ယာဉ်လိုင်စင် အတုပွားခံရခြင်းနှင့် QR ကုဒ် ပြဿနာစိန်ခေါ်မှု

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် လောင်စာဆီ ပြဿနာအရေး မြင့်တက်လာပြီး စစ်ကော်မရှင်က စုံ၊မ ရက် မောင်းနှင်ရန် သတ်မှတ်လိုက်ပြီး မောင်းနှင်ရန်နှင့် စက်သုံးဆီဝယ်ယူရန် QR ကုဒ် Scan စနစ်ပါ သတ်မှတ်လိုက်သည်။

ယာဉ်လိုင်စင်ရှိထားသည့် မော်တော်ယာဉ်များအားလုံး သက်ဆိုင်ရာ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဉီးစီးဌာနသို့ သွားရောက်ပြီး QR ကုဒ်စနစ် ထည့်ရန် မတ် ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယာဉ်လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို စက်သုံးဆီ ထည့်ပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်လာပြီးနောက် လက်ရှိမှာ ယာဉ်လိုင်စင် အတုပွားခြင်းဖြစ်လာပြီး QRကုဒ်ကိုပါ အတုပြုလုပ်လာကြောင်း တောင်ကြီးမြို့ ကိုယ်တိုင်ကြုံရသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုက QR ကုဒ်မရှိရင် ဆီထည့်လို့မရဘူး။ QRကုဒ်ကလည်း လိုင်စင်ရှိယာဉ်တွေပဲရတာ။ ဒါကို အခု လိုင်စင်အတုပွားပြီး QR တွေပါလုပ်နေတာ။ ကျနော် လိုင်စင်က တောင်ကြီး၊ ဒါပေမယ့် ပွားတဲ့သူက ရန်ကုန်ဘက်က ကျနော် ဆီထည့်ဖို့ ကျနော်ရဲ့ QRကို Scan ဖတ်တော့ပေါ်လာတာပဲ” ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့ကြောင့် QRကုဒ် အတုပွားထားသည့် ကိစ္စနှင့်ပတ်သက်ပြီး တိုင်းကြားရန်ခက်ခဲနေသည့်အပြင် လက်ရှိတွင် စက်သုံးဆီရရှိရန်အတွက် အလွန်ပင်ခက်ခဲနေကြောင်းလည်း ၎င်းကပြောသည်။

“ ကျနော် ဆိုရင် ဆီရဖို့ အချိန် နေ့ဝက်လောက်ပေးရတယ်။ကိုယ်အလှည့်ကျတော့ ဆီက ရန်ကုန်မှာ ဖြည့်ထားပြီးပြီဆိုပြီး ပြန်လှည့်ရတယ်။ အဲ့လိုပွားတာတော့ အဆင်မပြေဘူး။ ဘယ်သူ့ကို တိုင်ကြားရမှန်းလည်း မသိတော့ဘူး” ဟု အထက်ပါ အမျိုးသားက ထပ်လောင်းပြောသည်။

ထိုမော်တော်ယာဉ်လိုင်စင်အတုပွားခြင်းသည် သျှမ်းသံတော်ဆင့် ဆက်သွယ်စုံစမ်းရာတွင် အနည်းဆုံး ၂၀ နီးပါး ရှိကြောင်း၊ အများစုသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့ဘက်မှ မော်တော်ယာဉ်များဖြစ်ကြောင်း သိရသည်။


စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စက်သုံးဆီချွေတာရေး ယာဉ်များ စုံ၊မ နေ့အလိုက် မောင်းနှင်းရပြီး၊ စက်သုံးဆီ တန်းစီရာတွင်လည်း စုံ၊မ ရက်အလိုက် သွားရောက်တန်းစီရသဖြင့် ယာဉ်လိုင်စင် အတုပွားခံရလျှင် အချိန်အလကား ကုန်ဆုံးသည့်အပြင် စက်သုံးဆီလည်း မရရှိကြောင်း တောင်ကြီးမြို့ အနီး ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

“ ဆိုင်ကယ်ဆီဖြည့်ဖို့အတွက် ကိုယ့်အလှည့် ဆီမထည့်ရသေးဘူး။ scan ဖတ်တော့ ဆီက ဖြည့်ပြီးသားတဲ့ အချိန်တွေကုန် လူပင်ပန်းပြီး တန်းစီထားတာ အဲဒီလို့ ပွားစီးခံရတော့ ဒုက္ခရောက်တာပေါ့၊ ဘယ်သူဘယ်ဝါမှန်းမသိတော့ အရေးယူဖို့ကလည်း ခက်မယ်ထင်တယ်၊ ဖြစ်နိုင်ရင် ဥပဒေအရ ထိထိရောက် ရောက် အရေးယူပေးစေချင်တယ်။”ဟု ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကော်မရှင်သတ်မှတ်ထားသည့် QRကုဒ်ဖြင့် scan ဖတ်၍ ဆီဖြည့်ရသည့်ထဲတွင် လိုင်စင်မဲ့ယာဉ်များ မပါဝင်ဘဲ လိုင်စင်မဲ့ယာဉ်များသည် ရပ်ကွက်ဆိုင်များတွင် တစ်လီတာ ငွေကျပ် တစ်သောင်းပေး၍ ဆီဖြည့်နေကြရသည်ဟု သိရသည်။

“တန်းစီလို့မှ မရတာ ရတဲ့ ဈေးနဲ့ ဝယ်ထည့်ရတာပေါ့၊ လိုင်းပေါ်မှာ ဈေးတင်ရောင်းတဲ့ ဆီတွေ မဝယ်ထည့်မိစေနဲ့ ရေနဲ့ ရောထားတာ၊ခေတ်ပျက်စီးပွားရေး လုပ်စားတာပေါ့၊ သူတို့က ဒုက္ခရောက်သူ အချင်းချင်း နင်းကြတာပဲ၊ ဒီခေတ်ကာလနဲ့ အသက်ရှင်နေသေးတာပဲ ကျေးဇူးတင်ရမလိုလိုနဲ့။”ဟု တောင်ကြီးမြို့က ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိတောင်ကြီးမြို့တွင် ယာဉ်ထိန်းရဲ နှင့် ရဲများက ယာဉ်များကို စုံ၊မ စစ်ဆေးကာ အရေးယူနေသည့်အပြင် လိုင်စင်မဲ့ယာဉ်များကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း အပါအဝင် ဝါးပြားလမ်းဆုံနှင့် ဧရာဝတီလမ်းခွဲဘက်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များက အုပ်စုလိုက် စောင့်ဆိုင်းကာ စုံ-မ ရက်အလိုက် စုံ-မ ဂဏန်းဖြင့် ယာဉ်အသွားအလာ စစ်ဆေးကာ လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကိုပါ ဖမ်းဆီး သိမ်းဆည်းသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

0
သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​ အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...