Wednesday, January 28, 2026

တိုင်းရင်းသားအဖွဲ့အစည်းတချို့ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ကိစ္စရပ် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့အစည်းတချို့နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။

LDU နှင့် စစ်ကောင်စီ တွေ့ဆုံ

ယနေ့ (သြဂုတ် ၂၂) ရက်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံသည့်အဖွဲ့များမှာ ကျာဆော်လမွန် ဦးဆောင်သော လားဟူဒီမိုကရက်တစ်ပါတီ (LDU)၊ ဥက္ကဌခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ဒုတိယ ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့တို့ ဖြစ်သည်။

ယခု တွေ့ဆုံမှုသည် ဒုတိယအကြမ် တွေ့ဆုံမှုဖြစ်ပြီး ယနေ့ သြဂုတ် ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ငါးရက်တိုင် ငြိမ်းချမ်းရေးကိစ္စရပ်များ၊ ၂၀၀၈ အခြေခံဥပဒေ အခန်း(၁) နှင့် (၂)၊ ပြည်ထောင်စု ဆွေးနွေးမှု အပိုင်း (၁) (၂) (၃)၊ JICM ဆုံးဖြတ်ချက်များနှင့် ပြီးခဲ့သည့်တွေ့ဆုံမှုများ မပြီးသေးသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အခြေခံသဘောတူညီချက်ရရှိရေးအတွက် ကြိုးစားနေမှုကြောင့် ဒီမိုကရေစီ အုပ်ချုပ်ရေး နှင့် ဖက်ဒရယ်အာဏာကို ရည်မှန်းပြီး ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေသည့် အတွက် ငြိမ်းချမ်းရေး မရနိုင်စရာမရှိကြောင်းလည်း အာဏာသိမ်း ခေါင်းဆောင်က သြဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန် ပြောဆိုထားသည်။

စစ်ကောင်စီနှင့် APL တွေ့ဆုံ

စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံသည့် ကျာဆော်လမွန် ဦးဆောင်သောအဖွဲ့သည် LDU၏ အမည်နာမအား အသုံးပြုပြီး စစ်ကောင်စီမှ ခေါ်ယူကျင်းပသော ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခြင်းသည် တရားမဝင်ကြောင်း လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

ဥက္ကဌ ကိုယ်တိုင် ဦးဆောင်ပြီး ဆွေးနွေးပွဲတက်ရောက်သည့် PNLO အနေဖြင့် ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ပြည်နယ်များမှ ပြည်နယ် ဖွဲ့စည်းပုံ ဥပဒေရေးဆွဲပြဌာန်းကျင့်သုံးနိုင်ခွင့် ထားရှိရေးနဲ့ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်မူကို ပြဌာန်းထားရှိရေး စသည့် အချက်လေးချက်ဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အုပ်စုလိုက်တွေ့ဆုံဆွေးနွေးမည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားရာ LDU ၊ PNLO ၊ ALP တို့မှ အုပ်စုတစ်ခု၊ SSPP/SSA၊ UWSA၊ NDAA တို့မှ တစ်အုပ်စု နှင့် RCSS/SSA အဖွဲ့သည် သီးသန့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နီးစပ် သူထံမှ သိရသည်။

ပြီးခဲ့သည့် စစ်ကောစ်စီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA-မိုင်းလား အဖွဲ့)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...