မိုးဗြဲတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီမှ နေအိမ်များကို မီးရှို့ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ အမျိူးသား ကာကွယ်ရေးတပ် ( KNDF) တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

မိုးဗြဲမြို့အတွင်း လှုပ်ရှားနေသည့် စစ်ရေးသည် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် ရှမ်းတောင်စစ်ဒေသ ဗျူဟာ (၁)တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ် ကတည်း က စစ်ရေးတွင် ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည်။

လက်ရှိ မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်မှ မီးလောင်ဗုံး၊ ဒရုန်း၊ လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေသောကြောင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးနေသည်ဟု ရှမ်းတောင်စစ်ဒေသ ဗျူဟာ(၁) မှ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးဗြဲမှာတော့ ရက်တိုင်းလိုလို တိုက်ပွဲ ကြီးငယ် ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ မီးကျည်တွေ အသုံးပြု တိုက်ခိုက်လို့ ပြည်သူလူထု နေအိမ်တွေ တစ်လုံးပြီး တစ်လုံးဆက်တိုက် မီးလောင်နေပါတယ်။ တိုက်ပွဲ ပြင်းတဲ့ ရက်တွေဆို ဖိုက်တာ လေယာဉ်တွေကို အသုံးပြုလာတိုက်ပါတယ်။ လောဆယ်ထိတော့ ပြည်သူတွေ ထိခိုက်မှု မရှိသေးပါဘူး။” ဟု ၎င်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ ကစကာ စစ်ကောင်စီ သည် မိုးဗြဲမြို့ ကို သိမ်းပိုက်နိုင်ရန် အတွက် ကြိုးစားခဲ့ရာ ယနေ့အချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ထို့ကြောင့် မိုးဗြဲစစ်ဘေးရှောင်များသည် လက်ရှိ တိုက်ပွဲပြင်းထန်နေသော်လည်း ထပ်မံပြေးရန် စစ်ဘေးရှောင်ရန် နေရာမရှိသည့်အတွက် လေယာဉ်ပျံလာသည့်အချိန်တွင် ဗုံးခိုကျင်းသို့ သွားရောက်ပြီး ပြေးနေရကြော်ငး မိုးဗြဲစစ်ဘေးရှောင် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျမတို့ ပြန်စရာ ပြေးစရာလည်း မရှိတော့ဘူး။ တောထဲမှာပဲ အသက်ရှင်ဖို့ကြိုးစားရအုံးမယ်။ အဓိကတော့ လေယာဉ်လာရင် မြန်မြန်ပြေးပုန်းပြီး မသေအောင်နေ အဲ့လောက်ပဲ။” ဟု ၎င်းစစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

မိုးဗြဲမြို့ အနီးပတ်ဝန်းကျင်နှင့် ကျေးရွာအချို့တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ၂၀၂၃ ခုနစ် “၁၁၁၁”စစ်ဆင်ရေး နှင့် ၂၀၂၄ ခုနစ် ဒီဇင်ဘာတွင် ရောက်ရှိလာကြသည်။

လက်ရှိ ထိုစစ်ဘေးရှောင်များသည် တေတောင်ထဲတွင် နေထိုင်နေရပြီး စားနပ်ရိက္ခာနှင့် ရေသန့်များ ပြတ်လပ်မှုကြုံနေရသည်။

ပြီးခဲ့သည့် ၂၀၂၅ခုနစ် မတ် ၁၄ရက်တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်မှ (၁၅)ဦးသေဆုံးကာ ဒဏ်ရာအများပြားရရှိခဲ့ပြီး စစ်ကော

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...