ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်အချို့ စစ်ကောင်စီ ဖိအားကြောင့် စိုးရိမ်စိတ်ဖြင့် လွိုင်ကော်ပြန်ရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် လာရောက်ခိုလှုံနေသည့် ကရင်နီစစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ ဖိအားကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေကြရကြောင်း သိရသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် “၁၁.၁၁”စစ်ဆင်ရေးကြောင့် ညောင်ရွှေမြို့နယ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ၈ ထောင်ကျော်ရှိကြောင်း သိရသည်။

ထိုစစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီက ယခင်လ (ဖေဖော်ဝါရီ) တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ဘေးရှောင် တာဝန်ခံများကို ခေါ်တွေ့ဆုံခဲ့ပြီးနောက် ယခုလ (မတ်လ) တွင် စတင် နေရပ်ပြန်ကြခြင်း ဖြစ်သည်။

“အခုက ညောင်ရွှေမြို့ ဘုန်းကြီးကျောင်းမှာ နေတဲ့လူတွေ ဆက်မနေကြတော့ဘူး၊ ပြန်ခိုင်းတော့ ပြန်ကြပြီ။ အပြင်မှာ အခန်းငှားနေလည်း အဆင်မပြေဘူးလေ။ တိုက်ပွဲကလည်း ငြိမ်သေးတာ မဟုတ်တော့ စိုးရိမ်စိတ်နဲ့ ပြန်နေရတယ်”ဟု ညောင်ရွှေမြို့တွင် ကျန်ရစ်ခဲ့သည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေရောက်စစ်ရှောင်များ

အချို့ စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေရပ်ပြန်ရန် လမ်းစရိတ်မရှိသည့်အတွက် ညောင်ရွှေမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ဆက်လက်ခိုလှုံနေသေးကြောင်း ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

“သူတို့ဘယ်လောက်ပဲ ဖိအား‌ပေးပေး တချို့မတတ်နိုင်တဲ့ လူတွေက တောင့်ခံပြီး အဆင်ပြေသလို နေနေရမှာပဲ။ တချို့က အိမ်ငှားနေဖို့ ရှာကြတယ်။ ကြာရင်ဘယ်လို ဖြစ်မှာလဲ မပြောတက်ဘူး။ နေစရာမရှိလို့ ဒီဘက်ရှောင်လာပြီး နေနေကြရတာ။ တချို့ ဒီမောဆို့ ဘက်က လာနေတဲ့လူတွေဆို ပြန်ဖို့အိမ်မှ မရှိတော့တာ”ဟု ၎င်းက ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

စစ်ဘေးရှောင်အများစု နေရပ်ပြန်ကြသော်လည်း လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက် အချို့နှင့် မြို့အဝင် အထွက် နေရာအချို့တွင်‌ စစ်ကောင်စီမှ နေထိုင်ခွင့်မပြုသည့်အတွက် လွိုင်ကော်မြို့ ဘုန်းကြီးကျောင်း တွင် ဆက်လက် ခိုလှုံနေကြရပြီး ပြန်လည်ထူထောင်ရန်လည်း အခက်အခဲများ ရှိနိုင်ကြောင်း လွိုင်ကော်မြို့သို့ ပြန်ရောက်နေသည့် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“နေလို့မရတဲ့ နေရာက ဒီလွိုင်ကော်မြို့ အဝင်အထွက်နဲ့ တချို့ ရွာတွေပေါ့။ မိုင်းရှင်းလို့ မပြီးတာလည်း ဖြစ်နိုင်တယ်။ တိုက်ပွဲဖြစ်ခဲ့‌တဲ့ နေရာတွေမလို့လေ။ တချို့နေရာမှာ နေလို့မရသေးတော့ လွိုင်ကော်မြို့ထဲက ဘုန်းကြီး ကျောင်းမှာ သည်းထိုးပြီးဆက်နေနေတာပေါ့။ ပြန်လည်ထူထောင်ဖို့ အစကနေ ပြန်စရမှာပဲ၊ အကုန်ခိုးခံထားရတာလေ ”ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း စစ်ဘေးရှောင်များ ဆက်လက်ကျန်ရှိနေသေးပြီး၊ ထိုစစ်ဘေးရှောင်များအတွက် အလှူရှင်များလည်း မရှိတော့သဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝမ်းရေးကို ဖြေရှင်းရမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ညောင်ရွှေတွင် စစ်မှုထမ်းကြေး တစ်ဆကျော် တိုးကောက်မှုကြောင့် လူထုအခက်ကြုံ

0
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက် တစ်ဆကျော် တိုးမြှင့် ကောက်ခံနေသောကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး နည်းလမ်းအမျိုးမျိုးဖြင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...