ဆီဆိုင်မြို့နယ် အတွင်း ပြောင်းအိတ် မကြာခဏ အခိုးခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုတွင် ယခုရာသီ ပြောင်းထွက်ချိန်မှာ မကြာခဏ ပြောင်းများ ခိုးခံနေရကြောင်း စုံစမ်းသိရှိရသည်။

ပြောင်း

ဘန်းယဉ်ကျေးရွာအုပ်စု နောင်ခွန်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ပြောင်းအိတ် (၄)အိတ် ကျပ်ငွေတန်ဖိုး (၇၀,၀၀၀)ကျော် ခိုးခံရပြီး၊ လွန်ခဲ့သည့် လပိုင်းတွင်လည်း ဟိုတင့်ကျေးရွာရှိ ပြောင်းအိတ်များလည်း အခိုးခံရကြောင်း ဘန်းယဉ် ပြောင်း စိုက်ပျိုးသူ အမျိုးသားတစ်ဦးထံမှ သိရသည်။

“ အခုတလော ပြောင်းတွေခဏခဏ ခိုးခံရတယ်။ တစ်နေရာပြီး တစ်နေရာ ကွက်ပြီးခိုးတာ။ လွန်ခဲ့တဲ့ ၄ ရက်လောက်က ကျနော်ပြောင်းတွေ ခိုးခံရတယ်။ အခု ခိုးသွားတဲ့ ပြောင်းတွေလည်း အကောင်းတွေကို ရွေးပြီးခိုးသွားတာ။ ခြံထဲမှာ ဝင်ပြီးခိုးတာဗျ။ စာလာအိတ် (၂၅) ပိသာဆန့်တဲ့အိတ်ကြီးနဲ့ လာခိုးတာ။ (၄) အိတ်လောက်တော့ ပါသွားတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ယခုစိုက်ပျိုးထားသော ပြောင်းအမျိုးအစားသည် (C.P) ပြောင်းမျိုးဖြစ်ပြီး လက်ရှိပြောင်း၏ ဈေးကွက်မှာ တစ်ပိသာလျှင် (၇၀၀) ကျပ်သာရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။

လက်ရှိကာလတွင် စားဝတ်နေရေး ကြပ်တည်းနေချိန်ဖြစ်ပြီး သူခိုးများက ကြံရာမရှိ ဈေးတွင်းရှိ ဆိုင်ကယ်များ ခိုးယူသည့် အပြင် ခြံထဲရှိပြောင်းများလည်း ခိုးယူနေသဖြင့် လက်ရှိကာလတွင် စပါးဈေးနှုန်းများ ရှိလာရင်လည်း စပါးများပါ ခိုးယူမည့် အလားလာ ရှိနေကြောင်းလည်း ဆီဆိုင်ဒေသခံတစ်ဦးက ပြောသည်။

“ ဘန်းယဉ်ဈေး နဲ့ နောင်မွန်ဈေးမှာလည်း ဆိုင်ကယ်တွေ တစ်ပတ်တစ်စီးလောက် ပျောက်တယ်။ အခုတော့ အခိုးခံရတာ သိပ်မကြားမိတော့ဘူး။ ဈေးနှုန်းတွေ ရှိလာရင် သူခိုးတွေက လိုက်ခိုးတော့တာပဲ။ နောက်ဆိုစပါးဈေးနှုန်း ရှိလာရင်လည်း လိုက်ခိုးမဲ့အလားလာ ရှိနေတယ် “ ဟု ၎င်းကဆိုသည်။

ထို့အပြင် စစ်ကောင်စီ အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားလာခဲ့ပြီးနောက် သူခိုး၊ ဓားပြများလည်း ပေါများလာခြင်း၊ ပြည်သူများအတွက် လုံခြုံရေး မရှိခြင်း၊ အိမ်တွင်းဖောက်ခံရခြင်းများ မကြာခဏ ကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...