တာချီလိတ်မြို့ ဓာတ်ဆီသူခိုးရှိလာ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ယနေ့ (ဩဂုတ် ၂၂) ရက် နံနက် ၃ နာရီခွဲဝန်းကျင်တွင် ကုန်စုံဆိုင်တစ်ခု၌ ဓာတ်ဆီခိုးခံရကြောင်း စုံစမ်းသိရသည်။

“ကျမ တို့ ဝန်းထဲကိုဝင်လာတာ (၅) မိနစ်ပဲကြာတယ်။ တစ်ယောက်ထဲလာတာ။ ခြံဝန်းကိုသော့ခတ်ထားတယ်။ သူခုန်လာပြီးတော့ ဓာတ်ဆီပုံးတစ်ပုံးလာခိုးသွားတာ။ ကျမအသံကြားလို့ ထကြည့်လိုက်တော့ မိသွားတာ” ဟု ကုန်စုံဆိုင်ရှင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသူခိုးသည် အိမ်နီးချင်း ဖြစ်ပြီး၊ ၎င်းအမျိုးသမီးသည် အစိုးရဝန်ထမ်းလုပ်ကိုင်နေသူဖြစ်ကြောင်း ကုန်စုံဆိုင်ရှင် အမျိုးသမီးက ပြောသည်။

ဓာတ်ဆီ လာရောက်ခိုးသူ

“ အဲ့သူခိုးရဲ့ မိန်းမ က အစိုးရဝန်ထမ်းဖြစ်တယ်။ သူ့ညီလေးက ပြည်သူ့စစ်ထဲကတဲ့။ သူတို့က ကျမတို့ အိမ်နဲ့ အရမ်း မဝေးဘူး။ သူက အရမ်းတောင်းပန်တယ်လေ။ ပြီးတော့ ဓာတ်ဆီလည်းပြန်ရတော့ ကျမတို့ဘက်က အရေးယူတာတော့ မရှိဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုပဲ အပ်လိုက်တယ်” ဟု ၎င်း ဆိုင်ရှင်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း ဓာတ်ဆီဈေး၊ ကုန်စျေးနှုန်းမြင့်တက်နေချိန်တွင် သျှမ်းပြည်အတွင်း သူခိုးများပြားလာပြီး လုံခြုံမှုမရှိကြောင်း ပြည်သူများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ စိတ်ပူတာပေါ့။ လုံခြုံမှုလည်းမရှိဘူး။ ကိုယ့်ကိုယ်ပဲ လုံခြုံရေးတွေယူနေရတယ်။ သူခိုးတွေရှိလာလည်း ရဲကိုသွားတိုင်တော့ မဖမ်းပေးနိုင်ဘူး။ ဖမ်းတော့လည်း ကြာရင် ပြန်လွှတ်ပေးတာပဲ။ လုံခြုံရေးပေးထားတယ်ဆိုတာ နာမည်ပဲရှိတော့တယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းလာပြီး ၁ နှစ်ကျော်ကာလအတွင်း သျှမ်းပြည်အတွင်းတွင် သူခိုး၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ လောင်းကစားများ ယခင်ထက်ပိုများပြားလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...