကလည်း နှစ်ဘက်စလုံးက ညှပ်ပြီး ပိတ်ထားတော့ စားနပ်ရိက္ခာတွေလည်း အခက်အခဲဖြစ်တယ်။ နောက်ပြီးတော့ ဆက်သွယ်ဖို့ကလည်း ခက်တယ်၊ ဖုန်းလိုင်း ဖွင့်ပေးပြန်ရင်လည်း ဗုံးလာချတာဆိုတော့ စိတ်ပူရတယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA မှ တိုက်တွန်းထားသည်။

TNLA နှင့် စစ်ကောင်စီတို့ကြား ဖေဖော်ဝါရီ လလယ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း နှစ်ဖက်အပြန်အလှန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ဆွေးနွေးညှိနှိုင်းရန် ခက်ခဲပြီး သဘောတူညီချက် မရရှိဘဲ ရပ်ဆိုင်းခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...