တိုင်းရင်းသားအဖွဲ့အစည်းတချို့ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ကိစ္စရပ် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့အစည်းတချို့နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။

LDU နှင့် စစ်ကောင်စီ တွေ့ဆုံ

ယနေ့ (သြဂုတ် ၂၂) ရက်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံသည့်အဖွဲ့များမှာ ကျာဆော်လမွန် ဦးဆောင်သော လားဟူဒီမိုကရက်တစ်ပါတီ (LDU)၊ ဥက္ကဌခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ဒုတိယ ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့တို့ ဖြစ်သည်။

ယခု တွေ့ဆုံမှုသည် ဒုတိယအကြမ် တွေ့ဆုံမှုဖြစ်ပြီး ယနေ့ သြဂုတ် ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ငါးရက်တိုင် ငြိမ်းချမ်းရေးကိစ္စရပ်များ၊ ၂၀၀၈ အခြေခံဥပဒေ အခန်း(၁) နှင့် (၂)၊ ပြည်ထောင်စု ဆွေးနွေးမှု အပိုင်း (၁) (၂) (၃)၊ JICM ဆုံးဖြတ်ချက်များနှင့် ပြီးခဲ့သည့်တွေ့ဆုံမှုများ မပြီးသေးသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အခြေခံသဘောတူညီချက်ရရှိရေးအတွက် ကြိုးစားနေမှုကြောင့် ဒီမိုကရေစီ အုပ်ချုပ်ရေး နှင့် ဖက်ဒရယ်အာဏာကို ရည်မှန်းပြီး ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေသည့် အတွက် ငြိမ်းချမ်းရေး မရနိုင်စရာမရှိကြောင်းလည်း အာဏာသိမ်း ခေါင်းဆောင်က သြဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန် ပြောဆိုထားသည်။

စစ်ကောင်စီနှင့် APL တွေ့ဆုံ

စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံသည့် ကျာဆော်လမွန် ဦးဆောင်သောအဖွဲ့သည် LDU၏ အမည်နာမအား အသုံးပြုပြီး စစ်ကောင်စီမှ ခေါ်ယူကျင်းပသော ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခြင်းသည် တရားမဝင်ကြောင်း လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

ဥက္ကဌ ကိုယ်တိုင် ဦးဆောင်ပြီး ဆွေးနွေးပွဲတက်ရောက်သည့် PNLO အနေဖြင့် ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ပြည်နယ်များမှ ပြည်နယ် ဖွဲ့စည်းပုံ ဥပဒေရေးဆွဲပြဌာန်းကျင့်သုံးနိုင်ခွင့် ထားရှိရေးနဲ့ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူကို ပြဌာန်းထားရှိရေး စသည့် အချက်လေးချက်ဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အုပ်စုလိုက်တွေ့ဆုံဆွေးနွေးမည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားရာ LDU ၊ PNLO ၊ ALP တို့မှ အုပ်စုတစ်ခု၊ SSPP/SSA၊ UWSA၊ NDAA တို့မှ တစ်အုပ်စု နှင့် RCSS/SSA အဖွဲ့သည် သီးသန့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နီးစပ် သူထံမှ သိရသည်။

ပြီးခဲ့သည့် စစ်ကောစ်စီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA-မိုင်းလား အဖွဲ့)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...