စစ်ကောင်စီ
တာချီလိတ်မြို့ ဓာတ်ဆီသူခိုးရှိလာ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ယနေ့ (ဩဂုတ် ၂၂) ရက် နံနက် ၃ နာရီခွဲဝန်းကျင်တွင် ကုန်စုံဆိုင်တစ်ခု၌ ဓာတ်ဆီခိုးခံရကြောင်း စုံစမ်းသိရသည်။ “ကျမ တို့ ဝန်းထဲကိုဝင်လာတာ (၅) မိနစ်ပဲကြာတယ်။ တစ်ယောက်ထဲလာတာ။ ခြံဝန်းကိုသော့ခတ်ထားတယ်။ သူခုန်လာပြီးတော့ ဓာတ်ဆီပုံးတစ်ပုံးလာခိုးသွားတာ။ ကျမအသံကြားလို့ ထကြည့်လိုက်တော့...
တောင်ကြီးမြို့ပေါ်ရှိ ကားဂိတ်များ အေးသာယာပြောင်းရွေ့ခိုင်း
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ကားဂိတ်များကို အေးသာယာမြို့ ကားလေးကွင်းဂိတ်သို့ သြဂုတ် ၂၈ ရက် နောက်ဆုံးထားပြောင်းရွေ့ရမည်ဟု အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် က ညွှန်ကြားလိုက်ကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ပေါ်ရှိ လိုင်းကားများကို အေးသာယာမြို့ ကားလေးကွင်းမှာ လက်ရှိ ဆောက်လုပ်ပြီးသော ဆိုင်ခန်းသစ်သို့ သြဂုတ် ၂၈ ရက်နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု...
လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆေး ပိုက်ဆံတောင်းမှုပြုလုပ်နေ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ကားလမ်းမကြီးတစ်လျောက် ရှောင်တခင် စစ်ဆေးပြုလုပ်ပြီး ပြည်သူများထံ ပိုက်ဆံတောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခုလ ဒုတိယပတ်အတွင်း ကျေးသီး နှင့် မိုင်းနောင်ကြား ကားလမ်းမ ဘေးတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလာသည့် မော်တော်ယာဥ်များကို တားမြစ်စစ်ဆေးပြီး ပိုက်ဆံတောင်းမှု...
ပုံးအင်း စပါးလယ်ယာ ဧက ၂ သောင်း ဝန်းကျင် ရေလွှမ်းမိုးခံရ
သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် စပါးခင်း လယ်ယာဧကပေါင်း ၂ သောင်း ဝန်းကျင်သည် ရေနစ်မြှုပ်သွားကြောင်း ပုံးအင်းမြေစာရင်း ပြုစုသူထံမှ စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသအတွင်း လယ်ဧကပေါင်း ၃ သောင်းကျော်ရှိရာ ၂ သောင်းကျော် ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။ ထို ရေနစ်မြှုပ်ခံရသော ပုံးအင်းဒေသမှ စပါးများသည် တောင်ကြီးမြို့နယ် ဟိုပုံးမြို့နယ်...
တာချီလိတ်မြို့ လင်မယား (၂) ဦး ရန်ဖြစ်ရာ အမျိုးသမီး သေဆုံး
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် လင်မယား (၂) ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူ က ၎င်း၏ အမျိုးသမီးကို ရိုက်နက်ကာ သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ် ၁၈ ရက် ည (၁၀) နာရီခွဲ...
ကျိုင်းတုံမြို့နယ် ရေဘေးကြုံပြည်သူ အခက်အခဲ ရှိနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် ရေဘေးကြုံနေရသည့်ပြည်သူများ အခက်အခဲရှိနေကြောင်း သတင်းသိရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှု နောက်ဆက်တွဲမှုကြောင့် ကိုဗစ်ကာလအလွန် နိုင်ငံရေးရိုက်ခတ်မှု နှင့် စီးပွားရေးအကြပ်အတည်းများဖြစ်လာပြီး ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြေခံလူတန်းစားများ အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းသိရှိရသည်။ “ကျနော်တို့မြို့ (ကျိုင်းတုံ) က တခြားမြို့နဲ့ ယှဥ်လိုက်ရင်လည်း...
ကျောက်မဲမြို့နယ် တိုက်ပွဲမရှိသော်လည်း စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲမရှိသော်လည်း စစ်ရှောင် (၁၈၅) ဦးကျော်က နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ တစ်နှစ်နီးပါး စစ်ဘေးရှောင်လာသည့် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာဒေသခံများသည် ဒေသတွင်း တိုက်ပွဲမရှိသော်လည်း မြေမြှုပ်မိုင်းနှင့် မြောက်ပိုင်းမဟာမိတ် TNLA နှင့် SSPP တို့က ဝင်ရောက်လှုပ်ရှားလာသဖြင့် ပြည်သူများ လုံခြုံမှုမရှိသောကြောင့် နေရပ်...
ရွာငံမြို့နယ် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်းတွေ့ရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တဲလုကျေးရွာ အနီးတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်း တွေ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၇) ရက် ညနေပိုင်းတွင် တဲ့လုကျေးရွာ နှင့် တောင်ဦးကျေးရွာကြားမှ တောစပ် တစ်နေရာတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၃...
စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်သွားကူရန် ခက်ခဲနေ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်းရှိ စစ်ရှောင်များထံ ပစ္စည်းသွားရောက်လှူဒါန်းရန် အတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိကာလမှာ ကုန်စျေးနှုန်း နှင့် စက်သုံးဆီ မြင့်တက်လာမှုကြောင့် မိုးဗြဲစစ်ရှောင် ဦးရေ (၁၀၀၀) ထက်မနည်းထံ ပစ္စည်းသွားရောက်လှူဒါန်းရန် ခက်ခဲနေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောဆိုလိုက်သည်။ စစ်ရှောင်စခန်းသည် တောတောင်ထဲတွင် ရှိနေပြီး စစ်ရှောင်များလိုအပ်သော...
တာချီလိတ်မြို့ ရေကျသွားသော်လည်း ရွှံ့နုန်း များ ရှင်းလင်းနေရဆဲ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၂) နှစ်ဆက်တိုက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၄ ရက်နေ့တွင် ရေများကျသွားပြီဖြစ်သော်လည်း ရွှံ့နုန်းများကို ယနေ့အချိန်ထိ ရှင်းလင်းနေရကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် နှင့် တာလော့ဈေးတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရွံ့ ၊ နုန်း များသည် ဒူးထိရှိကာ...





